အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzima Burmese
တနင်္လာနေ့

၄ ဧပြီ ၂၀၂၂

၁၉:၂၁:၃၁
1244813

မြန်မာဆိုင်ရာ ကုလ အထူး သံတမန် နှင့် အာဆီယံ အထူး ကိုယ်စားလှယ် တို့ တွေ့ဆုံပြီး မြန်မာ့ အရေး ဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာနှင့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ပရက် ဆော့ခွန်းတို့ ယမန်နေ့က တွေ့ဆုံခဲ့ကြပြီး ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းမှု ဖော်ဆောင်နိုင်ရေး ထောက်ကူအားပေးမည့် ၎င်းတို့၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။





ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာနှင့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ပရက် ဆော့ခွန်းတို့ ယမန်နေ့က တွေ့ဆုံခဲ့ကြပြီး ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းမှု ဖော်ဆောင်နိုင်ရေး ထောက်ကူအားပေးမည့် ၎င်းတို့၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံအထူးသံတမန် ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းသည် မကြာသေးခင်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်မစ်ရှင်နှင့်ပတ်သက်ပြီး ကုလ အထူးသံတမန် နိုလင်း ဟေဇာကို ရှင်းလင်းပြောဆိုခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အစည်းအဝေးတစ်ရပ် မေလအစောပိုင်းတွင် ပြုလုပ်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီးလည်း ဆော့ခွန်းက ပြောဆိုခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်က ယင်းကို ဆန့်ကျင်အတိုက်အခံပြုသူများကို နှိမ်နင်းရန် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် ပြည်သူသိန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ထားခဲ့ရသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်က ဖြုတ်ချပြီး မတရားအာဏာသိမ်းယူခဲ့သည်။ အာဏာသိမ်းမှုအပေါ် အကြီးအကျယ် ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ယင်းသည် ပြည်တွင်းစစ်တစ်ခုကဲ့သို့ ပြောင်းလဲလာခဲ့သည်ဟု ကုလ ကျွမ်းကျင်သူတစ်ချို့က ပြောဆိုထားကြသည်။

မြန်မာ အကျပ်အတည်းအတွက် သံတမန်ရေးဆိုင်ရာ ဖြေရှင်းနည်းလမ်းများ ရရှိရေး ကုလနှင့် အာဆီယံတို့က ကြိုးပမ်းထားသော်လည်း ၎င်းတို့၏ အားထုတ်မှုများအတွက် ပြသစရာ အနည်းအကျဉ်းမျှသာ ရှိနေခဲ့သည်။ မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို ချုပ်ထိန်းဟန့်တားရန် လေးနက်သော ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သည့် လုပ်ဆောင်ချက်တိုင်းကို မြန်မာစစ်တပ်၏ မဟာမိတ်များဖြစ်သော ရုရှနှင့် တရုတ်တို့က ဗီတိုအာဏာဖြင့် ပယ်ချနိုင်စွမ်း ရှိနေမှုကြောင့် ယင်းက ကုလအတွက် ထိထိရောက်ရောက် မလုပ်နိုင်အောင် အဟန့်အတားဖြစ်စေလျက်ရှိသည်။

****************************************************************
END / 251