အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃၀ ဇူလိုင် ၂၀၂၂

၀၃:၅၆:၂၈
1278162

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အကြောင်း တစေ့ တစ်စောင်း

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အကြောင်း တစေ့ တစ်စောင်း ကို အီရန်ကို ချစ်သူများ မုန်းသူများ သိရှိစေရန် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာပေါ် မှာ မည်သည့် နိုင်ငံ မှ ခြောက်ပြစ်ကင်း သဲလဲစင် ဆိုတာမရှိပါဘူး ...
အားသာချက်များ အားနည်းချက်များဆိုတာ ရှိတာ သဘာဝပါ။
အားသာချက် က ရာခိုင်နှုန်း များ ပြီး  အားနည်းချက်က ရာခိုင်နှုန်းနည်းနေရင်တော့
တိုးတက်တဲ့နိုင်ငံ
အားသာချက် က ရာခိုင်နှုန်း နည်းနေ ပြီး  အားနည်းချက်က ရာခိုင်နှုန်းများနေရင်တော့
မတိုးတက်တဲ့နိုင်ငံ ဆိုပြီး ခေါ်ပါတယ် ....

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကို
အမေရိကန်
အစ္စရေး  မဟာမိတ်များ ၊
ဝဟာဘီနှင့် စွန်နီ အစွန်းရောက်များ ကတော့ ဘယ်တော့ မှ အကောင်း မမြင်ပါဘူး ....
အမြဲ မျက်ခြေမပြတ် ကြည့်နေပြီး ဟာကွက်ပျော့ကွက် တွေကို သာ
သတင်းလွှင့် ၊သတင်းဖြန့်လေ့ရှိပါတယ် ။

အမေရိကန် ကတော့ အီရန် ကို အစာမကြေတာ ၊မုန်းနေတာ လေ့လာသူ အားလုံးအသိပါ ...
အကြောင်း က အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်မြင်ခင်က
အီရန်ကသူလက်ခုပ်ထဲကရေပါ။
ထွက်သမျှ ရေနံ နဲ့ ဂက်စ် ကို လိုသလို မတရား အမြတ် ထုတ်နေတာပေါ့ ...
တော်လှန်ရေး အောင်တော့ သူ အီရန်က ဘာမှ ကို မရတော့ဘူး ...နောက်အီရန်က သူလက်အောက်မခံတော့ဘူး ...ဒီတော့ ဘယ်ကြည့်တော့မှာလဲ ... ဒါကြောင့်
မတရား ၊လူအခွင့်အရေး မဆန်စွာဖြင့် အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်သည့်နေက
စပြီးယနေ့ အထိ အကြောင်း ပြချက်အမျိုးမျိုး ရှာပြီး စီးပွားရေး ပိတ်ဆို့ တာ ၊ စစ်ရေး အရ ခြိမ်းခြောက်နေတာတွေကို အစွမ်းကုန် လုပ်နေတာပေါ့
အစ္စရေးကတော့ သူမတရား သိမ်းထားတဲ့ စွန်နီ နိုင်ငံ ပါလက်စတိုင်း ဘက်က
အီရန်က ရပ်တည်ပေးလို့ပေါ့ ...အသေးစိတ်တော့ အများကြီး ...
ဝဟာဘီနှင့် စွန်နီ အစွန်းရောက်များ ကတော့
အီရန် နိုင်ငံဟာ ရှီအာ အေမာမ်မီယဟ် နိုင်ငံ ဖြစ်လို့ပေါ့ ...
တင်ပြခြင်းတာကတော့ ...
ရေကြီးတာ ၊မီးလောင်းတာ ၊ သဲမုန်တိုင်း(သဲကန္တရ ရှိသည့်နေရာများ ) ၊မုန်တိုင်းများ ၊ငလျင်လှုပ်ခြင်း ဆိုတာတွေက သဘာဝ အန္တရာယ်တွေဖြစ်ပါတယ် ...

ဒါကို အီရန် မှာ သဲမုန်တိုင်း ၊ဟာရီကိန်းမုန်တိုင်း အပြင်ရေကြီးတာ ဆိုပြီး သတင်းကွက်ပြောတာ
ဘာသာရေးခေါင်းဆောင်တွေက တရုတ်နဲ့ပေါင်းလို့
ရုရှားနဲ့ပေါင်းလို့  နိုင်ငံအတွင်း စီးပွားရေး ပြိုလဲ နေပြီး ပြည်သူတွေ စားဝတ်နေရေး ကြပ်တည်းနေတာဆို ပြီး အီရန် မုန်းတီးရေး ဝါဒဖြန့်နေတာတော့ မတရားပါဘူးဗျား ... လူမပီသကြပါဘူးဗျား ...
တရုတ် နဲ့ ရုရှားနဲ့ပေါင်းနေတာ နိုင်ငံရေး အရဗျ ... သိလား ... အမေရိကန် ကြောင့်ပေါင်းနေတာဆိုတာကော်သိလားဗျ ...
အီရန် နိုင်ငံ သည် အလ္လာဟ့် မှအပ မည်သည့်နိုင်ငံကိုမှ အား မကိုးဘူး ၊မကိုးကွယ်ဘူးဗျ ... သိလား
ကျနော်နိုင်ငံရေးသမားမဟုတ်တော့ ကျန်တာတွေမရေးချင်ဘူး ...

