အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
အင်္ဂါနေ့

၂၄ မေ ၂၀၂၂

၁၉:၁၆:၄၀
1260580

ရန်ကုန်တွင် တစ်နာရီကျော်ကြာ မိုးသက်လေပြင်းကျရောက်ပြီး သစ်ပင်ပြိုလဲကာ လမ်းပိတ်ဆို့မှုအချို့ ဖြစ်ပေါ်

ရန်ကုန်မြို့တွင် တစ်နာရီကျော်ကြာမိုးသက်လေပြင်းကျရောက်ခဲ့သည့်အတွက် မြို့နယ်အချို့တွင် သစ်ပင် ပြိုလဲခြင်းများဖြစ်ပွားကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

 


ရန်ကုန်မြို့တွင် တစ်နာရီကျော်ကြာမိုးသက်လေပြင်းကျရောက်ခဲ့သည့်အတွက် မြို့နယ်အချို့တွင် သစ်ပင် ပြိုလဲခြင်းများဖြစ်ပွားကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

ယနေ့ မေ ၂၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီ ဝန်းကျင်အထိ မိုးကြီး၍လေပြင်းတိုက်ခတ်ခဲ့သဖြင့် စမ်းချောင်းမြို့နယ်အတွင်း သစ်ပင်အချို့ပြိုလဲခဲ့သည်။

မိုးကြီး၍ လေပြင်းတိုက်ခတ်မှုကြောင့် စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းရှိ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းဘေး ဆိုက်ကားဂိတ်အနီးတွင် ပိတောက်ပင်သစ်ကိုင်းကျိုးကျ၍ ဈေးဆိုင်တစ်ဆိုင် ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်မှုမရှိကြောင်း သိရသည်။

ထို့အပြင် စမ်းချောင်းမြို့နယ် ခေတ္တာလမ်းအတွင်းရှိ နေအိမ်တစ်အိမ်ရှေ့မှ သရက်ပင်တစ်ပင် ပြိုလဲကျမှု ကြောင့် လမ်းပိတ်ဆို့ဖြစ်ပွားခဲ့သည်။

ယနေ့ ရန်ကုန်တွင်မိုးကြီး၍ မဂ်လာတောင်ညွှန့်မြို့နယ်အပါအဝင် အချို့မြို့နယ်များရှိ လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

****************************************************************
END / 251