အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၀ မတ် ၂၀၂၂

၂၀:၂၀:၃၁
1238033

အင်ဒိုနီးရှား ဂျာဗားကျွန်းတွင် မီးတောင်ပေါက်ကွဲ၊ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်း၊ ယိုဂီယာကာတာမြို့နားက မေရာပီမီးတောင် ညလုံးပေါက် ပေါက်ကွဲခဲ့လို့ ချော်ရည်ပူတွေနဲ့ ပြာတွေ တောင်စောင်းတလျှောက် စီးဆင်းလာတဲ့အတွက် ဒေသခံ အယောက် ၂၅၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ ကပ်ဘေး လျော့ပါးသက်သာရေး အေဂျင်စီ (BNPB) က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။





အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်း၊ ယိုဂီယာကာတာမြို့နားက မေရာပီမီးတောင် ညလုံးပေါက် ပေါက်ကွဲခဲ့လို့ ချော်ရည်ပူတွေနဲ့ ပြာတွေ တောင်စောင်းတလျှောက် စီးဆင်းလာတဲ့အတွက် ဒေသခံ အယောက် ၂၅၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ ကပ်ဘေး လျော့ပါးသက်သာရေး အေဂျင်စီ (BNPB) က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။

မေရာပီမီးတောင်ဟာ ပြာတွေနဲ့ ချော်ရည်ချော်ခဲတွေကို ပူလောင်တဲ့ တိမ်တွေအဖြစ် မှုတ်ထုတ်ခဲ့သလို ချော်ရည်တွေဟာလည်း မတ်လ ၁၀ ရက် သန်းခေါင်နားနီးချိန်ကနေ မနက် ၂ နာရီထိ တောင်စောင်းတလျှောက် ၃ မိုင်ကျော် စီးလာခဲ့တယ်လို့ အင်ဒိုနီးရှား ဘူမိဗေဒဌာနက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

နောက်ထပ် ချော်ရည်တွေ စီးဆင်းနိုင်သလို ပြာတိမ်တွေလည်း ဖြစ်ထွန်းမယ့်အန္တရာယ် ရှိတယ်လို့ BNPB က ပြောပါတယ်။ မီးတောင်နဲ့ ၇ မိုင်ပတ်လည်အကွာမှာ နေကြတဲ့လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့လည်း သတိပေးထားပါတယ်။

****************************************************************
END / 251