အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M- Mediagroup
ဗုဒ္ဓဟူးနေ့

၃၀ မတ် ၂၀၂၂

၁၉:၂၄:၅၅
1243222

ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးရသူ ဒုက္ခသည် ၄ သန်းကျော်ပြီ

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု တစ်လကျော်လာချိန် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၄ သန်း ကျော်လာပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ UNHCR က ပြောပါတယ်။

 

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု တစ်လကျော်လာချိန် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၄ သန်း ကျော်လာပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့  UNHCR က ပြောပါတယ်။

အဲဒီအထဲက ၂.၃ သန်းဟာ အိမ်နီးချင်း ပိုလန်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။ ယူကရိန်းတစ်နိုင်ငံလုံးမှာ စစ်ကြောင့် ထွက်ပြေးရသူ ၆.၅ သန်းလောက် ရှိလာပါပြီ။

တင်းမာမှုတွေလျှော့ချရေး ရုရှားနဲ့ ယူကရိန်းတို့ အင်္ဂါနေ့ကစပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ဆွေးနွေးနေပေမယ့် ဘာသဘောတူညီချက်မှ မရသေးဘူးလို့ ရုရှားဖက်က ပြောပါတယ်။

နေတိုးအဖွဲ့ထဲ မ၀င်ဘဲ ကြားနေနိုင်ငံအဖြစ်သာနေရေး ရုရှားရဲ့ တောင်းဆိုမှုကို ယူကရိန်းက လိုက်လျောဖို့ရှိတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

****************************************************************
END / 251