အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၄ ဖေဖော်ဝါရီ ၂၀၂၂

၂၁:၂၁:၅၇
1233121

စစ်ရေး အခြေအနေကြောင့် ရုရှားတောင်ပိုင်း လေဆိပ် ၁၂ ခု လုပ်ငန်းရပ်ဆိုင်း

ရုရှား-ယူကရိန်း စစ်ရေးအခြေအနေတွေကြောင့် ရုရှားနိုင်ငံတောင်ပိုင်းက လေဆိပ်တွေ လုပ်ငန်းလည်ပတ်မှုတွေကို ကန့်သတ်ရပ်ဆိုင်းထားတယ်လို့ ရုရှားလေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။




ရုရှား-ယူကရိန်း စစ်ရေးအခြေအနေတွေကြောင့် ရုရှားနိုင်ငံတောင်ပိုင်းက လေဆိပ်တွေ လုပ်ငန်းလည်ပတ်မှုတွေကို ကန့်သတ်ရပ်ဆိုင်းထားတယ်လို့ ရုရှားလေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီ ရိုဆာဗီယက်ဆီရာရဲ့ ထုတ်ပြန်ချက်မှာတော့ “ယူကရိန်းနိုင်ငံတဝိုက် ခက်ခဲတဲ့အခြေအနေတွေကြောင့် ဖေဖော်ဝါရီ ၂၄ ရက် မနက် မော်စကို စံတော်ချိန် ၃ နာရီ ၄၅ မိနစ်က စတင်ပြီးတော့ ရုရှားနိုင်ငံတောင်ပိုင်းရှိ လေဆိပ်အများအပြားရှိ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်တယ်”လို့ ဖော်ပြထားတာပါ။

အဆိုပါ ထုတ်ပြန်ချက်အရ ဒီကန့်သတ်ချက်ဟာ လာမယ့် မတ် ၂ ရက်အထိ အကျုံးဝင်မှာ ဖြစ်ပြီး အဆိုပါ လေဆိပ်တွေထဲမှာတော့ ရော့စ်တော့ဗ်၊ ကရာဆနိုဒါ၊ အန်နာပါ၊ ဂျယ်လန် ဇီ၊ အယ်လစ်စတာ၊ စတပ်ဗ်ရိုပို၊ ဘယ်လ်ဂိုရော့ဒ်၊ ခရိုင်းမီးယားစတဲ့ လေဆိပ်တွေအပါအ ဝင် လေဆိပ် ၁၂ ခု ပါဝင်နေတယ်လို့ ဆိုပါတယ်။

"လေဆိပ်နဲ့ လေကြောင်းလိုင်းတွေရဲ့ အချိန်ဇယားပြောင်းလဲမှုတွေ အားလုံးကိုတော့ အင် တာနက်လူမှုကွန်ရက်တွေအပါအဝင် လေဆိပ်တွေ၊ လေကြောင်းလိုင်းတွေရဲ့ တရားဝင် ဝဘ်ဆိုက်စာမျက်နှာတွေမှာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။


****************************************************************
END / 251