အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၈ စက်တင်ဘာ ၂၀၂၂

၁၃:၀၉:၅၆
1304706

အဘယ်ကြောင့်နမာဇ် ဝတ်ပြုရပါသနည်း ?

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် အဘယ်ကြောင့် နမာဇ် ဝတ်ပြုရပါသနည်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဝစါအေလွရှ်ရှီအဟ် ကျမ်း  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
 
قال رسول اللہ صلی الله علیه و آله و سلم :
إنّ مَثَلَ الصَّلاةِ کَمَثَلِ النَّهرِ الْجاري کُلَّما صَلّي کَفَّرَت ما بَينَهُما.


မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

နမာဇ်သည် စီးဆင်းနေသည့်ရေပမာ ဖြစ်ပါသည်။မနုဿ လူသားအနေဖြင့် နမာဇ် ဝတ်ပြုသည့်အခါ ထိုနမာဇ်သည် နမာဇ် ၂ခု အကြား ပြုလုပ်ခဲ့သည် ဂိုနဟ်(အပြစ်)များကို ပျက်စီးပေးလေသည်။

ကျမ်းကိုး ။ ဝစါအေလွရှ်ရှီအဟ် ကျမ်း  ၊ အတွဲ ၃ ၊ စာမျက်နှာ ၇

****************************************************************
END / 251