စီးပွားရေး ကြပ်တည်းတာ စားဝတ်နေရေး ကြပ်တည်းနေတာ အီရန်
တစ်နိုင်ငံ တည်း ဖြစ်နေတာ မဟုတ်ပါဘူး ... တစ်ကမ္ဘာ့လုံး ဖြစ်နေတာပါ ...
အီရန်မှာ ဖြစ်နေတာ အုပ်ချုပ်နေတဲ့ ဘာသာရေး ခေါင်းဆောင် တွေကြောင့် မဟုတ်ဘူးဗျား
ကမ္ဘာ့ အကြမ်းဖက်သမားများဖြစ်တဲ့ အမေရိကန် နဲ့အစ္စရေး သူတို့ မဟာမိတ်တွေ အတင်း စီးပွားရေးပိတ်ဆို့နေလို့ဗျ .... သိလား
နောက်မတရားရေးလိုက်သေးတယ် ရှေ့ ရိုးစွဲ ဘာသာရေးခေါင်းဆောင်များတဲ့
အီရန်က ဘာသာရေး ခေါင်းဆောင်တွေဟာ ကုရ်အာန် ၊ ကိုယ်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(အ.စ) တို့ ၏စဟီး ဟဒီးစ်တော်များ ၊ စစ်မှန်သည့် လက်ရွေးစင် ဆွာဟာဗါများ ၏လမ်းစဉ်ကို လက်တွေ့ ကျင့်သုံးနေတဲ့သူတွေဆိုတာ သိအောင်လုပ်ထားလိုက်ပါ ...

အဲဒီလို ဘာသာရေး ခေါင်းဆောင်ကြောင့် မွတ်စလင်မ် နိုင်ငံ ၅၀ကျော် ရှိနေသည့်ကြား
အမေရိကန် နဲ့ အစ္စရေး ကို မျက်စိခြင်း ယှဉ်ပြီး ကြည့်ရဲတာ ၊ ပြောရဲ့တာ အီရန် တစ်နိုင်ငံတည်းရှိနေတာဗျ  ..


အဲလိုဘာသာရေးခေါင်းဆောင်ကြောင့် အမေရိကန် အနေဖြင့် အီရန် ကို အာဖဂန် နိစ္စတန် နဲ့ အီရတ် နိုင်ငံ များ အပေါ် လုပ်ခဲ့သလို မလုပ်ရဲတာဗျ ..
အဲလို ဘာသာရေးခေါင်းဆောင် ရှိနေလို့ ယနေ့အထိ ဆီးရီးယား ၊အီရတ် ၊ ISIS လက်ထဲ မရောက်သွားတာဗျ ...


အီရန် ကို အကြောင်း အမျိုးမျိုးကြောင့် မုန်းနေသူများ မကြည်သူများ သိအောင် အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်က နှင့် အောင်ပြီး အခြေအနေကို ယှဉ်ပြီး တင်ပြလိုက်ပါတယ် ...

စက်မှုကိစ္စတွင်
အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  ကမ္ဘာ့ အဆင့် ၆၄
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၁၉


စစ်တပ်

အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  အမေရိကန်လက်အောက်ခံ
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၆

ဆေးပညာ

အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  ကမ္ဘာ့ အဆင့် ၄၃
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၁၀


စိုက်ပျိုးရေး

အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  ကမ္ဘာ့ အဆင့် ၃၀
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၁၀

အားကစား
အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  ကမ္ဘာ့ အဆင့် ၇၀
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၁၃


အာကသယာဉ်
အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်   လေအဆင့်
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၈


နာနိုနည်းပညာ
အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင် မရှိ
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၃

ရေငုပ် သင်္ဘော တည်ဆောက်မှု
အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  အမေရိကန် လက်အောက်
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၆


တီထွင်မှု

အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  ကမ္ဘာ့ အဆင့်၉၅
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၂

သိပ္ပံပညာ

အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်ခင်  မရှိ
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပြီးနောက်  ကမ္ဘာ့အဆင့် ၄

မျက်မှန်စိမ်း မတတ်ထားသူများ
တရားမျှတသူများ အတွက်
ကွက်ကွက်ကွင်းကွင်း
ထင်ထင်ရှားရှား မြင်နေပြီး ဟု
မျှော်လင့်မိပါတယ် ။

****************************************************************

END / 251