အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃ မေ ၂၀၂၂

၁၉:၁၉:၂၇
1254292

အစ္စလာမ့်နိုင်ငံရှိ ပြည်သူလူထု နှင့် နိုင်ငံခေါင်းဆောင်များကို အီရန် သမ္မတ မှ မိုဘာရတ်က် ပြောကြား

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ အီးဒ်ဒေ ဖေသ်ရ် အချိန်အခါ တွင် အစ္စလာမ့်နိုင်ငံရှိ ပြည်သူလူထု နှင့် နိုင်ငံခေါင်းဆောင်များကို မိုဘာရတ်က် ပြောကြားခဲ့ပါတယ်။


အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ လမြတ် ရမ်တွာန် ၏ အဆုံးသတ် ပြီးနောက် အီးဒ်ဒေ ဖေသ်ရ် အချိန်အခါ တွင် အစ္စလာမ့်နိုင်ငံရှိ ပြည်သူလူထု နှင့် နိုင်ငံခေါင်းဆောင်များကို မိုဘာရတ်က် ပြောကြားခဲ့ပါတယ်။

သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ အီးဒ်ဒေ ဖေသ်ရ်အား လူသားများ ဆိုင်ရာ ကြီးကျယ်မြင့်မြတ် မှုကို ထုတ်ဖော် ရသည့် အချိန်အခါ အဖြစ် သတ်မှတ် ပြောဆိုပြီး အီးဒ်ဒေ ဖေသ်ရ် အချိန်အခါ သည် အစ္စလာမ်လောက အတွက် စည်းလုံး ညီညွတ်ကြရန် နှင့် ပဋိပက္ခများ ကို အဆုံးသတ် စေပြီး တစ်လောကလုံးကို လုံခြုံ အေးချမ်းသာယာ စေဖို့ အကြောင်းခံ ဖြစ်မည် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပါလီမန် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီးဗါဖ် မှ လည်း အစ္စလာမ့်နိုင်ငံများ ရှိ မိမိ နှင့်ရာထူးတူ ပါလီမန် ဥက္ကဋ္ဌ များ ကို အီးဒ်ဒေဖေသ်ရ် အတွက် မိုဘာရတ်က် ပြောကြားခဲ့ပါတယ်။

အီရန် ပါလီမန် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီးဗါဖ် မှ မိမိတင်ပြချက်တွင် ကမ္ဘာအဝှမ်းရှိ မွတ်စလင်မ်များ အားလုံး အား အီးဒ်ဒေဖေသ်ရ်အတွက် မိုဘာရတ်က် ပြောကြား ပြီးလက်ရှိ အခြေ အနေ ကို ရှုမြင် ၍ ကျမ်းတော်မြတ်ကုရ်အာန် ၏ သွန်သင် ချက်များ နှင့် မွတ်စလင်မ်များ ၏ စည်းလုံး ညီညွတ်မှုကို မြှင့်တင် ပေးခြင်းသည် မွတ်စလင်မ်များ ၏ ပြဿနာ အခက်အခဲများ အတွက် ဖြေရှင်း ရန် နှင့် မွတ်စလင်မ်များ ၏ ပျော်ရွှင် မှုများကို တည်ဆောက်ရန် အလွန် တရာ အထောက် အကူ ရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် ပါလီမန် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီးဗါဖ် မှ ဆက်လက်ပြီး အစ္စလာမ့်နိုင်ငံ အကြီးအကဲများ ခေါင်းဆောင်များ အနေဖြင့် ညီရင်းအစ်ကိုပမာဆက်ဆံရေးကို ခိုင်မာ အောင်ပြုခြင်းဖြင့် အေးချမ်းမှု နှင့်လုံခြုံမှုကို တိုးမြှင့်အောင်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အီးဒ်ဒေဖေသ်ရ် သည် အစ္စလာမ် အီးဒ်များ မှ တစ်အီးဒ် ဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်း ရှိမွတ်စလင်မ်များ ကျင်းပ ကြပါတယ်။

****************************************************************

END / 251