အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
တနင်္ဂနွေနေ့

၈ မေ ၂၀၂၂

၁၉:၂၄:၀၄
1255883

အာဖဂန် နစ္စတန် စီးပွားရေး ပြိုလဲကာ အစာရေစာ ရှားပါး ငတ်မွတ်မှုကြောင့် ကလေးငယ်များ ဆိုးရွားစွာ ထိခိုက်ခံစားရနိုင်

အာဖဂန်နစ္စတန်နိုင်ငံတွင် လူအများအပြားသည် ရမ်ဇာန်ဥပုသ်လအတွင်း ပြင်းထန်သော စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီး ယင်းအခြေအနေအပေါ် ခုခံနိုင်စွမ်း အားအနည်းဆုံးဖြစ်နေသူများမှာ ကလေးများ ဖြစ်ကြောင်း Save the Children အဖွဲ့က ပြောသည်။

 



အာဖဂန်နစ္စတန်နိုင်ငံတွင် လူအများအပြားသည် ရမ်ဇာန်ဥပုသ်လအတွင်း ပြင်းထန်သော စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရပြီး ယင်းအခြေအနေအပေါ် ခုခံနိုင်စွမ်း အားအနည်းဆုံးဖြစ်နေသူများမှာ ကလေးများ ဖြစ်ကြောင်း Save the Children အဖွဲ့က ပြောသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ပြင်းထန်ကြီးလေးသော လူသားချင်းစာနာမှု အကျပ်အတည်းနှင့် အစားအစာ ရှားပါးပြတ်လပ်မှုများနှင့် ဆက်လက်ကြုံတွေ့နေရစဉ် Save the Children အဖွဲ့က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လုံလောက်သည့် အစားအစာ ၊ သင့်တော်သည့် အစာအာဟာရတို့ မရရှိပါက ၎င်းတို့အနေဖြင့် အာဟာရ ချို့တဲ့မှုကို ခံစားလာရနိုင်ပြီး ယင်းကနေတဆင့် နာမကျန်းဖြစ်ခြင်း၊ ရောဂါကူးစက်ခံရခြင်း၊ ကြီးထွားနှုန်း တန့်ခြင်းနှင့် သေဆုံးမှုတို့အထိ ဖြစ်စေနိုင်ကြောင်း Tolo News က ဖော်ပြသည်။

Save the Children အဖွဲ့သည် အာဖဂန်ပြည်သူ အများအပြားနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းတို့အနေဖြင့် အစားအစာများ ဝယ်ရန် မတတ်နိုင်ကြောင်း အာဖဂန်များက ပြောကြသည်ဟု သိရသည်။ အစားအစာ ဈေးနှုန်းများ မြင့်တက်မှုနှင့်ပတ်သက်၍လည်း ၎င်းတို့က ညည်းညူခဲ့ကြသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း နေထိုင်မှု စရိတ်စကများနှင့် အစားအစာ ဈေးနှုန်းများက ထိုးတက်ထားခဲ့သည်ဟု Save the Children အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် နောက်ဆုံးသော လအနည်းငယ်အတွင်း ယင်းနိုင်ငံတွင် ဝင်ငွေရရှိမှုနှုန်းထားများသည် သုံးပုံ တစ်ပုံခန့် လျော့ကျထားခဲ့ဖွယ် ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ တွေ့ရှိချက်များတွင် ဖော်ပြထားကြောင်း ယင်းအစီရင်ခံစာက ကိုးကားဖော်ပြသည်။

ထို့ပြင် အလုပ်လက်မဲ့ဖြစ်ပြီး စားရာနေရာမဲ့ဖြစ်လာသော မိသားစုအရေအတွက်သည်လည်း တိုးလာနေပြီး ထိုမိသားစုများသည် ၎င်းတို့၏ ကလေးများကို ကျွေးမွေးရန် ကြံမိကြံရာ လုပ်ရပ်များကို မတတ်သာသည့်အဆုံး လုပ်ဆောင်နေကြရကြောင်း မီဒီယာသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

****************************************************************
END / 251