အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ ဇူလိုင် ၂၀၂၂

၀၇:၅၈:၁၄
1276402

အေမာမ်ဟိုစိန် (အ.စ) ၏ ဘဝတည်ဆောက်မှုကို မွတ်စ်လင်များ အပြင်အခြားသူများကိုလည်း တင်ပြ ပါလေ / အက်ခ်သရီ

အပြည်ပြည်ဆိုင်ရာ အာရူ ရာ ဖောင်ဒေးရှင်း ၏ အကြီးအကဲ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ မှ သအ်ဇီယဟ် ခွါနီ ( ကရ်ဗလာ အဖြစ်အပျက်၏ ကြေကွဲဖွယ် အကြောင်းအရာ များ အတွက် ငိုချင်း ဖတ်ခြင်း ) ဘက်သို့ ညွှန်၍ ဤ အလုပ်သည် အနုပညာ တစ်ခု ဖြစ်ပြီး အခြား ဘာသာစကား များဖြင့်လည်း ပိုမို၍ နားလည်နိုင်အောင် ပြုပေးနိုင်သည့် အလုပ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အပြည်ပြည်ဆိုင်ရာ အာရူ ရာ ဖောင်ဒေးရှင်း ၏ အကြီးအကဲ  ၊ သအ်ဇီယဟ် ခွါနီ (  ကရ်ဗလာ အဖြစ်အပျက်၏ ကြေကွဲဖွယ် အကြောင်းအရာ များ အတွက် ငိုချင်း ဖတ်ခြင်း ) ကော်မတီ ၏ စီမံခန့်ခွဲရေး ကော်မတီ ၏ အကြီးအကဲ  အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ  ၏ ရှေ့ မှေက် တွင် အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ (  ကရ်ဗလာ အဖြစ်အပျက်၏ ကြေကွဲဖွယ် အကြောင်း အရာ များ အတွက် ငိုချင်း ဖတ်ခြင်း ) အစည်းအဝေး တစ်ရပ်အား ဇူလိုင်လ ၂၀ ရက်နေ့ တွင် မြို့တော် တီဟီရန် တွင် ကျင်းပခဲ့ပါတယ်။
 
ဤအစည်းအဝေး ၏ အစ ပထမတွင် အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ အေမာမ်မသ် နှင့် ဝေလာယသ် ၏ နေ့များ အချိန် ဂဒီးရ် ရေခွမ်း၊ ကြီးကျယ်မြင့်မြတ်သည့် အီးဒ်၊ မဟာ အီးဒ် ၊ နှင့် အီးဒ်ဒေ မိုဗါဟေလလ် အတွက် မိုဘာရတ်က် ( ကျက်သရေ မင်္ဂလာ ခညောင်းစေရန် ) ပြောကြားခဲ့ပါတယ်။ ပြီး နောက်ဤ ရက်များ သည် အလွန် ကြီးကျယ် မြင့်မြတ်သည့်နေ့များ ဖြစ်ကြောင်း ကျွန်ုပ်တို့သည်  မုဟာရမ် လ၏ တံခါး ပေါက် အနီးသို့ရောက် လာပြီး ဖြစ်ကြောင်း မုဟာရမ် လသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် ဝမ်းနည်း ကြေကွဲဖွယ် လ ဖြစ်ကြောင်း ဟော ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ အပြည်ပြည်ဆိုင်ရာ အာရူ ရာ ဖောင်ဒေးရှင်း စတင် တည်ထောင် ချိန်မှ စ၍ ယနေ့ အချိန် အထိ ဖောင်ဒေးရှင်း ၏ လှုပ်ရှားမှု များ ဘယ်သို့ ညွှန်၍ ပြောကြားရင်း ကမ္ဘာ တစ်ဝှမ်းတွင် ကျင်းပ လေ့ရှိသည့် ရှီအာမဇ်ဟဗ် ဝင်များ ၏ ကြီးမားသည့် အာ ရှုယေ ဟိုစိန်နီ  အား ကျင်းပ နိုင် ရန် စီစဉ်နိုင်ရန်  ကြိုးစားကြောင်း ကို မိန့်ကြားခဲ့ပါတယ်။

