အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁ ဇူလိုင် ၂၀၂၂

၂၃:၅၇:၂၆
1271594

ဟဇရသ် အလီ (علیه السّلام ) နှင့် ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) တို့ ၏ လက်ထပ်မင်္ဂလာ

ဇေလ်ဟဂ်ျဂျာ လမြတ် ၏ ပထမရက် သည် ဟဇရသ် အလီ (علیه السّلام ) နှင့် ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) တို့ ၏ လက်ထပ်မင်္ဂလာ နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဤအတွက် ဤ မင်္ဂလာ အကြောင်း အနည်းငယ် တင်ပြလိုက်ပါတယ်။


 

ဟဇရသ် အလီ (علیه السّلام ) နှင့် ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) တို့ ၏ လက်ထပ်မင်္ဂလာအား ဟီဂျရီ သက္ကရာဇ် ၏ ဒုတိယနှစ် ဇေလ်ဟဂ်ျဂျာ လမြတ် ၏ ပထမရက် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သခင်ကြီး နှင့် သခင်မကြီးတို့၏ နေကာဟ် အား မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ ပထမကတည်း က ဖတ်ပေးထားပြီးဖြစ်ပါသည်။အချို့ သူတေသီများ ၏ အဆို အရ နေကာဟ် ဖတ်ပေး ပြီး ၁၀ လ အကြာ မှ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာဟ် (سلام الله علیها ) သည် ဟဇရသ် အလီ (علیه السّلام ) ထံ ကို သွားခဲ့ခြင်း ဖြစ်ပါသည်။ ဟဒီးစ်တော်၏ စာအုပ်များ အရ ဟဇရသ် အလီ (علیه السّلام ) မတိုင်ခင် အလျင် မိုဟာဂျေရီးန် နှင့် အန်ဆွာမှ အရေးပါအရောရောက် သူများသည် တမန်တော်မြတ် (صلّی الله علیه وآله وسلم ) ကြီး ထံ သခင်မကြီး နှင့် လက်ထပ်ရန် တောင်း ဆိုခဲ့ကြပါသည်။ သို့သော် ကိုယ်တော်မြတ်ကြီး(صلّی الله علیه وآله وسلم ) သည် ၎င်း တို့၏ တောင်းဆိုချက်များကို ငြင်းဆန်တော်မူခဲ့ပါသည်။

ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) ၏ မဟာငွေ နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ လာရှိပါ သည်။ သခင်မကြီး ၏ မဟာငွေမှာ ဒေရ်ဟန်မ် ၄၀၀ နှင့် ၅၀၀ အကြား ဖြစ်ပါသည်။ ရှီအာ ဖေရ်ကာ အကြားတွင် မဲဟ်ရေစွန္နသ် အဖြစ် ကျော်ကြားပါသည်။ ဟဒီးစ်တော်များ ၏ အထောက်အထားများ အရ ဟဇရသ် အလီ (علیه السّلام ) မိမိ၏ သံချပ်ကာအင်္ကျီ ကို ရောင်းချပြီး ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) ၏ မဟာငွေကို ပေးဆောင်ခဲ့ပါသည်။ သခင်ကြီး နှင့် သခင်မကြီး တို့ ၏ လက်ထပ် မင်္ဂလာ အထိမ်းအမှတ် အဖြစ် မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ မဒီနာ မြို့ သားများကို ဝလီမာ ထမင်းကျွေး ဧည့်ခံ ခဲ့ပါသည်။

 

သခင်မကြီး အနေဖြင့် သခင်ကြီးအိမ်သို့ သွားချိန် မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ သခင်မကြီး ၏ လက်အား သခင်ကြီး ၏ လက်တွင် ပေးတော်မည် ဤသို့ ဒိုအာ ပြုတော်မူလေ၏။ ယာအလ္လာဟ် … ဤသူနှစ်ဦး ၏ နှလုံးသားများကိုလည်း အချင်းချင်း အပြန်အလှန် နီးကပ်စေပြီး ၎င်းတို့၏ မျိုးဆက်များကို မင်္ဂလာ ရှိ စေတော်မူပါ။

 

သခင်မကြီးအား လာတောင်းခြင်း

 

သခင်မကြီး ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) အား လာတောင်းသည် ကိစ္စ နှင့်ပတ်သက်ပြီးအနည်းငယ် အကွဲအလွဲဖြင့် ရှီအာ ၊စွန်နီ ကျမ်းကိုးများတွင်လာရှိပါသည်။ ၎င်းကျမ်းကိုးများ အရ သာဝကများ ဖြစ်ကြသည့် ဟဇရသ် အဘူဗကဲရ် ၊ ဟဇရသ် အိုမရ် ၊ဟဇရသ် အဗ်ဒိုရ်ရဟ်မန် ဗင် အောဖ် တို့သည် သခင်မကြီး နှင့် လက်ထပ်ခွင့်ပေးရန် တမန်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) ထံ တောင်းခံခဲ့ကြပါသည်။ ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ ငါ့သမီးတော်၏ လက်ထပ်မင်္ဂလာ ကိစ္စ ဆုံးဖြတ်ချက် ဟာ အလ္လာဟ် လက်တော် တွင် ရှိကြောင်း ဤအတွက်ကြောင့် အလ္လာဟ်၏ အမိန့်ကို စောင့်မျှော်နေကြောင်း အဖြေပေး မိန့်တော်မူခဲ့ပါသည်။

