အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၈ စက်တင်ဘာ ၂၀၂၂

၂၂:၀၉:၃၃
1304750

ကလေး PDF တပ်ရင်း ၇ က ကျဆုံး၊ ဒဏ်ရာရရဲဘော်များ၏ မိသားစုဝင်များအား ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ အမှတ်-၇ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း-၇) က မိမိတပ်ရင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ မိသားစုဝင်တွေကို တပ်ရင်းရဲ့ အစီအစဉ်နဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ အမှတ်-၇ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း-၇) က မိမိတပ်ရင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ မိသားစုဝင်တွေကို တပ်ရင်းရဲ့ အစီအစဉ်နဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထောက်ပံ့မှုကို ဇွန်လနှောင်းပိုင်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူလူထုရဲ့ လှူဒါန်းထောက်ပံ့ငွေထဲကနေ ခွဲဝေသုံးစွဲခြင်းဖြစ်ကာ ကလေး PDF တပ်ရင်း - ၇မှာ တိုင်းပြည်အတွက် အသက်ပေးလှူ တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်သူရဲကောင်း ၇ ယောက်အထိ ရှိပြီး ဒဏ်ရာရ ရဲဘော်မှာလည်း ၁၀ ယောက်ထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

စားဝတ်နေရေး အဆင်မပြေတဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေအတွက် လစဥ် ၁ သိန်းကျပ် ထောက်ပံ့ပေးပြီး ဒဏ်ရာရရဲဘော်တွေနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ ရဲဘော်မိသားစုတွေ အတွက် လစဥ် ဆန်တအိတ်၊ ငွေနှစ်သောင်းကျပ်ကို တပ်ရင်းက ထောက်ပံ့ပေးခဲ့ကြောင်း ကလေး PDF တပ်ရင်း ၇ က ပြောပါတယ်။

အခုအခါ တိုင်းပြည် အဘက်ဘက်က ယိုယွင်းပျက်စီးလာပြီး ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေကို လစဥ် ၅၀,၀၀၀ ကျပ်သာ ထောက်ပံ့ပေးနိုင်ပြီး ဒဏ်ရာရ ရဲဘော်နဲ့ အဆင်မပြေတဲ့ မိသားစုတွေအတွက် ဆန်လေးပြည်နဲ့ ငွေ ၁၅,၀၀၀ ကျပ်သာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ငွေကြေးအခက်အခဲကြောင့် ဆက်လက်ထောက်ပံ့ရမယ့် ရဲဘော်မိသားစုတွေ ကျန်ရှိနေသေးကာ တပ်ရင်း ၇ အနေနဲ့ အခုလို မိသားစုဝင်တွေအပေါ် ထောက်ပံ့ပေးတာကို လစဉ်လတိုင်း ဆောင်ရွက်ပေးလိုပြီး ထောက်ပံ့ပေးနိုင်ဖို့ ပြည်သူတွေရဲ့ လှူဒါန်းမှု များစွာလိုအပ်ကြောင်း တပ်ရင်း ၇ ရဲဘော်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ထပ်မံပြီးလည်း လစဉ် ထောက်ပံ့နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ အလှူငွေတွေ ပါဝင်လှူဒါန်းပေးကြဖို့၊ မိမိတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးသည်အထိ တော်လှန်သွားမှာဖြစ်ကြောင်း” သူကဆိုပါတယ်။
****************************************************************
END / 251