အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M- Mediagroup
ကြာသပတေးနေ့

၁၀ မတ် ၂၀၂၂

၁၉:၄၂:၁၀
1238006

ခရစ်ယာန်နှင့် မွတ်စလင်များအပေါ် တိုက်ခိုက်မှုကို တားဆီးရန် ကုလက အိန္ဒိယကို တိုက်တွန်း

အိန္ဒိယနိုင်ငံအတွင်း လူနည်းစု ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေအပေါ် ဟိန္ဒူအမျိုးသားရေးဝါဒီတွေက ပိုမို တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီရှယ် ဘာချလတ်က ပြောကြားလိုက်ပြီး ဒါတွေကို ရပ်တန့်ပေးဖို့ အိန္ဒိယခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။




အိန္ဒိယနိုင်ငံအတွင်း လူနည်းစု ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေအပေါ် ဟိန္ဒူအမျိုးသားရေးဝါဒီတွေက ပိုမို တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီရှယ် ဘာချလတ်က ပြောကြားလိုက်ပြီး ဒါတွေကို ရပ်တန့်ပေးဖို့ အိန္ဒိယခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ပတ်လည် အစီရင်ခံစာကို ဘာချလတ်က ကုလ လူ့အခွင့်အရေးကောင်စီကို အင်္ဂါနေ့မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“ဘာသာရေးလူနည်းစုတွေအပေါ် အမုန်းစကားပြောကာ၊ တိုက်ခိုက်မှုတွေလုပ်နေတဲ့ လတ်တလော ပြောကြားချက်တွေ၊ လုပ်ရပ်တွေအတွက် ကျွန်မ စိုးရိမ်မိပါတယ်”  လို့ ဘာချလတ်က ပြောပါတယ်။

ဒီဇင်ဘာလအတွင်းက တရားပွဲနှစ်ခုမှာ ဟိန္ဒူ ဘာသာရေးခေါင်းဆောင်တွေက မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ဆော်သြတာကို သူမက အဓိကထား ထောက်ပြခဲ့ပြီး ဒီလို အမုန်းစကား ပြောဆိုမှုကို ပွင့်လင်းမြင်သာမှု ရှိစွာ အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ခရစ်ယာန်တွေအပေါ် ဟိန္ဒူအမျိုးသားရေးဝါဒီတွေက တိုက်ခိုက်မှုကိုလည်း ဘာချလတ်က အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတာကလည်း တော်တ်ာလေး စိုးရိမ်စရာ ကောင်းပါတယ်”

၂၀၂၁ ခုနှစ် ဇန်န၀ါရီလကနေ နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အနည်းဆုံး ၃၀၅ ခုလောက် ဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့လည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ခရစ်ယာန်တွေက ဟိန္ဒူတွေကို အဓမ္မ ဘာသာကူးပြောင်းစေပြီး ဒါကို ပိတ်ပင်ရမယ်လို့ဆိုကာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ပြည်နယ်တစ်ချို့မှာ ဥပဒေတွေ ပြဌာန်းခဲ့ပါတယ်။

ကုလ လူ့အခွင့်အရေးအကြီးအကဲ ဘာချလတ်က ဒီဥပဒေဟာ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေသာ ဖြစ်စေလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

“ဘယ်လို အမုန်းစကားပြောဆိုမှုကိုမဆို၊ ဘာသာရေး လူမျိုးရေး မုန်းတီးအောင် ဘယ်လိုလှုံ့ဆော်မှုမျိုးကိုမဆို ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုလုပ်လုပ် လူသိရှင်ကြား ရှုတ်ချပြောဆိုဖို့ အိန္ဒိယခေါင်းဆောင်တွေကို ကျွန်မ တိုက်တွန်းပါတယ်”

****************************************************************
END / 251