ဤဖောင်ဒေးရှင်း လှုပ်ရှား မှုများ ကို ရည်ညွှန်းပြီး ဤဖောင်ဒေးရှင်း ၏ အကြီးအကဲ မှ လွန်ခဲ့သည့် နှစ်နှစ် အတွင်း ကြောက်စရာကောင်းသည့် ကိုရိုနာ ဗိုင်းရ် ဖြစ်ရပ် ကြောင်း ဖောင်ဒေးရှင်း၏  လှုပ်ရှား မှုများ ကို ဆက်လက်ဆောင်ရွက်ရန်  နှင့် အဲဟ် လေ့ဘိုက်(သ) (အ.စ) ၏ မဇ်ဟဗ်  နောက်လိုက်များ နှင့်  ပူးပေါင်း၍ အစီအစဉ်များ ပြုလုပ်ရန် မအောင်မြင် ခဲ့ ကြောင်း သို့သော်လည်းပဲ  ဖောင်ဒေးရှင်း ဘက်မှ webinars များ နှင့် အွန်းလိုင်း ညီလာခံ များ အများ အပြား စီစဉ် ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ အာရူ ရာ ဖောင်ဒေးရှင်းသည် အများပိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အဖွဲ့၏ လှုပ်ရှား မှုများ နှက့် အစီအစဉ်များ သည်  ပြည်ပ နှင့် နိုင်ငံတကာ အဆင့် ဂရုပြု ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ ၊  Anna Min Hussain Cultural Henry Festival စီစဉ်မှု ၊ မှတ်တမ်းတင် ရုပ်ရှင် ထုတ်လုပ်ရေး ၏ ပရောဂျက် ၊ ရုပ်ရှင်တို ထုတ်လုပ်ရေး ပရောဂျက် တို့သည် ဤ ဖောင်ဒေးရှင်း၏ အစီအစဉ်များ မှ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ    မှ ပြောကြားခဲ့ပါတယ်။

ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ ၏ ဥက္ကဋ္ဌ ဖြစ်သူ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ  ရဲဟ်ဗရ်အင်န်ကေလာဗ်  အစ္စလာမ်မီ ၏ တိုက်တွန်းချက်အရ သအ်ဇီယာ ခွါနီ အား မွတ်စလင်မ်များ အပြင် အခြားသူများ အတွက်ပါ ဖြစ်အောင် ကြိုးစားသင့်ကြောင်း ၊ အခြား မဇ်ဟဗ် ဝင်များ နှင့် မွတ်စလင်မ် မဟုတ်သူများ အကြားတွင်လည်း အကောင်အထည် ဖော်သင့်ကြောင်း ၎င်းတို့ အား ရှီအာမဇ်ဟဗ် နှင့်ပတ်သက်ပြီး မိတ်ဆက်ပေးသင့်ကြောင်း  မိန့်ကြား ခဲ့ပါတယ်။

မဂျ်မအ် အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြီးအကဲများမှ တစ်ဦး ဖြစ်သူ အာယာ သွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ  ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ သည် အမှန်တကယ် မုဟာရမ် လ ၏ အဇါဒါရီ အတွက် ရှေ့ပြေး  နိဒါန်း ဖြစ်ကြောင်း သအ်ဇီယဟ် ခွါနီ သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဇါဒါရီ ပြုလုပ်သည့် ဓလေ့များ မှ ဖြစ်ကြောင်း အီရန်နိုင်ငံ တစ်နိုင်ငံလုံး တွင် ရှည်လျားသည့် သမိုင်း ကြောင်းတစ်ခု အဖြစ်ရှိ နေကြောင်း ပြောကြားခဲ့ပါတယ်။




