အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၃ ဒီဇင်ဘာ ၂၀၂၁

၁၇:၄၂:၂၉
1211690

ရာထူးမှ နုတ်ထွက်မည်ဟု ဆူဒန်ဝန်ကြီးချုပ် ပြော

ဆူဒန်ဝန်ကြီးချုပ် အဗ်ဒါလာ ဟမ်းဒေါ့ခ်ဟာ လာမယ့် နာရီပိုင်းအတွင်း ရာထူးက နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်လို့ အမျိုးသားနိုင်ငံရေးနဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့ ဟမ်းဒေါ့နဲ့ နီးကပ်တဲ့ သတင်းရင်းမြစ် ၂ ရပ်ကို ကိုးကားပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။



ဆူဒန်ဝန်ကြီးချုပ် အဗ်ဒါလာ ဟမ်းဒေါ့ခ်ဟာ လာမယ့် နာရီပိုင်းအတွင်း ရာထူးက နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်လို့ အမျိုးသားနိုင်ငံရေးနဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့ ဟမ်းဒေါ့နဲ့ နီးကပ်တဲ့ သတင်းရင်းမြစ် ၂ ရပ်ကို ကိုးကားပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဟမ်းဒေါ့ခ်ဟာ အောက်တိုဘာလက စစ်တပ်ရဲ့ အာဏာသိမ်းတာခံရအပြီး နိုဝင်ဘာ ၂၁ ရက်မှာ ဝန်ကြီးချုပ် နေရာကို ပြန်ခန့်အပ်ခံထားရတာပါ။

အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပါတီတွေကြား အသွင်ကူးပြောင်းရေး မဟာမိတ်ကဏ္ဍ အဆုံးသတ်ခဲ့ပါတယ်။

သဘောတူညီချက်ကို မူကြမ်းရေးရာမှာ နိုင်ငံရေးအင်အားစု အများအပြား ပါဝင်ခဲ့ပေမဲ့ ပါတီတွေနဲ့ သာမန်ပြည်သူတွေဆီက ဝေဖန်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်ခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေ က ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ထောင်သောင်းချီနေတဲ့ ပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကိုရော ဝန်ကြီးချုပ်ရာထူးကို ပြန်လက်ခံတဲ့ ဟမ်းဒေါ့ရဲ့ ဆုံးဖြတ်ချက်ကိုပါ ပယ်ချရင်း သမ္မတ နန်းတော်ဆီကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဟမ်းဒေါ့ကတော့ အသွင်ကူးပြောင်းရေးကာလအတွင်း ရသင့်တာတွေကို ထိန်းသိမ်းဖို့နဲ့ သွေးချောင်းစီးတာကို အဆုံးသတ်ဖို့ ရာထူးပြန် လက်ခံတာလို့ ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းလို့ လူ ၄၇ ဦး သေဆုံးခဲ့တာပါ။

အမျိုးသမီးနဲ့ မိန်းကလေး ၁၃ ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု အစီရင်ခံစာတွေ ရထားတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၂၁ ရက်က ပြောထားပါတယ်။

****************************************************************
END / 251