အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzima
တနင်္လာနေ့

၂၅ ဧပြီ ၂၀၂၂

၁၉:၁၀:၀၃
1251693

ဂျပန်ကာကွယ်ရေးဝန်ကြီး၏ အမေရိကန်ခရီးစဉ်သည် တရုတ်၏ အင်အားတိုးမြှင့်လာခြင်းအပေါ် ဆွေးနွေး ရန် ဖြစ်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်

ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီသည် အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက် အော်စတင်နှင့် မေလအတွင်း သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေရန် တွေ့ဆုံဆွေးနွေးမည့် ခရီးစဉ်သည် တရုတ်၏ ခိုင်မာအားကောင်းလာမှုကို ရင်ဆိုင်ရန် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။




ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီသည် အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက် အော်စတင်နှင့် မေလအတွင်း သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေရန် တွေ့ဆုံဆွေးနွေးမည့် ခရီးစဉ်သည် တရုတ်၏ ခိုင်မာအားကောင်းလာမှုကို ရင်ဆိုင်ရန် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

တရုတ်၏ စစ်ရေးတိုးမြှင့်လာခြင်း၊ ထိုင်ဝမ်အပေါ် သံတမန်နှင့် စီးပွားရေးဖိအားများ လုပ်ဆောင် လာခြင်းတို့အပေါ် ၎င်းတို့နှစ်ဦးတွေ့ဆုံပွဲတွင် ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း Global Times သတင်းစာက ဖော်ပြသည်။

အရှေ့အာရှတွင် လက်ရှိတည်ငြိမ်နေသည့်အခြေအနေကို တရုတ်က အင်အားသုံးပြီး တစ်ဘက်သတ် ပြောင်းလဲရန် ကြိုးပမ်းနေခြင်းကိုလည်း ဆွေးနွေးလိမ့်မည်ဟု သတင်းတွင် ဖော်ပြထားသည်။

တရုတ်က ထိုင်ဝမ်အား ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများစွာ ဖြစ်သောကြောင့် ဂျပန်အနေဖြင့် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကာ ကာကွယ်ရေး ဝန်ကြီး ၂ ဦး၏ ဆွေးနွေးပွဲတွင် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ အကူအညီပေးရေး အစီအစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်၊ တောင်တရုတ်ပင်လယ် နှင့် အာရှ-ပစိဖိတ်ဒေသတို့နှင့် အနီးဝန်းကျင်ဒေသတို့တွင် ဖြစ်ပေါ်သည့် မည်သည့်ခြိမ်းခြောက်မှုကိုမဆို ဟန့်တားရေးအတွက် ဂျပန်အနေဖြင့် ဆွေးနွေးခွင့် ရရှိနိုင်မည်ဖြစ်သည်။

ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် အမေရိကန်နှင့် ဂျပန်တို့အကြား ဇန်နဝါရီလအတွင်းက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ရာတွင် ဂျပန်တွင် အမေရိကန်စစ်တပ်ထားရှိပေးခြင်း အတွက် ကုန်ကျစရိတ်ကို မျှဝေကျခံရန် ၅ နှစ် စာချုပ်သစ်ကို ချုပ်ဆိုခဲ့သည်။


====================================
END /251