အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
သောကြာနေ့

၂ စက်တင်ဘာ ၂၀၂၂

၁၉:၁၃:၀၁
1302793

ဆန်စျေးကျရေး ဘင်္လားဒေ့ရှ်က စီမံကိန်းချ ဆောင်ရွက်နေ

ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနဲ့ ရုရှားတို့ကနေ ဆန်နဲ့ ဂျုံတန်ချိန် သိန်းချီ တင်သွင်းဖို့ ဘင်္လားဒေ့ရှ်က စီစဥ်နေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနဲ့ ရုရှားတို့ကနေ ဆန်နဲ့ ဂျုံတန်ချိန် သိန်းချီ တင်သွင်းဖို့ ဘင်္လားဒေ့ရှ်က စီစဥ်နေပါတယ်။

တိုင်းပြည်မှာရှိနေတဲ့ အရန်ဆန်ပမာဏကို ဖြည့်တင်းဖို့နဲ့ ဆန်စျေးတက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

မြန်မာကနေ ဆန်တန်ချိန် ၂ သိန်း တင်သွင်းမှာဖြစ်ပြီး စစ်ကောင်စီ တာ၀န်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံ သဘောတူညီချက် ရယူခဲ့ပါတယ်။ ဗီယက်နမ်ကနေ တန်ချိန် ၂ သိန်း ၃ သောင်း၊ အန္ဒိယကနေ တန်ချိန် ၁ သိန်း ၀ယ်ယူဖို့ သဘောတူညီချက်လည်း ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ဘင်္လားဒေ့ရှ်မှာ ဆန်စျေးကြီးမြင့်နေပြီး ၀န်ကြီးချုပ် ရှိခ်ဟာဆီနာအစိုးရက ဆန်တွေကို စျေးချိုချိုနဲ့ ရောင်းပေးဖို့ စီစဥ်နေပါတယ်။

အခုတင်သွင်းမယ့်ဆန်ကို နိုင်ငံတစ်၀ှမ်း စျေးတစ်မျိုးတည်းနဲ့ ဘင်္လားဒေ့ရှ်အစိုးရက ရောင်းမှာပါ။ ရုရှားထံကနေ ဂျုံတန်ချိန် ၅ သိန်း ၀ယ်ယူမှာဖြစ်ပြီး ဒါကိုလည်း စျေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးမှာ ဖြစ်ပါတယ်။

****************************************************************
END / 251