အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၁၁ မတ် ၂၀၂၂

၂၀:၂၉:၀၉
1238239

ယူကရိန်းကို ဒေါ်လာ ၁၃ ဘီလီယံကျော် ထောက်ပံ့ရန် အမေရိကန် အထက်လွှတ်တော် အတည်ပြု

ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံနဲ့ အမေရိကန် ပြည်ထောင်စုအစိုးရအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ပံ့ပိုးဖို့ ဥပဒေကို အမေရိကန် အထက်လွှတ်တော်က မတ်လ ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။


ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံနဲ့ အမေရိကန် ပြည်ထောင်စုအစိုးရအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ပံ့ပိုးဖို့ ဥပဒေကို အမေရိကန် အထက်လွှတ်တော်က မတ်လ ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။

စာမျက်နှာ ၂,၇၀၀ ပါတဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီး နောက်တရက်မှာ အထက်လွှတ်တော်မှာပါ ထောက်ခံမဲ ၆၈ မဲ ကန့်ကွက်မဲ ၃၁ မဲနဲ့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို ဥပဒေအဖြစ် မတ်လ ၁၁ ရက် ညသန်းခေါင်မတိုင်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးဖို့ မျှော်လင့်ထားပါတယ်။

****************************************************************
END / 251