အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၅ ဧပြီ ၂၀၂၂

၁၉:၂၈:၃၀
1245203

ပရဟိတ သမား မောင်လာနာ သုံးပါး အေမာမ်ရေဇာ (အ.စ) ရောင်ဇာ ပရဝဏ်တွင် ဓါးထိုးခံရ

လမြတ်ရမ်တွာန် ၏ ၃ရက်မြောက်နေ့ တွင် ပရဟိတ သမား များ ဖြစ်ကြသည့် H.I (ဟွတ်ဂျတ်သ် သိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ) မောင်လာနာ သုံး ပါး အား အေမာရေဇာ (အ.စ) ၏ ရောင်ဇာ တော် ရှိ ဗရာန်ဗရ်ရေ အအ်ဇန်းမ် (ဆွ) အမည်ရှိ ရင်ပြင်တော် တွင် မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း စစ်ဆေးခြင်းခံ နေရသူ အမျိုးသား တစ်ဦး မှ ဓါးမြှောင် ဖြင့် တိုက်ခိုက် ထိုးသတ်ခဲ့သည် လူသတ်မှု ဖြစ်ရပ်ဆိုး ကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မောင်လာ သုံးပါး အနက် တစ်ပါး မှာ ရှဟီးဒ် ဖြစ် သွားပြီး နှစ်ပါးမှာ ဒဏ်ရာ ရခဲ့ကြောင်း ဝမ်းနည်း စွာ သတင်းရရှိခဲ့ပါတယ်။




လမြတ်ရမ်တွာန် ၏ ၃ရက်မြောက်နေ့ ဒေသစံတော်ချိန် ၂နာရီ ခန့် တွင် ပရဟိတ သမား များ ဖြစ်ကြသည့် H.I  (ဟွတ်ဂျတ်သ် သိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ) မောင်လာနာ သုံး ပါး အား အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာ တော် ရှိ ဗရာန်ဗရ်ရေ အအ်ဇန်းမ်  (ဆွ) အမည်ရှိ ရင်ပြင်တော် တွင် မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း စစ်ဆေးခြင်းခံ နေရသူ အမျိုးသား တစ်ဦး မှ ဓါးမြှောင် ဖြင့် တိုက်ခိုက် ထိုးသတ်ခဲ့သည် လူသတ်မှု  ဖြစ်ရပ်ဆိုး ကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မောင်လာ သုံးပါး အနက် တစ်ပါး မှာ ရှဟီးဒ် ဖြစ် သွားပြီး နှစ်ပါးမှာ ဒဏ်ရာ ရခဲ့ကြောင်း ဝမ်းနည်း စွာ သတင်းရရှိခဲ့ပါတယ်။


H.I (ဟွတ်ဂျတ်သ်သိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ) မောင်လာနာ သုံး ပါး မှာ H.I မောင်လာနာ  မိုဟမ္မဒ် အဆလာနီ ၊ H.I မောင်လာနာ  မိုဟ်စက် ပါးက်ဒါမန် နှင့် H.I မောင်လာနာ  မိုဟမ္မဒ် ဆွာဒစ်က် ဒါရာယီ တို့ ဖြစ်ကြပြီး မရှ်ဟဒ်မြို့ မောင်လာနာများဆိုင်ရာ ပရဟိတ အသင်းသားများ ဖြစ်ကြပါတယ်။ အစည်းအဝေး တက်ရောက် ဖို့ သွားနေစဉ် အေမာရေဇာ (အ.စ) ၏ ရောင်ဇာ တော် ရှိ ဗရာန်ဗရ်ရေ အအ်ဇန်းမ်  (ဆွ) အမည်ရှိ ရင်ပြင်တော် တွင် သွားနေစဉ် ဓါးမြှောင် နှင့် တိုက်ခိုက်ခြင်း ကို ခံခဲ့ရခြင်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ နှင့် ရောင်ဇာတော် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့ ၏ ကြိုးပမ်း မှု ဖြင့် တိုက်ခိုက်သူ အား ချက်ချင်း ဖမ်းဆီး နိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းရန် သက်ဆိုင်ရာ ရဲများ ထံ လွဲပြောင်းပေးခဲ့ပြီး ဓါးထိုးခံရသူ မောင်လာနာ များ ကို ဆေးရုံ သို့ ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။ ကံမကောင်းစွာ ဖြင့် H.I (ဟွတ်ဂျတ်သ်သိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ) မောင်လာနာ မိုဟမ္မဒ် အဆလာနီ သည် ဓါးထိုး ခံရသည့်နေရာ ၌ပင် အလ္လာဟ့် အမိန့်ခံယူသွားခဲ့ပါတယ်။


H.I (ဟွတ်ဂျတ်သ်သိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ) မောင်လာနာ မိုဟမ္မဒ် အဆလာနီ သည် ၈နှစ် ကြာ အီရန် နှင့်အီရတ် စစ်ပွဲ တွင် ပါဝင်ခဲ့သည့် ကာကွယ်ရေး သမား တစ်ဦး ဖြစ်ပြီး မရှ်ဟဒ် မြို့ ရှိ ဆင်းရဲ ချို့တဲ့ သူများ ကူညီ သည့် ကိစ္စ တွင် တက်ကြွ လှုပ်ရှား သူတစ်ဦး ဖြစ်ပါတယ်။ ၎င်း၏ အဓိက ပရဟိတ လုပ်ငန်း အား မရှိဟဒ် မြို့ အရှေ့တောင်ဘက်ရှိ ဧရိယာ တွင် လုပ်ဆောင်ပေး နေသူဖြစ် ပါတယ်။


