အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M- Mediagroup
ဗုဒ္ဓဟူးနေ့

၂၃ မတ် ၂၀၂၂

၁၉:၁၄:၅၁
1241786

မိုက်ခရိုဝဗေ့်နှင့် လေဆာလက်နက်တွင် တရုတ်က ပိုမိုအားကောင်းလာ

မိုက်ခရိုဝဗေ့်လို၊ လေဆာလို လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုရတဲ့ လက်နက်စနစ် တီထွင်ဖန်တီးမှုမှာ တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန်ပဲ တိုးတက်မှုတွေ ရရှိလာပါတယ်။





မိုက်ခရိုဝဗေ့်လို၊ လေဆာလို လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုရတဲ့ လက်နက်စနစ် တီထွင်ဖန်တီးမှုမှာ တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန်ပဲ တိုးတက်မှုတွေ ရရှိလာပါတယ်။

တရုတ် သိပ္ပံပညာရှင်တွေဟာ RKA လို့ ခေါ်တဲ့ စွမ်းအားမြင့် မိုက်ခရိုဝဗေ့် ကိရိယာတစ်ခုက တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ဂြိုဟ်တု ဆက်သွယ်ရေးမှာသုံးတဲ့ Ka-band ဖရီကွင်စီမှာ ၅ မီဂါဝပ်ရှိတဲ့ ရောင်ခြည်တစ်ခုကို ဒီကိရိယာက ထုတ်ပေးနိုင်ပါတယ်။

အရင် တရုတ်ပညာရှင်တွေ ဖန်တီးတဲ့ PKA မိုက်ခရိုဝဗေ့် ကိရိယာတွေဟာ စွမ်းအင် ကီလိုဝပ်လောက်သာ ထုတ်ပေးနိုင်ပေမယ့် နောက်ဆုံးဖန်တီးထားတဲ့ ကိရိယာကို စမ်းသပ်မှုအရ ၅၀၁ မီဂါဝပ် ထုတ်နိုင်တာကို တွေ့ရပြီး ဒီထက်ပိုများတဲ့ စွမ်းအင်ပမာဏကို ထုတ်နိုင်မယ့် အနေအထား ရှိနေပါတယ်။

ဒါဟာ ဂြိုဟ်တုဖျက် မိုက်ခရိုဝဗေ့်လက်နက်ထုတ်နိုင်ဖို့ တော်တော်လေး အလားအလာ ကောင်းနေတာပါ။ မြေပြင်မှာ အထိုင်ထားမယ့် လက်နက်မျိုးဆိုရင် စွမ်အင် ဂီဂါဝပ် တော်တော်များများ ထုတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။

ဒီမိုက်ခရိုဝဗေ့်လက်နက်ကို အာကာသထဲလွှတ်တဲ့ ဂြိုဟ်တုမှာ တပ်ပြီး ထိုးစစ်၊ ခံစစ် နှစ်ခုစလုံးအတွက် အသုံးပြုလို့ပါတယ်။ မိုက်ခရိုဝဗေ့် ရောင်ခြည်တွေ ထုတ်တဲ့အခါ အပူရှိန် အလွန်အမင်းမြင့်တက်တဲ့ အန္တရာယ်က ဒီကိရိယာကို ဂြိုဟ်တုတွေမှာ တပ်ဆင်ဖို့ အဟန့်အတား ဖြစ်နေအုံးမှာပါ။


တရုတ်ဟာ ဂြိုဟ်တုတွေမှာ တပ်ဆင်အသုံးပြုလို့ရမယ့် လေဆာလက်နက်တစ်မျိုးကိုလည်း ဖန်တီးထုတ်လုပ်ထားပါတယ်။

မီဂါဝပ်များတဲ့ လေဆာရောင်ခြည်တွေကို ထုတ်လုပ်နိုင်ပြီး တစ်စက္ကန့်ကို အကြိမ် ၁၀၀ လောက်နဲ့ အာကာသကနေ နာရီဝက်လောက် မနားတမ်း ပစ်နိုင်စွမ်းရှိပါတယ်။

လေဆာရောင်ခြည်ကလည်း ဂြိုဟ်တုတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ တရုတ်က ဖန်တီးထားတဲ့ လေဆာလက်နက်ဟာ ၅ နာနိုစက္ကန့်လောက်သာ ရောင်ခြည်လွှတ်နိုင်ပေမယ့် လူသားတွေ မျက်လုံးကန်းသွားဖို့၊ ပစ်မှတ်မျက်နှာပြင် အငွေ့ပျံ ပျောက်ကွယ်သွားဖို့အထိ အားကောင်းပါတယ်။

ကော့ပါးနဲ့ မြေရှားသတ္တုကရတဲ့ အင်ဒီယန်တို့ ပေါင်းစပ်ပြီး ဖန်တီးတဲ့ အအေးပေးနည်းပညာ မကြာသေးခင်က ပေါ်လာတာကြောင့် လေဆာလက်နက် ထုတ်လုပ်မှုကဏ္ဍလည်း ပိုမိုအားကောင်းလာပါတယ်။

လေဆာဟာ ရွေ့လျားနေတဲ့ လေယာဉ်ပျံတွေကို အပိုင်းပိုင်း အတစ်တစ် ဖြစ်စေနိုင်သလို၊ ဒုံးကျည်စနစ်တွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားလည်း ရှိပါတယ်။

ရွေ့လျားစွမ်းအင်လိုမဟုတ်ဘဲ လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုတဲ့ မိုက်ခရိုဝဗေ့်လို၊ လေဆာလို လက်နက်မျိုးတွေဟာ လျင်လျင်မြန်မြန် တိုက်ခိုက်နိုင်တာ၊ တိကျတာ၊ ကြားဖြတ်တားဆီးဖို့ ခက်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။

အမေရိကန်နဲ့ ဆိုဗီယက်တို့ အားပြိုင်တဲ့ စစ်အေးခတ်ကတည်းက စတင်ဖန်တီးခဲ့တဲ့ ဒီလက်နက်တွေဟာ အခုတော့ စမ်းသပ်ခန်းအဆင့်ကိုကျော်ပြီး မြေပြင်မှာ လက်တွေ့ အသုံးပြုနေတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အရောက်မှာတော့ မိုက်ခရိုဝဗေ့်နဲ့ လေဆာလက်နက်တွေကို သမရိုးကျ လက်နက်တွေနဲ့ တွဲဖက်အသုံးပြုတာမျိုးအထိ ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

****************************************************************
END / 251