အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
ကြာသပတေးနေ့

၁၉ မေ ၂၀၂၂

၁၅:၂၂:၅၇
1258969

ရခိုင်တွင် ပြဿနာတက်လာပါက တပ်ကို အဆိုးမဆိုရန် ဗိုလ်ချုပ်ဇော်မင်းထွန်း ခြိမ်းခြောက်

ရခိုင်တွင် စစ်ရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားလာပါက စစ်တပ်ကို အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ မေလ ၁၉ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ခြိမ်းခြောက်ပြောကြားသည်။



ရခိုင်တွင် စစ်ရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားလာပါက စစ်တပ်ကို အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ မေလ ၁၉ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ခြိမ်းခြောက်ပြောကြားသည်။

“ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာ တက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ပြည်ပသို့ ထွက်ခွါနိုင်ရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ကို ပြောကြားခဲ့သည့် အတွက် ထွက်ခွါခွင့် ပြုခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ရပ်တန့်သွားပြီး စစ်ရေးအရ တည်ငြိမ်မှုရှိသည့် ရခိုင်ပြည်နယ်သည် လက်ရှိ အချိန်တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးအရ တင်းမာမှုများ ရှိနေသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာ အကောင့်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရခိုင်) တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို “သိပ်လျှောက် မလုပ်ရန်” နှင့် ငြိမ်းချမ်းရေး ကို ဂရုစိုက်နေမည် မဟုတ်ဘဲ အမ်းစစ်ဌာနချုပ်ကိုပါ တက်သိမ်းမည်ဟု စိန်ခေါ် သတိပေးမှုလည်း ပြုလုပ်ထားသည်။

AA သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ဆွေးနွေးမှုများ ရှိနေပြီး ဆက်ဆံရေးကောင်းမွန်သည့် အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များကို စစ်ရေးအရ အကူအညီ ပေးခဲ့မှုများ ရှိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

****************************************************************
END / 251