အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၇ ဇန်နဝါရီ ၂၀၂၂

၂၀:၂၉:၂၃
1216569

ကာဇက်စတန် အုံကြွမှုကိုနှိမ်နင်းရန် ရုရှားလေထီးတပ်များ ရောက်ရှိ၊ အကြမ်းဖက်မှုများ ထပ်ဖြစ်

ရုရှားအစိုးရရဲ့ အနီးကပ်ဆုံး ဆိုဗီယက် မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ကာဇက်စတန် နိုင်ငံအနှံ့မှာ လူထုအုံကြွမှုတွေကို နှိမ်နင်းဖို့ ရုရှားက လေထီးတပ်တွေ ညတွင်းချင်း ရောက်လာအပြီး ဇန်နဝါရီ ၆ ရက်က အကြမ်းဖက်မှုတွေ အသစ်ထပ်ဖြစ်ခဲ့ပါတယ်။



ရုရှားအစိုးရရဲ့ အနီးကပ်ဆုံး ဆိုဗီယက် မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ကာဇက်စတန် နိုင်ငံအနှံ့မှာ လူထုအုံကြွမှုတွေကို နှိမ်နင်းဖို့ ရုရှားက လေထီးတပ်တွေ ညတွင်းချင်း ရောက်လာအပြီး ဇန်နဝါရီ ၆ ရက်က အကြမ်းဖက်မှုတွေ အသစ်ထပ်ဖြစ်ခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ အဓိကမြို့ အယ်လ်မာတီမှာ ရဲတွေက ညတွင်းချင်းအတွင်း အဓိကရုဏ်း သမား အယောက် ဒါဇင်ချီကို သတ်ဖြတ်ခဲ့တာပါ။

တစစီဖြုတ်ခံထားရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၁၈ ယောက် ထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူအယောက် ၂ ထောင်ကျော်လည်း အဖမ်းခံရပါတယ်။

နိုင်ငံတလွှားဒေသအသီးသီးမှာ ရဲအရာရှိတွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်လို့ ပြောထားတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေကိုလည်း ကာဇက်စတန် ရဲတပ်ဖွဲ့က ဖြန့်ချိခဲ့ပါတယ်။


****************************************************************
END / 251