အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၈ ဖေဖော်ဝါရီ ၂၀၂၂

၂၀:၂၉:၂၈
1227533

အိန္ဒိယ နိုင်ငံ ကရ်နတတ် တွင် ဟေဂျာဗ်ဝတ် ထားသည့် ကောလိပ် ကျောင်းသူ များ ၏ ကျောင်းဝင်ခွင့် ကိစ္စ အတွက် အငြင်း ပွားမှု ဖြစ်ပွား

အိန္ဒိယ နိုင်ငံ ကရ်နာတတ်ပြည်နယ် တွင် ဟေဂျာဗ် ဝတ် မွတ်စလင်မ် ကောလိပ် ကျောင်းသူများ အား ကျောင်း မပေးတက် သည့် ကိစ္စ နှင့် ပတ်သက်ပြီး ပြဿနာ ကြီးသထက် ကြီးလာကြောင်း သိရှိ ရပါတယ်။


sahartv သတင်းဌာန ၏ သတင်း အထောက်များ အရ အိန္ဒိယ နိုင်ငံ ကရ်နာတတ်ပြည်နယ် အိုဒ်ဘီ ခရိုင်ရှ် ကောလိပ်ကျောင်း တစ်ကျောင်း တွင် ဟေဂျာဗ် ဝတ် မွတ်စလင်မ် ကောလိပ် ကျောင်းသူများ အား ကျောင်း မပေးတက် သည့် ကိစ္စ နှင့် ပတ်သက်ပြီး ပြဿနာ ကြီးသထက် ကြီးလာကြောင်း သိရှိ ရပါတယ်။

လွန်ခဲ့သည့် ရက်အနည်းငယ် က အိန္ဒိယ နိုင်ငံ ကရ်နာတတ်ပြည်နယ် အိုဒ်ဘီ ခရိုင်ရှ် ရှိ ကောလိပ်ကျောင်း တစ်ကျောင်း တွင် ဟေဂျာဗ် ဝတ် မွတ်စလင်မ် ကောလိပ် ကျောင်းသူများကို ကောလိပ်ကျောင်း အတွင်း မပေးဝင်ဘဲ တားမြစ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ထိုကိစ္စအတွက် ကျောင်းသူများ မှ ပြင်းပြင်းထန်ထန် သပိတ်မှောက် ဆန္ဒပြ ခဲ့ကြောင်း ပြီးနောက် ကရ်နာတတ် ပြည်နယ် ရှိ အချို့ ကောလိပ်များ တွင်လည်း မွတ်စလင်မ် ကျောင်းသူများ အား အလားတူ ဆက်ဆံ ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

မွတ်စလင်မ် ကျောင်းသူများ မှ ဟေဂျာဗ် ဝတ် ပြီး ကျောင်းတက်ခွင့် သည် ၎င်းတို့၏ အခြေခံ အခွင့်အရေး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျောင်းနှင့် ကောလိပ်ကျောင်း အုပ်ချုပ်ရေး အဖွဲ့ မှ ကျောင်းသားအားလုံးသည် အတူတူ ကျောင်း နှင့်ကောလိပ် ဝတ်စုံများ ဝတ်ဆင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအချိန်မှာပင် အစိုးရ ပညာရေး ဌာန မှ ကောလိပ်များ တွင် ကျောင်းသားများ အားလုံး အတူတူ ယူနီဖောင်း ဝတ်ရန် မဖြစ်မနေအဖြစ် သတ်မှတ် လိုက်ပါတယ်။

အခြားတစ်ဖက်တွင် လည်း အတိုက်အခံ ပါတီများ မှ ကရ်နာတတ် ပြည်နယ် အစိုးရ နှင့် ကောလိပ်ကျောင်း အချို့ ၏ ဤကဲ့သို့သော် ဆုံးဖြတ်ချက် အား ရှုတ်ချ ပြီး ကျောင်းသူများ ၏ အခွင့်အရေး ရပိုင်ခွင့် ကို ကာကွယ် ပေးသင့်ကြောင်း ဆိုကြပါတယ်။

ကွန်ကရေစ်ပါတီ ခေါင်းဆောင် ရဟူလ်ဂန္ဒီ အနေဖြင့် ဟေဂျာဗ်ကို အကြောင်းပြုပြီး ကျောင်းသူများ ၏ ပညာ သင်ကြားခွင့် ကို ဆုံးရှုံး အောင်ပြုခြင်းသည် ၎င်းတို့၏ အနာဂတ်နှင့် ကစားသဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအတောအတွင်း ဤပြဿနာ သည် ဟိုင်းဂုတ် (ပြည်နယ်တရားရုံးချုပ်) အထိ ရောက်ရှိလာပြီး တနင်းလာ နေ့ မှ စပြီး အနည်းဆုံး ကောလိပ် ကျောင်း ၂ကျောင်း မှ မဖွယ်မရ ဖြစ်ရပ်များ အဓိကရုဏ်း မဖြစ်စေရန် ကောလိပ်ကို ပိတ်လိုက်ကြောင်း သိရှိရပါတယ်။

အခြားတစ်ဖက် တွင်လည်း အစွန်းရောက် ဟိန္ဒူ အဖွဲ့ အစည်းများ၏ ကျောင်းသားများ မှ ဟေဂျာဗ်ကို ဆန့်ကျင်ရေး အဖြစ်ကောလိပ်ကျောင်းများ ရွှေဝါရောင် အဝတ်စများကို ကိုင်ဆောင်ပြီး ပြဿနာပြု ဆန္ဒပြခဲ့ကြပါတယ်။

****************************************************************

END / 251