အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္ဂနွေနေ့

၄ စက်တင်ဘာ ၂၀၂၂

၂၁:၀၄:၄၁
1303434

ရန်ကုန်တွင် စစ်ကောင်စီ၏ ဧည့်စာရင်းစစ်ဆေးမှု ခပ်စိတ်စိတ်ရှိလာ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် စစ်ကောင်စီပူးပေါင်းတပ်များ၏ ဧည့်စာရင်း စစ်ဆေးမှု ခပ်စိတ်စိတ်ရှိလာကြောင်း ရန်ကုန်မြို့အတွင်း နေထိုင်သူများ၏ပြောကြားချက်အရ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် စစ်ကောင်စီပူးပေါင်းတပ်များ၏ ဧည့်စာရင်း စစ်ဆေးမှု ခပ်စိတ်စိတ်ရှိလာကြောင်း ရန်ကုန်မြို့အတွင်း နေထိုင်သူများ၏ပြောကြားချက်အရ သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းအတွင်းမှ ထိစပ်သုံးမြို့နယ်ဖြစ်သော ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)တို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်း စစ်ဆေးမှုများ ရှိခဲ့ကြောင်း ယင်းမြို့နယ်အတွင်းနေထိုင်သူများက ဆိုသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အမှတ် (၁၈)ရပ်ကွက်အပါအ၀င် ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ် (၄၁)တိုးချဲ့ ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) အမှတ် (၁၃၃)ရပ်ကွက်တို့တွင် တစ်ပြိုင်တည်း ဧည့်စာရင်းစစ်ဆေးမှု များရှိခဲ့သည်။

“သူတို့က ဧည့်စာရင်းစစ်တော့မယ်ဆိုရင် ရပ်ကွက်ရုံးတွေကို အရင်သွားတယ်။ မေးမြန်းတာတွေလုပ်ပြီး၊ လူခွဲစစ်တယ်။ ဒီရက်ပိုင်း ဘာသတင်းကြားလို့လည်းမသိဘူး။ ထိစပ် ဒဂုံမြို့သစ်သုံးမြို့နယ်မှာ ဧည့်စာရင်း စစ်ဆေးမှု ခပ်စိတ်စိတ်ရှိလာတယ်။ အခြားမြို့နယ်တွေလည်း စစ်ခံနေရတယ်လို့လည်း ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက် နှင့် အမှတ်(၂)မြောက် ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ လမ်းမတော်မြို့နယ် ၁၀ လမ်းနှင့် မရမ်းကုန်းမြို့နယ် အမှတ် (၃)လည်း ဧည့်စာရင်းစစ်ဆေး မှုများရှိခဲ့သည်ဟု သိရသည်။

****************************************************************
END / 251