၎င်းမှ ဆက်လက်ပြီး အီရန် အပြင် အခြား နိုင်ငံများတွင်လည်း သအ်ဇီယဟ် ခွါနီ ၏ အလေ့အထ ရှိကြောင်း ဤအတွက်ကြောင့် အခြားပြည်ပ သအ်ဇီယဟ် ခွါနီ ရွတ်ဖတ်သူများကို ဤ အစီအစဉ်တွင် ပါဝင် နေရာယူရန် ဖိတ်ခေါ် ထားကြောင်း ဤ အစီအစဉ်အား ၃ရက် ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်း အစီအစဉ်များ ကို တီဟီရန် မြို့တော် ရှိ အေမာမ် ဟိုစိန် (အ.စ) ရင်ပြင် တော်တွင်  နှစ်ဆိုင်း ပြု၍ ဇူလိုင်လ ၂၅ရက်နေ့ ၂၆ ရက်နေ့ တွင် ပြုလုပ်မည် ဖြစ် ကြောင်း ဤအစီအစဉ် တွင် အစ္စဖဟန် ၊ကွမ်း၊ ကဇ်ဝင်းန်၊မရ်ကဇ်ဇီ ရှဲဟ် ၊ သဖ်ရေရှ် ၊ နှင့်တီဟီရန် နှင့်  ပြည်ပ နှစ်နိုင်ငံ မှ ပါဝင် ကြမည် ဖြစ် ကြောင်း ၊ ဇူလိုင်လ ၂၇ ရက်နေ့  တွင် ခါဝရာန် ယဉ်ကျေးမှု စင်တာ တွင် ပိတ်ပွဲ အခမ်းအနား ကို ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အာယာ သွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ  ဆက်လက်ပြီး  မီဒီယာများ ရေဒီယို နှင့် လူမှုကွန်ရက် များ မှ အေမာမ် ဟိုစိန် (အ.စ) အားချစ်ခြင်းမေတ္တာ ရှိခြင်းကို အခြေခံပြီး အပြည်ပြည်                                                                                                                                                                                                       ဆိုင်ရာ သအ်ဇီယဟ် ခွါနီ တွင် ပါဝင် လှုပ်ရှား ပေးကြမည်ဟု မျှော်လင့် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ ၏ ဥက္ကဋ္ဌ ဖြစ်သူ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်္ခသရီ   မှ   ဆက်လက်ပြီး  နှစ်ပေါင်းများစွာ အီရန် နိုင်ငံ ၏ အဖွဲ့ များ ကို ဥရောပ နိုင်ငံ အသီးသီးသို့ ပို့ပေးပြီး မိမိတို့၏ အနုပညာစွမ်းရည်ကို ပြသကြကြောင်း ထိုနိုင်ငံ နေ အီရန် နိုင်ငံသား များ၊ မွတ်စလင်မ်များ ယုတ်စွ မွတ်စလင်မ်မဟုတ်သူများ ပင် အလွန် ကောင်းမွန်စွာ ကြိုဆို လက်ခံ ကြကြောင်း ပြောကြားခဲ့ပါတယ်။

အာယာ သွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ  ထပ်လောင်း၍ သအ်ဇီယဟ် ခွါနီ (  ကရ်ဗလာ အဖြစ်အပျက်၏ ကြေကွဲဖွယ် အကြောင်းအရာ များ အတွက် ငိုချင်း ဖတ်ခြင်း ) ဘက်သို့ ညွှန်၍ ဤ အလုပ်သည်  အနုပညာ တစ်ခု ဖြစ်ပြီး  အခြား ဘာသာစကား များဖြင့်လည်း ပိုမို၍ နားလည်နိုင်အောင် ပြုပေးနိုင်သည့် အလုပ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် သအ်ဇီယဟ် ခွါနီ သည်  အနုပညာ ကို အသုံး ပြုခြင်း၏ ရလာဒ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန် နိုင်ငံ ရှိ လုပ်ထုံး လုပ်နည်း ဓလေ့များ အနုပညာရပ်များ ကို ရှေ့ရှုပြီး မက်သက်ဗ်ဗေ အဲဟ်လေ့ဘိုက်(သ) (အ.စ)  (ခ) ရှီအာမဇ်ဟဗ် အား မိတ်ဆက်ပေးရာတွင် အနု ပညာရပ်အား စစ်မှန်  ပြည့်စုံသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖော်ပြနိုင်ရန် အသုံး ပြုသင့် ကြောင်း ပြောကြားခဲ့ပါတယ်။

