အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ ဒီဇင်ဘာ ၂၀၂၁

၂၀:၀၈:၀၅
1206307

အန်ဆွာရွလ္လာဟ် ၏ ဒုံးကျည်များ ရေယာဇ် ရောက်ရှိ / ယဟ်ယာ စရီးအ် : ဆော်ဒီ ပိုင်နက်အတွင်း အကြီးစား စစ်ဆင်ရေး များ လုပ်ဆောင်ခဲ့ပါတယ်

ယီမင် လက်နက်ကိုင်တပ်ဖွဲ့ များ၏ ပြောရေးဆိုခွင့် ရှိသူ ယဟ်ယာစရီးအ် မှ ဆော်ဒီ အာရေဗျ တွင် ကြီးမား သည့် ထိုးစစ် အား နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်ခဲ့ကြောင်း ပြောကြာခဲ့ပါတယ်။


ဆော်ဒီ မီဒီယာ များ မှ အန်ဆွာရွလ္လာဟ် မှ ရေယာဇ် သို့ ပစ်လွတ် လိုက်သည့် ပဲ့ထိန်းဒုံးကျည် အား ကြားဖြတ်ပြီး ပစ်ချခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဆော်ဒီ ညွန့်ပေါင်း အဖွဲ့ မှ မိမိတို့၏ ရှုံးနိမ် မှု ကို လက်ခံပြီး အန်ဆွာရွလ္လာဟ် ၏ တိုက်ခိုက်မှု အား ပြင်းပြင်း ထန်ထန် လက်စားပြန်ချေမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ယီမင် စစ်တပ် ၏ ပြောရေးဆိုခွင့် ရှိသူ ယဟ်ယာ စရီးအ် မှ ဆော်ဒီ ပိုင်နက် အတွင်း ကြီးမား သည့် ထိုးစစ် ကို တနင်္လာနေ့ည တွင် ဆင်ခဲ့ကြောင်း ကြေညာပြောဆို ခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး အဆိုပါ စစ်ဆင်ရေးသည် ယီမင် နိုင်ငံ အပေါ် ပြုလုပ်ခဲ့ကြသည့် ဆော်ဒီ ၊ အမေရိကန် ညွန့်ပေါင်း အဖွဲ့ တို့၏ ရာဇဝတ်မှုများ ကို တုံ့ပြန် သည့် လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

ယဟ်ယာစရီးအ် မှ ဆက်လက်ပြီး ဤစစ်ဆင်ရေး တွင် ဆော်ဒီ ၏ ဆော်ဒီ ၏ မြို့တော် ရေယာဇ် မြို့ ၊ ဂျစ်ဒါဟ် မြို့ ၊ အလ်သွာအေဖ် မြို့ ၊ ဂျိမ်းရန်းန် မြို့ ၊ နဂ်ျရာန် မြို့ အဆီးရ် မြို့ များအား ဒုံးကျည်များ ၊ ဒရုန်း များ နှင့် ပစ်မှတ် ထားပစ်ခဲ့ကြောင်း ပြောဆိုခဲ့ ကြောင်းပြောဆိုခဲ့ပါတယ်။

ဤစစ်ဆင်ရေး တွင် ပဲ့ထိန်းဒုံကျည် အများ အပြား နှင့် တာဝေးပစ် မောင်းသူမဲ့ လေယာဉ် ၂၅ စင်းကို အသုံးပြုခဲ့ကြောင်း ယဟ်ယာ စရီးအ် မှ ပြောကြားခဲ့ပါတယ်။

အလ်မယာဒီးန် သတင်းဌာန ၏ အစီရင်ခံ စာအရ ရေယာဇ် မြို့အား တိုက်ခိုက်သည့် စစ်ဆင်ရေး သည် အား ဒုံးကျည် နှင့် ဒရုန်း အများ အပြား သုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

သတင်းအထောက်အထားများ အရ ဆော်ဒီ ပိုင်နက်အတွင်း ကျယ်ကျယ် ပြန့်ပြန့် ယီမင် ဒုံးကျည်များ ၊ ဒရုန်းများ၏ တိုက်ခိုက် မှုများ မှာ ဆက်လက် ဖြစ်ပွား နေပြီး ရေယာဇ် မြို့ တွင် ပေါက်ကွဲသံများ ကြားနေရကြောင်း သိရှိရပါတယ်။

ယီမင် အမျိုးသားကယ်တင်ရေး အစိုးရ ၏ အမျိုး ညှိ နှိုင်းရေး အဖွဲ့ ၏ အဖွဲ့ ဝင် အဗ်ဒိုလ်မလာစ် အလ်ဟဂျရီ မှ ဤစစ်ဆင်ရေးသည် ဆော်ဒီ ညွန့်ပေါင်း အဖွဲ့ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက် မှုများ ကိုတုံ့ပြန် ခြင်း ဖြစ်ကြောင်း နှင့် ဆော်ဒီ နှင့် ပူးပေါင်း၍ ယီမင်နိုင်ငံ ကို ကျူးကျော် တိုက်ခိုက် နေသည့် နိုင်ငံများ မှလည်း ဤ စစ်ဆင်ရေးကို ခံရမည် ဖြစ်ကြောင်း ပြေကြားခဲ့ပါတယ်။

 

****************************************************************

END / 251