အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁ စက်တင်ဘာ ၂၀၂၂

၁၉:၂၀:၄၆
1302525

ဧရာဝတီတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး ရန်ကုန်မြို့၌ ဖမ်းဆီးခံရ

ဧရာဝတီတိုင်းအတွင်းက မြို့ပြပြောက်ကျားတော်လှန်ရေးမစ်ရှင်တွေ လုပ်ဆောင်နေတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဩဂုတ် ၃၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီတိုင်းအတွင်းက မြို့ပြပြောက်ကျားတော်လှန်ရေးမစ်ရှင်တွေ လုပ်ဆောင်နေတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဩဂုတ် ၃၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

တိုက်ခန်းကို စစ်ကောင်စီတပ်သားတွေ ဝင်ဖမ်းချိန်မှာ မအူပင်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ သေမင်းလက်ရာအဖွဲ့က တာဝန်ရှိသူအပါအဝင် ၅ ဦးလောက် ဖမ်းဆီးခံလိုက်ရတာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

“သူတို့ပုန်းနေတဲ့ တိုက်ခန်းကို ဝင်စီးတဲ့ပုံစံမျိုးပေါ့။ အောက်ကနေသေနတ်တွေနဲ့ပစ်ပြီး တံခါးသော့ဖျက်ဝင်ဖမ်းတာ အားလုံး ၅ ယောက်လောက်ပါသွားတယ် ကြားတယ်။ မအူပင်သေမင်းလက်ယာတာဝန်ရှိသူကတော့ သေချာတယ်၊ ကျန်တဲ့သူတွေကတော့ မသိသေးဘူး။”

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးမှုကြောင့် မအူပင်မြို့ သေမင်းလက်ရာအဖွဲ့တာဝန်ရှိသူအပြင် ဖျာပုံနဲ့ ကျိုက်လတ်က တော်လှန်ရေးတပ်ဖွဲ့ဝင်ပါ ဖမ်းဆီးခံရတယ်လို့ သတင်းရထားပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ပုန်းခိုနေတဲ့ တိုက်ခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်းချိန်မှာ သေနတ် ၉ ချက်ထက်မနည်းပစ်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမျိုးလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

****************************************************************
END / 251