အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၄ မေ ၂၀၂၂

၁၉:၁၈:၃၆
1257511

ဆော်ဒီ အစိုးရ မှ ရှီအာ နှစ်ဦးအား ခေါင်းဖြတ် ကွပ်မျက်

ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန မှ မခိုင်လုံသည့် အကြောင်းပြချက် ၊ စွဲချက်ဖြင့် ကသီးဖ် နေ ရှီအာ လူငယ်လူရွယ် နှစ်ဦး အား ခေါင်း ဖြတ်ကွပ်မျက်ခဲ့ကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။ ဆော်ဒီ ပြည်ထဲ ရေး ဝန်ကြီးဌာန မှ လည်း ကသီးဖ် နေ ရှီအာ လူငယ်လူရွယ် နှစ်ဦး အား ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

 

 


ဆော်ဒီအစိုးရ မှ စနေနေ့ တွင် ဟိုစိန် အာလေ ဗူအဗ်ဒွလ္လာဟ် နှင့် မိုဟမ္မဒ် ခေစ်ရ် အလ်အဝါမီ အမည်ရှိ ရှီအာ လူငယ် နှစ်ဦးအား အကြောင်းမဲ့ ခိုင်လုံမှု မရှိသည့် စွဲချက် ဖြင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့ပါတယ်။

ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန မှ ၎င်း ရှီအာ လူငယ် နှစ်ဦး အား အကြမ်းဖက် အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း နိုင်ငံ အတွင်း မငြိမ်မသက်ဖြစ်အောင် ဖန်တီးခြင်း ၊ လက်နက်များ လက်ဝယ် ထားရှိခြင်းဆိုသည့် စွပ်စွဲချက်များ နှင့် အမျိုးသားလုံခြုံရေး ကိုနှောင့်ယှက်ရန် ရည်ရွယ်မှု ဆိုသည့် စွပ်စွဲချက် ဖြင့် စွဲချက် တင်ခဲ့ပါတယ်။

Twitter လှုပ်ရှားသူ ကသီးဖ် မြို့သားတစ်ယောက်မှ ဆော်ဒီ အာဏာပိုင်များ အနေဖြင့် နိုင်ငံရေးအကျဉ်းသမား နှင့် ဆော်ဒီနိုင်ငံ ရှေ့ရေးအတွက် တွေးခေါ်ပေးသူ ဟိုစိန် အာလေ ဗူအဗ် ဒွလ္လာဟ် နှင့် မိုဟမ္မဒ် ခေစ်ရ် အလ်အဝါမီ အမည်ရှိ ရှီအာ လူငယ် နှစ်ဦးအား ကွပ်မျက်ပြီးနောက် ၎င်းတို့ ၏ အလောင်း အား ထုတ်ဖော်ပြသခြင်းမရှိသည့်နေရာ တွင် မြှုပ်နှံ ထား ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် မတ်လ တွင် ဆော်ဒီ ပြည်ထဲရေး ဝန်ကြီး ဌာန မှ ၈၁ ဦး အား အမှန်ကန်သည့် အတွေးအခေါ် ရှိမှု ၊ မှားယွင်းနေသည့် အကီဒဟ်(ခ)ယုံကြည်ချက် ထားရှိမှု IS အကြမ်းဖက်အဖွဲ့ ၊ အလ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ ၊ ဆော်ဒီများ မတရား တိုက်ခိုက်အနိုင်ကျင့်နေသည့် အန်ဆွာရိုလ္လာဟ်ယီမင်နီ အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက် မှု ၊လုံခြုံရေး ကိုနှောင့်ယှက်မှု ၊ မငြိမ် မသက်ဖြစ်အောင် ဖန်တီးမှု စသည် စွပ်စွဲချက်များ ဖြင့် ခေါင်းဖြတ် ကွပ်မျက် ခဲ့ပါတယ်။ ထိုကွပ်မျက်ခံ အယောက် ၈၁ ယောက်တွင် အယောက် ၄၀ မှာ ရှီအာ များ ဖြစ်ကြပါတယ်။

ဆော်ဒီ အစိုးရမှ နှစ်စဉ်နှစ်တိုင်း အာလေ့စအူးဒ် အား လွတ်လပ်စွာ ပြောဆိုကြသည့် ဆန်ကျင့်သူ ၊လက်မခံသူအများအပြားအား အကြမ်းဖက် တိုက်ဖျက်ရေး ဆိုသည့် အကြောင်းပြချက် ဖြင့် သေဒဏ် ချမှတ် ကွပ်မျက်နေပါတယ်။

မကြာသေးမီ နှစ်များ အတွင်း ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်း ရှိ ဖိနှိပ်ချုပ်ချယ်ခံ ပြည်သူများ မှ အလ်အဝါမီယေးဟ် နှင့် ကသီးဖ် မြို့ များတွင် ဆော်ဒီ အစိုးရ ၏ ဖိနှိပ်မှု နှင့် အမြောက်အများ ကို သေဒဏ်ပေး ကွပ်မျက်မှု အတွက် သပိတ်မှောက် ဆန္ဒပြ ခဲ့ကြပါတယ်။ သပိတ်မှောက် ဆန္ဒပြ တိုင်း ဆော်ဒီ စစ်သားများ မှ အပြင်းအထန် နိုင်နင်း ရက်စက် ဖြို ခွဲ ခဲ့ကြပါတယ်။

အကျော် အမော် ဆော်ဒီ နိုင်ငံသား နိုင်ငံရေး သမား ရှီအာ ဘာသာရေး ခေါင်းဆောင် ရှိက်ခ် နမေရ် အား အာလေ့ စအူးဒ်ကို ဆန်ကျင့်ပြီး နိုင်ငံတော်၏ လုံခြုံရေးကို ပျက်စီးမှု ဆိုသည့် မတရား စွဲချက်ဖြင့် ၂၀၁၅ ခုနှစ် တွင် သေဒဏ်ပေး ခေါင်းဖြတ် ကွပ်မျက် ခဲ့ပါတယ် ။

အင်န်ရှာအလ္လာဟ် ဆော်ဒီ အစိုးရ၏ မတရား ညဉ်းပန်း ရက်စက် သတ်ဖြတ်မှုများ သည် မကြာမီ အနှေး နှင့်အမြန် အလ္လာဟ်ဟို အရှင်မြတ် ဘက်တော် မှ အဖြေပေး ပြစ်ဒဏ်ခံရမည်ဖြစ်ပါတယ်။

****************************************************************

END / 251