အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကိုး အကား : ABNA
ကြာသပတေးနေ့
၁ စက်တင်ဘာ ၂၀၂၂
၁၇:၃၅:၁၀
1302508
အထက်ပါမေးခွန်းနှင့်ပတ်သက်ပြီး အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) ၏ဟဒီးစ်တော် တစ်ပါး ဖြင့် အဖြေကို သိနိုင်မည်ဖြစ်ပါတယ်။
 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) ထံ အပြစ်ကျူးလွန်သူ ရှီအဟ်များ ၊ ဂိုနာဟ်ဂါရှီအဟ်များ ဂျန္နသ်သုခဘုံ သို့ဝင်ရောက်စံမြန်းရမည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ အေမာမ် (علیه السّلام) မှ အဖြေပေး မိန့်ကြားတော်မူခဲ့ပါသည်။
... အလ္လာဟ်ဟိုအရှင်မြတ် အား ကျိန်ဆို၍ ပြောဆိုပါသည်။ရှီအဟ်အားလုံး ဂျန္နသ်သုခဘုံသို့ ဝင်ရောက် စံမြန်းရမည်ဖြစ်ပါသည်။ရာဝီ မှ မေးမြန်းလျှောက်ထားလေ၏။ အေမာမ် (علیه السّلام) အား လျှောက်လေ၏။ ကျနော်အသက်အေမာမ် (علیه السّلام) အတွက်စတေးပါသည်။ဂိုနဟ်ယေကဘီရဟ် (ဂိုနဟ်ကြီးများ )အများကြီးကျူးလွန်ထားသည့်သူဖြစ်လျင်လည်း ပဲ ဂျန္နသ်သို့ ဝင်ရောက် စံမြန်းရမည်နည်း ? အေမာမ် (علیه السّلام) အဖြေပေးမိန့်တော်မူ၏။
ကေယမသ်နေ့တွင်၎င်း (ရှီအဟ်များ) အားလုံး မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه و آله ) နှင့် ၎င်း၏အမိန့်ကိုနာခံသည့် အရိုက်အရာကိုဆက်ခံသူများ (علیهم السّلام ) ၏ အသနားခံ လျှောက်ထားပေးမှုကြောင့် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်ဖြစ်ပါသည်။ သို့သော်ငါ့အနေဖြင့် အသင်တို့အတွက် ဗရ်ဇက်ခ် နှင့် ပတ်သက်ပြီးစိုးရိမ်မိပါသည်။ ရဝီ ပြန်၍ မေးမြန်းလျှောက်ထားလေ၏။ ဗရ်ဇက်ခ် ဆိုတာ ဘာလဲ ? အေမာမ် (علیه السّلام) အဖြေမိန့်တော်မူလေ၏။ ဗရ်ဇက်ခ်ဆိုတာ ကဗရ်တွင်း၏ သေဆုံးပြီးချိန်မှစ၍ ကေယမသ်နေ့ အထိ (အချိန်) ကိုခေါ်ဆိုပါသည်။
ကျမ်းကိုး ။ ။  کلینی، محمد بن یعقوب، الفروع من الکافی، چاپ سوم، بیروت، دار صعب، کتاب الجنایز، باب ما ینطق به موضع القبر، ج ۳، ص ۲۴۲.
****************************************************************
END / 251