အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၁၆ မေ ၂၀၂၂

၀၅:၀၀:၂၀
1257879

လက်နက်ဝယ်မည့်ငွေ ကျပ် သိန်း ၁၂၀ အလွဲသုံးစားလုပ်သွားသည့် ကျောင်းသား ၁ ဦးကို အမည်ပျက်ကြေညာ

စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ဝယ်မယ့်ငွေတွေ အလွဲသုံးစားလုပ်သွားတဲ့ ပင်လုံနည်းပညာတက္ကသိုလ်က ကျောင်းသားတယောက်ကို ရာသက်ပန်ကျောင်းရပ်နားပြီး ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက် ကြေညာပါတယ်။



စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ဝယ်မယ့်ငွေတွေ အလွဲသုံးစားလုပ်သွားတဲ့ ပင်လုံနည်းပညာတက္ကသိုလ်က ကျောင်းသားတယောက်ကို ရာသက်ပန်ကျောင်းရပ်နားပြီး ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက် ကြေညာပါတယ်။

ကျောင်းသား စိုင်းထင်အောင်(ခ) လင်းထင်ဟာ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)ရဲ့ လက်နက်ဝယ်ဖို့ ငွေကျပ် သိန်း ၁၂၀ ကို အလွဲသုံးစားလုပ်ခဲ့တာလို့ ဆိုပါတယ်။

သူ့ထံကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ငွေလွှဲပေးခဲ့ပြီးနောက်ပိုင်း သတ်မှတ်ရက်ကျော်တဲ့အထိ မဆက်သွယ်ခဲ့သလို နောက်ထပ် ၂ လစောင့်ပေမယ့် ဆက်သွယ်အကြောင်းပြန်တာမရှိဘူးလို့ တပ်ဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)က ပင်လုံနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို အကူအညီတောင်းခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ ပင်လုံနည်းပညာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကလည်း စိုင်းထင်အောင်ကို မတ် ၄ ရက်နေ့မှာ တကြိမ်၊ ၃၀ ရက်မှာတကြိမ် လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ပေမယ့် မလာခဲ့ဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါကြောင့် တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး တိမ်းရှောင်ထွက်ပြေးနေတဲ့ စိုင်းထင်အောင်(ခ)လင်းထင်ကို ယာယီတက္ကသိုလ်ကောင်စီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်အရ အမည်ပျက်စာရင်းသွင်းပြီး ကျောင်းကနေရပ်နားလိုက်သလို ကျန်ကိစ္စတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းအရေးယူသွားမယ်လို့ ဆိုပါတယ်။

****************************************************************
END / 251