အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၃ မေ ၂၀၂၂

၁၉:၁၆:၁၉
1254290

ဖာပွန်ခရိုင်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စပါးကျီနှင့် ဆန်စက် မီးလောင်ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ ဖာပွန်(မူတြော် )ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာမှာ မေ ၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စပါးကျီးနဲ့ ဆန်စက်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


 



ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ ဖာပွန်(မူတြော် )ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာမှာ မေ  ၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စပါးကျီးနဲ့ ဆန်စက်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ က ၈၁ မမ ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံစောဖားကယ်ပိုင် စပါးတင်း ၉၀ ပါ စပါးကျီးနဲ့ ဆန်စက်တလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင့်စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “စကစ ကပစ်လို့ စပါးကျီနဲ့ ဆန်စက်မီးလောင်သွားတယ်။ လက်နက်ကြီးက နေ့တိုင်းပစ်နေတော့ အဆင်ပြေတဲ့နေရာမှာ တိမ်းရှောင်အိပ်တော့ လူတွေမထိခိုက်ဘူး” လို့ ပြောပါတယ်။


****************************************************************
END / 251