ကျမ်းကိုး - بن سعد، طبقات، ح۸، ص۱۱؛ قزوینی، فاطمۃ الزہراء از ولادت تا شہادت، ص۱۹۱۔

 

အချို့ မိုဟာဂျေရီးန် မှ ဟဇရသ် အလီ (علیه السّلام ) အား သခင်မကြီးကို သွားတောင်းဖို့ တိုက်တွန်းကြလေ၏။ ထိုအခါ သခင်ကြီးမှ အလ္လာဟ်အားကျိန်ဆိုပြီးပြောပါတယ် ။ ငါဆီမှာ ဘာမှမရှိဘူး ဟု အဖြေပေးလေ၏။ နောက်ဆုံး ဟဇရသ် အလီ (علیه السّلام ) သည် ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) ထံ ရောက်သွားလေ၏။ သို့သော် ရှက်လွန်း ၍ သခင်မကြီး နှင့်လက်ထပ်လိုသည့် ကိစ္စ အား ဘာမှမပြောဘဲနေလေ၏။ တတိအကြိမ် တွင် ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) ထံ သခင်မကြီး ကို တောင်းလေ၏။ ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ မိန့်တော်မူလေ၏။ မင်းမှာ (ငါ့သမီးကိုတောင်းဖို့) တစ်ခုခု ရှိပါသလား ? ဟဇရသ် အလီ (علیه السّلام ) အဖြေပေးလေ၏။ အို အလ္လာဟ့်၏ တမန်တော်မြတ် (صلّی الله علیه وآله وسلم ) ကျနော်ထံမှာ သံချပ်ကာ အင်္ကျီ တစ်ထည်မှ အပ အခြား ဘာပစ္စည်းမှာ မရှိပါ။ ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ မဟာငွေ အဖြစ် ရွှေ တစ်ဆယ့်နှစ်အောင်စခွဲ ကို သတ်မှတ်တော်ပြီး သံချပ်ကာ အင်္ကျီအား ပြန်ပေးတော်မူ ခဲ့လေ၏။

ကျမ်းကိုး - اعلام الوری، ج۱، ص۱۶۱؛ تاریخ تحقیقی اسلام، محمد ہادی یوسفی غروی، ج۲، ص۲۵۱۔

 

အချို့ မိုဟာဂျေရီးန် မှ သခင်မကြီး အား တောင်းခံ သည်ကိစ္စ နှင့်ပတ်သက်ပြီး တိုင်ကြား စောဒကတက်ကြလေ၏။ ထိုအခါ ကိုယ်တော်မြတ် မိုဟမ္မဒ် (صلّی الله علیه وآله وسلم ) မှ ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) မင်္ဂလာ ကိစ္စ သည် အလ္လာဟ့် လက်တော်တွင် ရှိကြောင်း (အလ္လာဟ့်အမိန့် အရဖြစ်ကြောင်း ) အဖြေပေးမိန့်တော်မူလေ၏။

ကျမ်းကိုး - تاريخ يعقوبي، ج۲، ص۴۱۔

 

ဟဇရသ် အလီ (علیه السّلام ) နှင့် ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) တို့ အား အချစ်ထားသည့် မွတ်စလင်မ်များ နှင့် ရှီအာ မိဘတိုင်း နှင့် ရှီအာ လူငယ်တိုင်း ဟဇရသ် အလီ (علیه السّلام ) မှ ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) အား ရွေးခဲ့သလို ဟဇရသ် ဖွာတွေမဟ်ဇဲဟ်ရာဟ် (سلام الله علیها ) မှ မိမိအားး လာတောင်းသူတိုင်းကို လက်မခံဘဲ အလ္လာဟ့် သဘောတူသူ ဟဇရသ် အလီ (علیه السّلام ) ကိုသာ ဦးစားပေး ရွေးခဲ့သလို ရွေး နိုင်ကြပါစေလို့ ဒိုအာ ပြုပါတယ်။

 

ဘာသာ ၊ အကီဒဟ် အပျက်ခံ ၊ အာခေရသ် အပျက်ခံ ၊မျိုးဆက် အပျက်ခံ ၍ ခဏတာ ကောင်းစားမှု (ငွေရှိမှု စသည်ဖြင့်) ကို ဦးစားပေးပြီး   ဘာသာခြားများ မဇ်ဟဗ်ခြားများ နှင့် အိမ်ထောင်ပြုခြင်း ကင်းဝေ ကြပါစေ …

 

****************************************************************

END / 251