ကူးဒ်စ်စေ ရဇဝီ ပြည်နယ် မှ ဤတိုက်ခိုက်မှု အား ပြစ်တင် ရှုတ်ချပြီး ဝမ်းနည်း ကြေကွဲ ရကြောင်း အခင်း ဖြစ်ပွား မှု ၏ ရလာဒ် ရသည် အထိ ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း အပြစ်ကျူးလွန် သူများကို ဖော်ထုတ်ပြီးနောက် အစီရင်ခံ သွား ဖြစ်ကြောင်း တင်ပြထားပါတယ်။


အတိုက်အခိုက်ခံ ရသည် မောင်လာနာ သုံးပါး စလုံးသည် စိတ်ထားဖြူင်သည့် ပရဟိတသမား များ ဖြစ်ကြပြီး နှစ်ပေါင်းများစွာ ဆင်းရဲ နွမ်းပါးသူများ အကျိုးဆောင်နေသူများ ကူညီနေသူများ ဖြစ်ကြပါတယ်။ ယနေ့လည်း လမြတ်ရမ်တွာန် တွင် ဆောင်ရွက်ကြမည့် ပရဟိတ လုပ်ငန်းများဆိုင်ရာ အစည်းအဝေး ကို တက်ရန် သွားနေစဉ် တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်ပါတယ်။


ခိုရာစာန်နေ ရဇဝီ ဗလီများ ဆိုင်ရာစိစစ်ရေး ဌာန၏ လက်ထောက်အကြီးအကဲ မှ အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် ၏ ပရဝဏ် အတွင်း ဓါးမြှောင်ဖြင့် တိုက်ခိုက်ခံခဲ့ရ မောင်လာနာ နှစ်ပါး မှာ ကုသစောင့်ရှောက်မှု ခံယူနေကြောင်း ပြောကြားပါတယ်။
H.I မောင်လာနာ မဂျီးဒ် ဖွာတွေမီ မှ  ကံကောင်းထောက်မစွာဖြင့်  H.I မောင်လာနာ မိုဟ်စက် ပါးက်ဒါမန် နှင့်  H.I မောင်လာနာ မိုဟမ္မဒ် ဆွာဒစ်က် ဒါရာယီ တို့ အသက် အန္တရာယ် မစိုးရိမ် ရကြောင်း ပြောကြားပါတယ်။
အထွေထွေ တရားရုံးချုပ် နှင့် အစ္စလာမ်မစ်တော်လှန်ရေး တရားရုံး မှ ယနေ့ အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် ၏ ပရဝဏ် အတွင်း ဖြစ်ပွားခဲ့သည့်  ရာဇဝတ်မှု နှင့် ပတ်သက်နေသူ ၅ ဦး အား ဖမ်းဆီး ထားကြောင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။
မိုဟမ္မဒ်ဟိုစိန်ဒရူဒီ ၏ တင်ပြချက်အရ ဓါးမြှောင် နှင့် တိုက်ခိုက်သူမှာ တစ်ဦးဖြစ်ပြီး လေး ဦး မှာ ပူးပေါင်း လုပ်ဆောင်ခဲ့သူများ ဖြစ်ကြောင်း ဖြစ်ပါတယ်။


မိုဟမ္မဒ်ဟိုစိန်ဒရူဒီ  မှ ဆက်လက်ပြီး အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် ၏ ပရဝဏ် အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု အား စုံစမ်း စစ်ဆေးရန် အထူး လူသတ်မှု စုံစမ်းစစ်ဆေးရေး မှူးမှ ဆက်လက်ဆောင်ရွက်နေကြောင်း ဓါးမြှောင် နှင့် တိုက်ခိုက်ခဲ့သူ လူသတ်သမားသည်နိုင်ငံခြား သား ဖြစ်ပြီး အမှုကိစ္စအလုံးစုံ သိပြီးနောက် ပြန်လည် တင်ပြမည် ဖြစ်ကြောင်း ကို ပြောကြားခဲ့ပါတယ်။


အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ခိုရာစာန် ရဇဝီးမှ လည်း အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် ၏ ပရဝဏ် အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ကိစ္စ နှင့်ပတ်သက်ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါတယ် ။ ၎င်း ကြေညာချက် ထုတ်ပြန်ချက်တွင်  လမြတ် ရမ်တွာန် ၏ ၃ရက်မြောက်နေ့တွင် မည်သည့် နိုင်ငံသား ဖြစ်ကြောင်း စစ်ဆေး စုံစမ်းခြင်းခံနေရသူ သည် ဓါးမြှောင် ဖြင့် H.I မောင်လာနာ သုံးပါး အား တိုက်ခိုက်ခဲ့ရာ တစ်ပါး ရှဟီးဒ် ဖြစ် ခဲ့ပြီး နှစ်ပါး  ဒဏ်ရာရှခဲ့ ကြောင်း တိုက်ခိုက်သူအား လုံခြုံရေး ရဲများ မှ ချက်ချင်းဖမ်းဆီး နိုင်ခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်နေကြောင်းအမှုကိစ္စ နှင့်  အရေးပါပြီး ထိလွယ် ရှ လွယ်သည့် အတွက် တရားခံ နှင့်ပတ်သက်ပြီး အထူး စိစစ် မေးမြန်းခြင်းများ ပြုလုပ်ရန် နှင့် မမှန်ကန်သည့် ယူဆချက်များ ကို ရှောင်ကြဉ် ရန် အကြုံ ပြုထားကြောင်း ပါဝင်ပါတယ်။


****************************************************************
END / 251