အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၇ စက်တင်ဘာ ၂၀၂၂

၂၁:၁၀:၀၂
1304497

ပုသိမ်တွင် အမျိုးသား ၁ ဦး လမ်းပေါ်သေဆုံးမှု ကိုဗစ်ရောဂါကြောင့်ဖြစ်မှာကို ဒေသခံများစိုးရိမ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက အမျိုးသားတဦး လမ်းမပေါ် သေဆုံးနေတာကိုတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါနဲ့ သေဆုံးတာဖြစ်မှာကို စိုးရိမ် စိတ်ပူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက အမျိုးသားတဦး လမ်းမပေါ် သေဆုံးနေတာကိုတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါနဲ့ သေဆုံးတာဖြစ်မှာကို စိုးရိမ် စိတ်ပူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စိန်ကုန်းကနေ ငွေဆောင်ကိုသွားတဲ့ ကားလမ်းပေါ်မှာ မနက်ပိုင်း သေဆုံးနေတဲ့ အမျိုးသားကို ဒေသခံတွေက တွေ့ရှိခဲ့ပြီး နာရေးကူညီမှုအသင်းကားနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ဒေသခံတဦးက “တခြားဒဏ်ရာတွေဘာတွေရထားတာမျိုးလည်း မတွေ့ဘူး။ ဒီတိုင်းလမ်းပေါ်မှာ သေနေတာဆိုတော့ ကိုဗစ်နဲ့သေတာမျိုးဖြစ်မှာ စိတ်ပူနေတာ။ ဒီဘက်က ရွာဘက်ဆိုတော့ သိပ်ပြီးတော့လည်း အရင်ကလို MASK တပ်တာမျိုး၊ လက်ဆေးတာမျိုး မရှိတော့ဘူးလေ၊ ဖြစ်ရင် အကုန်ကူးမှာ အဲ့တာကို စိတ်ပူနေရတာ”လို့ ပြောပါတယ်။


****************************************************************
END / 251