အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
စနေနေ့

၁၀ စက်တင်ဘာ ၂၀၂၂

၂၀:၅၉:၄၃
1304989

ဘာသာရေး စည်းမျဥ်း ချိုးဖောက်၍ ခေါင်းဖြတ်သတ်ဖြတ်မှု အိန္ဒိယနာမည်ကျော် ဘုရားကျောင်းတွင် ဖြစ်ပွား

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဆစ်ခ်လူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ ‘ရွှေဘုရားကျောင်း’ (Golden Temple) အနီးမှာ ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဆစ်ခ်လူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ ‘ရွှေဘုရားကျောင်း’ (Golden Temple) အနီးမှာ ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ဟာရမ်ဂျီတ်ဆင်းဆိုသူဟာ စက်တင်ဘာ ၇ ရက်နေ့ညက ဘုရားကျောင်းနဲ့ သိပ်မ၀ေးတဲ့ စျေးမှာ လူ ၃ ဦးရဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုကိုခံခဲ့ရတာပါ။ ရဲတပ်ဖွဲ့က သတ်ဖြတ်သူတွေဟာ ‘နီဟန်’ လို့ခေါ်တဲ့ ဆစ်ခ်အစွန်းရောက်အဖွဲ့က ဖြစ်တယ်လို့ဆိုပါတယ်။

နီဟန်အဖွဲ့၀င်တွေဟာ ဆစ်ခ်ဘာသာရေးကျင့်၀တ်တွေကို ဘာသာ၀င်တွေက လိုက်နာအောင် ထိန်းကြောင်းကြပ်မတ်ပေးသူတွေလို့ သူတို့ကိုယ်သူတို့ ယူဆပြီး အပြာရောင် ၀တ်ရုံ၀တ်ကာ၊ ဓားရှည်တွေကိုင်ဆောင်လေ့ရှိပါတယ်။

ဟာရမ်ဂျီတ်ဆင်းဟာ အရက်မူးပြီး၊ ဆေးရွက်ကြီးတွေ ၀ါးနေတာကြောင့် ဘာသာရေးစည်းမျဥ်းကို ချိုးဖောက်တဲ့အတွက် နီဟန်တွေက ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဖြစ်အပျက်တစ်ခုလုံးဟာ လူအများအပြားရှိနေတဲ့ လူမြင်ကွင်းမှာ ဖြစ်ပွားခဲ့ပြီး ဘယ်သူကမှ တားဆီးခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူ ၃ ဦးကို သောကြာနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်.

မြင့်မြတ်ရာနေရာတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ဆစ်ခ်ဘာသာမှာ အကဲဆတ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မြင့်မြတ်ရာပရုဏ်တွေမှာ ကွမ်းစားတာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေကို မလေးမစားလုပ်တာလို့ မှတ်ယူ အပြစ်ပေးကြတာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း Golden Temple မှာ ညနေပိုင်း ဘုရား၀တ်ပြုမှုအတွင်း ဓားရှည်ကိုင်ထားတဲ့ လူတစ်ဦးက ကျမ်းစာအုပ်ထားရာနေရာကို အကာအရံကျော်ကာ ၀င်လာတဲ့အတွက် လာရောက်၀တ်ပြုနေသူတွေက ၀ိုင်းရိုက် သတ်ဖြတ်ခဲ့ကြပါတယ်။

****************************************************************
END / 251