အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂ မေ ၂၀၂၂

၁၉:၂၈:၀၇
1254210

မအ်စူ မာယေကွမ်း (စ.အ) ရောင်ဇာတော် တွင် နမာဇ်ဇေ အီးဒ်ဒေ ဖေသ်ရ် အား အာယာသွလ္လာဟ် ဆရက်ဒ် စအီးဒီမှ ဦးဆောင် ဝတ်ပြုမည်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သာသနာ့ ရွှေမြို့တော် ရှိ သခင်မကြီး ဖွာတွေမာမအ်စူမာယေကွမ်း (စ.အ) ရောင်ဇာတော် တွင် အီးဒ်ဒေ ဖေသ်ရ် နမာဇ် အား ဟဇရသ် အာယာသွလ္လာဟ် စအီးဒီ မှ ရှေ့ဆောင် ဝတ်ပြုပေးမည် ဖြစ်ပါတယ်။ အဲဟ်ကာမ် (ဘာသာရေးဆိုင်ရာ ဥပဒေသများ ) ကို တင်ပြပြီး ဒိုအာယေ နွဒ်ဗာ အားလည်း ဖတ်ရွတ် မည် ဖြစ်ပါတယ်။


မနက်ဖန် ခရစ် သက္ကရာဇ် ၂၀၂၂ခုနှစ် မေလ ၃ရက် အင်္ဂါနေ့ တွင် ကျရောက်လာသည့် အီးဒ်ဒေ ဖေသ်ရ် ၏ နမာဇ်အား အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သာသနာ့ ရွှေမြို့တော် ရှိ သခင်မကြီး ဖွာတွေမာမအ်စူမာယေကွမ်း (စ.အ) ရောင်ဇာတော် တွင် ဟဇရသ် အာယာသွလ္လာဟ် စအီးဒီ မှ ဒေသစံတော် ချိန် ၈နာ ရီ တွင် ရှေ့ဆောင် ဝတ်ပြုပေးမည် ဖြစ်ပါတယ်။

သတင်း အထာက်အထားများအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သာသနာ့ ရွှေမြို့တော် ရှိ သခင်မကြီး ဖွာတွေမာမအ်စူမာယေကွမ်း (စ.အ) ရောင်ဇာတော် တွင် နမာဇ်ဇေဖဂ်ျရ် ပြီးနောက် ဇေယာရသ် သေအာရှုရာ ဖတ်ရွတ်ပါမည်။ပြီးနောက် ဒေသစံတော်ချိန် ၆နာရီခွဲ တွင် ဒိုအာယေ နွဒ်ဗာ ကိုဖတ်ရွတ်ကြပါမည်။ပြီး နောက် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ဖတ်ရွတ်မှု နှင့် အဲဟ်ကာမ် (ဘာသာရေးဆိုင်ရာ ဥပဒေသများ ) ကို တင်ပြမှု ကို ပြုလုပ်မည် ဖြစ်ပါတယ်။

နမာဇ်ဇေ အီးဒ်ဒေ ဖေသ်ရ် အား အာယာသွလ္လာဟ် စအီးဒီ မှ ရှေ့ဆောင် မှုဖြင့် ဂျမာအသ် ဖြင့် စုပေါင်း ဝတ်ပြု မည် ဖြစ်ပြီး အမျိုးသမီး များလည်း ပါဝင် ဝတ်ပြု ကြမည် ဖြစ်ပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++

END / 251