အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃၀ မတ် ၂၀၂၂

၁၉:၂၁:၅၀
1243221

ဟေဂျာဗ်အပေါ်တားမြစ်ခြင်းကို ဂျွန်မူးကရှ်မီးယားရှိ မက်သဗသိုဇ် ဇဲဟ်ရာ ကျောင်းသူများမှ ဆန္ဒပြ ကန့်ကွက်

အိန္ဒိယ နိုင်ငံ ကရ်နာတတ် တရားရုံးချုပ်၏ ဟေဂျာဗ် ကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်သည် ကျွန်ုပ်တို့၏ ယုံကြည်ချက်များ ကို သိက္ခာချရ ဖြစ်ကြောင်း ဂျွန်မူး ကရှ်မီးယား ရှိ အန်ဂျွန်မန် ရှရီအီ ရှီအာ ယန်း ၏ ဥက္ကဋ္ဌ ဖြစ်သူH.I အာဂါ ဆရက်ဒ် အလ်မူစဝီ မှ ပြောကြားခဲ့ပါတယ်။



အစ္စလာမ် တရားတော် က ဖော်ပြထားသည့် ရှရီအီ တာဝန်ဝတ္တရား များ မှ တစ်ခု အနေဖြင့် ဟေဂျာဗ် အား မည်သည့် တန်ဖိုး ပင် ပေးဆပ်ရပေးဆပ် ရပါစေ တည်တံ့ခိုင်မြဲ စေရန် နှင့် ဟေဂျာဗ် အရေးကို မြင့်တင်နိုင်ရေး အတွက် အဆက်မပြတ် မိမိ၏ စွမ်းရည် များကို အသုံး ပြုရမည် ဖြစ်ပါတယ်။

 

Hawza News Agency ၏ အစီရင်ခံစာ အရ ဂျွန်မူး ကရှ်မီးယား ရှိ အန်ဂျွန်မန် ရှရီအီ ရှီအာ ယန်း ၏ ဟောင်ဇေအေလ်မီယေ ဖြစ်သည့် မက်သဗသိုဇ်ဇဲဟ်ရာ (စ.အ) ၏ကျောင်းသူများ မှ ကရ်နာတတ် တရားရုံးချုပ်၏ ဟေဂျာဗ် ကို တားမြစ်သည့် ဆုံးဖြတ်ချက် အပေါ်ကန့်ကွက် ဆန္ဒပြ ပွဲကို ပြု ခဲ့ကြပါတယ်။

ဟေဂျာဗ် ကို တားမြစ်သည့် ဆုံးဖြတ်ချက် အပေါ်ကန့်ကွက် ဆန္ဒပြပွဲ တွင် ရာနှင့်ချီ ပြီး ကျောင်းသူများ ၊ ဆရာ၊ဆရာမများ လည်း တက်ရောက်နေရာ ယူခဲ့ကြပါတယ်။ဟေဂျာဗ် ဝတ်ဆင် ထားသည့် ကျောင်းသူ များ မှ အစိုးရ ၏ ဘာသာရေးကိစ္စများ တွင် ဝင်ရောက် စွက်ဖက်ခြင်း အထူး သဖြင့် ပညာရေး ဆိုင်ရာ အဖွဲ့ အစည်းများ တွင် ဟေဂျာဗ် တားမြစ် မှု ကို ပြင်းပြင်းထန်ထန် ဒေါသ ထွက်ပြီး ဆန့်ကျင် ခဲ့ကြပါတယ်။

အစ္စလာမ် တရားတော် က ဖော်ပြထားသည့် ရှရီအီ တာဝန်ဝတ္တရား များ မှ တစ်ခု အနေဖြင့် ဟေဂျာဗ် အား မည်သည့် တန်ဖိုး ပင် ပေးဆပ်ရပေးဆပ် ရပါစေ တည်တံ့ခိုင်မြဲ စေရန် နှင့် ဟေဂျာဗ် အရေးကို မြင့်တင်နိုင်ရေး အတွက် အဆက်မပြတ် မိမိ၏ စွမ်းရည် များကို အသုံး ပြုရမည် ဖြစ်ကြောင်း ကို ပြောကြားပြီး ကတိသစ္စာ ကို ပြန် ကျော့ ခဲ့ကြပါတယ်။

ဂျွန်မူး ကရှ်မီးယား ရှိ အန်ဂျွန်မန် ရှရီအီ ရှီအာ ယန်း ၏ ဥက္ကဋ္ဌ ဖြစ်သူ H.I အာဂါ ဆရက်ဒ် အလ်မူစဝီ အလ်ဆဖဝီ မှ ဟေဂျာဗ် အပေါ် တားမြစ်ချက် ကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြ မှု အား သာသနာ နှင့် ရှရီအသ် အမြင်အရ အမျိုးသမီးများ သည် လူမျိုးစု အတွက် အခြေခံ နှင့် အတွေး အခေါ် ပိုင်းဆိုင်ရာ နိုးကြမှု ကို ဖော်ကျူးနေခြင်း ဖြစ် ကြောင်း ပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး H.I အာဂါ ဆရက်ဒ် အလ်မူစဝီ အလ်ဆဖဝီ မှ   မွတ်စလင်များ အနေဖြင့် အဲဟ်ကာမ် မေ ရှရီအသ် (အစ္စလာမ် ဘာသာဆိုင်ရာ ဘာသာရေး ဥပဒေများ ) နှင့်ပတ်သက်ပြီး မည်သည့် အစိုးရ တရားရုံး ၏ ဆုံးဖြတ်ချက် နှင့်ချည်နှောင်၍ မရကြောင်း မွတ်စလင် ကျောင်းသူများ ၏ ဘာသာရေး ဆိုင်ရာ တာဝန် ဝတ္တရား ကို တားမြစ်သည့် တရားရုံး၏ ဆုံးဖြတ်ချက် သည် ကျွန်ုပ်တို့ ယုံကြည် ချက်များ ကို အဆိုးဆုံး သိက္ခာ ချမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စလာမ် ရှရီအသ် နှင့်ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များ ကို ဟန့်တားဖို့ အထိ ရောက်ဆုံး နည်းလမ်းမှာ အစ္စလာမ်မီ ဥပဒေများ၊ အစ္စလာမ်မီ မူများ အပေါ် တင်းတင်းကျပ်ကျပ် လိုက်နာ ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251