အာယာ သွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ  ဆက်လက်ပြီး သအ်ဇီယဟ် ခွါနီ အချို့ တွင် အား နည်း ၊ အားပျော့ သည့် ရီဝါယသ်  နှင့် မခိုင်လုံသည့် သမိုင်း များကို  သုံးထားတာ တွေ့ရကြောင်း အပြည်ပြည် ဆိုင်ရာ သအ်ဇီယဟ် ခွါနီ ကျင်းပရခြင်း၏ ရည်ရွယ်ချက် တစ်ခုမှာလည်း  တင်ပြသည့် အကြောင်းအရာများ ကို နက်နက်နဲနဲ ခိုင်ခိုင်မာမာ ဖြစ်စေရန်  ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး သအ်ဇီယဟ် ခွါနီ တွင် တည်းမတ်ပေးမှုနှင့် အတွေးအခေါ်တူရန် ကြိုးစားနေကြောင်း အာရှုအား ခိုင်လုံသည့်သမိုင်း အထောက်အထားကို အသုံးပြုပြီး အဲဟ် လေ့ဘိုက်(သ) (အ.စ) ၏ မဇ်ဟဗ်  (ခ) ရှီအာမဇ်ဟဗ်အား ယုတ္တိ ကျကျ နှင့် ဆင်ခြင်တုံးတရား ကို အခြေခံပြီး မိတ်ဆက်ပေးရန် ရည်ရွယ်ချက် ရှိကြောင်းကို ပြောကြားခဲ့ပါတယ်။

အာယာ သွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ  ဆက်လက်ပြီး UNESCO တွင် သအ်ဇီယဟ် ခွါနီ အား တရားဝင် မှတ်ပုံတင် ထားခြင်း ကိစ္စဘက်သို့ ညွှန်၍ အခြား ကမ္ဘာအဆင့်မှီ  အခြား နိုင်ငံများတွင်လည်း တင်ပြ နိုင်ရန် သအ်ဇီယဟ် ခွါနီ ကို စီစဉ် ရန် အရေးကြီးကြောင်း တင်ပြမှု တွင် အကွဲအလွဲများ မရှိရန် လိုကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ဆုံးတွင် အာယာ သွလ္လာဟ် မိုဟမ္မဒ် ဟစန် အက်ခ်သရီ   မှ   အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ ပိုစတာနှင့် လိုဂို ကိုလည်း ထုတ်ဖော် ပြသခဲ့ပါတယ်။
တင်ပြရမည့်အချက်မှာ အပြည်ပြည်ဆိုင်ရာ အာရူ ရာ ဖောင်ဒေးရှင်း ဘက်မှ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ သအ်ဇီယဟ် ခွါနီ အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ မြို့တော် တီဟီရန် တွင် မုဟာရမ် လ ဆိုက်ရောက်လာမှုကို အခြေပြုပြီး ဇူလိုင် လ  ၂၅ ရက်နေ့ မှ ၂၇ရက်နေ့ အထိ ကျင်းပမည် ဖြစ်ပါတယ်။  ဤအခမ်းအနား တွင် အီရန် နိုင်ငံ နှင့် နိုင်ဂျီးရီးယား နိုင်ငံတို့ မှ သအ်ဇီယာခွါနီ များလည်း ပါဝင်ကြမည် ဖြစ်ပါတယ်။

ဤအစီအစဉ် တွင် တီဟီရန် စည်ပင်ဌာန  ၊ Islamic Republic of Iran Broadcasting Organization နှင့် Al-Mustafa (PBUH) International University တို့မှ ပူးပေါင်းပါဝင်ကြမည် ဖြစ်ပြီး  အစ္စလာမ့် အနုပညာ ဘက်စုံ ဆိုက်ဒ် ၊ အဗ်နာ သတင်းဌာန ၊ နှင့် စကလိုင်း ဂြိုလ်တုကွန်ရက် (စလောင်းလိုင်း) မှ သတင်းများကို တင်ပြသွားမည်ဖြစ်ပါတယ်။

****************************************************************
END / 251