အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၅ ဖေဖော်ဝါရီ ၂၀၂၂

၀၉:၅၇:၃၉
1233184

ဝါရှင်တန် သည် မော်စကို အားဆန်ကျင့်တိုက်ခိုက်သည့် စစ်ပွဲ တွင် ပါဝင်မည်မဟုတ်

ယူကရိန်း နိုင်ငံ အပေါ် ရုရှား နိုင်ငံ ၏ တိုက်ခိုက် မှု ပြီးနောက် ရုရှား နိုင်ငံ အပေါ် အမေရိကန် နှင့် ဗြိတိန် တို့ မှ ပြင်းထန် သည့် ပိတ်ဆို့ အရေးယူရန် ချမှတ် ခဲ့ ကြောင်း သိရှိရပါတယ်။



ရိုက်တာ သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် မှ မော်စကို ကို တိုက်ခိုက်ရာတွင် အမေရိကန် ပြည်ထောင်စုသည်  စစစ်ပွဲ တွင် ပါဝင်မည် မဟုတ် ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်  မှ  ကိယက်ဗ် တွင် ဆွေးနွေးရန် နှင့်အနောက်နိုင်ငံများ အဆိုပြုချက်များကို ပယ်ချ ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ကိုပြုလုပ်၍  နိုင်ငံ တကာ ဥပဒေကို မလိုက်နာ ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


အမေရိကန် သမ္မတ မှ ရုရှား အပေး ပိတ်ဆို့ အရေးယူ မှုများကြောင့်  ဒေါ်လာ။ယူရို ၊ပေါင်နှင့် အခြား ငွေကြေးများဖြင့် ကုန်သွယ်မှု မပြု နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး မော်စကို အပေး ဒဏ်ခတ် ပိတ်ဆို့ မှုများ ကိစ္စ ကို ဆွေးနွေးရန် အတွက် နေတိုးနိုင်ငံများ နှင့် ယနေ့ တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


အခြားတစ်ဖက်တွင်လည်း  ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် မှ ဘဏ်များ ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ၏ ရင်းနှီး သည့် မိတ်ဆွေများ နှင့် လန်ဒန် တွင် နေထိုင်သည် ရုရှား နိုင်ငံသား သူဌေးများ ကို ပစ်မှတ်ထား ပြီး   ရုရှား နိုင်ငံ အပေါ် ပြင်းထန်သည့် စီးပွားရေး ပိတ်ဆို့မှု များပြုခဲ့ ပါတယ်။
ရုရှားကုမ္ပဏီများ ၊ ဘဏ်များ ၊ VTV ရုပ်သံလိုင်းများ ကိုလည်း လန်ဒန် တွင် ပိတ်ပင်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပြောကြားခဲ့ပါတယ်။
အမေရိကန် အနေဖြင့် ပထမ ယူကရိန်းဘက်မှ အပြည့်အဝ ထောက်ခံ ကြောင်း ပြောကြားခဲ့ပြီး ယခုအခါ မော်စကို စစ်ပွဲ တွင် ပါဝင်မည် မဟုတ်တော့ကြောင်း ပြောကြား ထားသည်ကို သတိပြု သင့်ပါတယ်။


****************************************************************
END / 251