အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ကြာသပတေးနေ့

၂၈ ဇူလိုင် ၂၀၂၂

၁၉:၃၃:၂၉
1277803

အာရပ်လေးနိုင်ငံ၏ စက်မှုဖွံ့ဖြိုးရေး စီမံကိန်းကြီးများ စတင်အကောင်အထည်ဖော်

အီဂျစ်၊ ယူအေအီး၊ ဂျော်ဒန်တို့ရဲ့ ဒေသတွင်း စက်မှုလက်မှုနဲ့ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်မှာ ဘာရိန်းနိုင်ငံပါ ပါ၀င်လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အီဂျစ်၊ ယူအေအီး၊ ဂျော်ဒန်တို့ရဲ့ ဒေသတွင်း စက်မှုလက်မှုနဲ့ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်မှာ ဘာရိန်းနိုင်ငံပါ ပါ၀င်လာပါတယ်။

ကနဦးအနေနဲ့ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ ဆေး၀ါးထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စီမံကိန်း ၈၇ ခု ဖော်ဆောင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၃.၄ ဘီလီယံ တန်ဖိုးရှိမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဓာတုဗေဒပစ္စည်း၊ ပလက်စတစ်၊ ချည်မျှင်နဲ့ အထည်ချုပ်၊ ဆေး၀ါးထုတ်လုပ်ရေးတွေအပြင် အခြားကဏ္ဍတွေမှာပါ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဖော်ဆောင်သွားဖို့ စီစဥ်ထားပါတယ်။

ယူအေအီး၊ အီဂျစ်နဲ့ ဂျော်ဒန်တို့ရဲ့ စက်မှုလက်မှု လုပ်ငန်းတွေဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက စက်မှုကဏ္ဍရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဘာရိန်းကတော့ အလူမီနံနဲ့ သံရိုင်း အဓိကထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒီလေးနိုင်ငံရဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဟာ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ဖို့၊ ဒေသရဲ့ စီးပွားရေး ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

စီးပွားရေး ကဏ္ဍပေါင်းစုံမှာ အဆင့်မြင့်နည်းပညာတွေ သွတ်သွင်း သုံးစွဲနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေးရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးရေး စတာတွေကိုပါ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

                                                                                                               
****************************************************************
END / 251