အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၁၃ ဧပြီ ၂၀၂၂

၁၉:၂၄:၁၁
1247755

ပူတင်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်းနေသည်ဟု ဘိုင်ဒန်ပြော

ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ဟာ ယူကရိန်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။




ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ဟာ ယူကရိန်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

ရုရှားဟာ လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ်ဆင်နေပြီး အရပ်သားတွေ သတ်ဖြတ်မှု အများအပြား ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာ ဖြစ်ပါတယ်။

မနေ့က အိုင်အိုဝါမြို့ မိန့်ခွန်းမှာ သမ္မတဘိုင်ဒန်က ကမ္ဘာတစ်ခြမ်းမှာ စစ်တိုက်ကာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူကြောင့် အမေရိကန် ပြည်သူတွေရဲ့ အသုံးစားရိတ် ထိခိုက်စရာ အကြောင်းမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် ခေါ်ဝေါ်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာတော့ ပိုမိုပြင်းထန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စကားလုံးကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပူတင်ရဲ့လုပ်ရပ်ဟာ ယူကရိန်းလူမျိုးဆိုတဲ့ အမှတ်သညာကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု အမှန်တကယ် မြောက်၊ မမြောက် ရှေ့နေတွက ဆုံးဖြတ်မှာဖြစ်ပေမယ့် မိမိအတွက်ကတော့ ပူတင်ဟာ လူမျိုးတုန်းသတ်ဖြတ်နေတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရုရှားစစ်သားတွေဟာ ယူကရိန်းမှာ အရပ်သားတွေကို အစုလိုက်ပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း အများအပြား ထွက်ပေါ်နေပါတယ်။

****************************************************************
END / 251