အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
စနေနေ့

၃၀ ဧပြီ ၂၀၂၂

၁၉:၀၁:၁၄
1253471

မလေးရှားအစိုးရက ဒုက္ခသည်ကတ်များထုတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီးပြောကြား၊ ချင်းဒုက္ခသည် ၄ သောင်းကျော်ရှိ

မလေးရှားအစိုးရက သက်ဆိုင်ရာအေဂျင်စီများမှတဆင့် နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို အသိအမှတ်ပြု ကတ်များထုတ်ပေးရန်စီစဉ်နေကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး ဟမ်းဇ ဇိုင်နူဒင်မှ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။





မလေးရှားအစိုးရက သက်ဆိုင်ရာအေဂျင်စီများမှတဆင့် နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို အသိအမှတ်ပြု ကတ်များထုတ်ပေးရန်စီစဉ်နေကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး ဟမ်းဇ ဇိုင်နူဒင်မှ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

မလေးရှားအာဏာပိုင်များသည် မည်သည့်ဒုက္ခသည်မဆို နိုင်ငံအတွင်း ဆက်လက်နေထိုင်နိုင်ခွင့် ရှိ မရှိကို ဆုံးဖြတ်ရမည့်သူများဖြစ်ပြီး အစိုးရအေဂျင်စီမှကြီးကြပ်ပြီး အသိအမှတ်ပြုကတ်များ ထုတ်ပေးရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ မှတ်ပုံတင်ခြင်း(ကတ်ထုတ်ပေးခြင်း)ကို လုပ်ဆောင်နေတဲ့ အခြားအေဂျင်စီတွေ လည်း ရှိနေတယ်လို့” ပူတရာဂျာယာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့သည်။

မလေးရှားအစိုးရမှ နိုင်ငံအတွင်းဒုက္ခသည်များကို အသိအမှတ်ပြုကတ်ပြားထုတ်ပေးမည့်ကိစ္စနှင့် ပတ် သက်ပြီး “ မလေးရှားအစိုးရက ဒုက္ခသည်လက်ခံထားရေးအတွက် လက်မှတ်မထိုးထားဘူး။ ဒါပေမယ့် သူ့နိုင်ငံအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ မှတ်တမ်းမှတ်ရာတွေကိုလည်း အစိုးရကလိုချင်တယ်။ နောက်ပြီး ဒုက္ခသည်တစ်ဦးချင်း အချက်အလက်သိချင်လို့ UN ကို တောင်းတာကြာပြီ။ UN ကလည်း ဒီလိုအချက် အလက်တွေပေးပိုင်ခွင့်မရှိဘူးဆိုပြီး ပြောတယ်။ အခုအစိုးရဘက်က ဒုက္ခသည်ကို ကတ်ထုတ် ပေးမယ်လို့ ပြောတာက အချက်အလက်လိုချင်တာထင်တယ်” ဟု UN ကတ်ကိုင်ဆောင်ထားသည့် ချင်းလူမျိုးတစ်ဦး က ဆိုသည်။

ထို့အပြင် “ အခုလို မလေးရှားအစိုးရကနေ ဒုက္ခသည်ကတ်တွေထုတ်ပေးတဲ့အခါမှာ ကျွန်တော်တို့စိုးရိမ် တာတစ်ခုရှိတယ်။ မလေးရှားအစိုးရက ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူကို ခွဲခြားလိုက်ရင် UN ကတ် မရသေးသူတွေအတွက် စိုးရိမ်ရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အခု UN ကိုတောင်းနေတာက ၂၀၁၉ ခုနှစ်က ခိုလှုံခွင့်တောင်းခံသူတွေကို အမြန်ဆုံးမှတ်ပုံတင်ပေးဖို့ တောင်းဆိုထားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ချင်းလူမျိုးဒုက္ခသည် လေးသောင်းနီးပါးရှိပြီး နှစ်သောင်းဝန်းကျင်မှာ UN အသိအမှတ်ပြုကတ်ပြားကိုင်ဆောင်ထားပြီး ကျန်သူများမှာ ခိုလှုံခွင့်လျှောက်ထားသူ(အဖွဲ့အစည်း)ကတ် ကိုင်သူများဖြစ်ပြီး အဆိုပါကတ်ပြားကို UN က တရားဝင်အသိအမှတ်ပြုထားခြင်းမရှိကြောင်း သိရသည်။

****************************************************************
END / 251