အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၁၁ ဒီဇင်ဘာ ၂၀၂၁

၁၉:၀၅:၁၉
1207544

မက္ကဆီကို တွင် ယာဉ်မတော်တဆမှုဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား ၅၄ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းဒေသမှာ ယာဉ်မတော်တဆမှုအတွင်း ရွှေ့ပြောင်းအလုပ်သမား ၅၄ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။




မက္ကဆီကိုနိုင်ငံ တောင်ပိုင်းဒေသမှာ ယာဉ်မတော်တဆမှုအတွင်း ရွှေ့ပြောင်းအလုပ်သမား ၅၄ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မတော်တဆမှုအတွင်း နောက်ထပ် လူ ၅၈ ယောက်လည်း ဒဏ်ရာရခဲ့ကြပြီး အနီးဆုံး ဆေးရုံကို ပို့ထားရပြီး သူတို့ထဲက ၃ ယောက်ရဲ့ ဒဏ်ရာက စိုးရိမ်ရတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

တချို့က ဟွန်ဒူရပ်နိုင်ငံက ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့က အရာရှိတစ်ယောက်က ပြောပါတယ်။

ဒါဟာ မက္ကဆီကိုနိုင်ငံမှာ ဒီနှစ်တွေအတွင်း အဆိုးရွားဆုံး မတော်တဆမှုဖြစ်တယ်လို့လည်း ပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ထားတဲ့ နောက်တွဲပါတဲ့ယာဉ်ဟာ အန္တရာယ်များတဲ့ ကွေ့တခုအရောက်မှာ အရှိန်ကို မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်းတပုဒ်မှာတော့ အဝေးပြေးလမ်းမပေါ်မှာ ကားမတော်တဆဖြစ်နေပုံ၊ ဆေးအဖွဲ့က ဒဏ်ရာရသူကို ကယ်ဆယ်နေပုံနဲ့ သေဆုံးအလောင်းတွေကို သယ်ယူနေပုံကို တွေ့ရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပဋိပက္ခဖြစ်နေတဲ့ အလယ်အမေရိကဒေသကနေ မက္ကဆီကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု ဝင်ရောက်နိုင်ဖို့ သက်စွန့်ဆံဖျား ကြိုးစားရင်း လူကုန်ကူးသူတွေ လက်ထဲမှာ အခုလို အဖြစ်မျိုးလည်း ကြုံရလေ့ရှိပါတယ်။

****************************************************************
END / 251