အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၁ စက်တင်ဘာ ၂၀၂၂

၂၀:၀၅:၅၅
1305152

ပေါက်မြို့တွင် မိုးသည်းထန်ပြီး နေအိမ်များအတွင်း ချောင်းရေဝင်ရောက်

မကွေးတိုင်း၊ ပေါက်မြို့မှာ စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ မိုးသည်းထန်စွာရွာသွန်းလို့ အိမ်ခြေ ၂၀ လောက် ရေနစ်မြုပ်ကာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကွေးတိုင်း၊ ပေါက်မြို့မှာ စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ မိုးသည်းထန်စွာရွာသွန်းလို့ အိမ်ခြေ ၂၀ လောက် ရေနစ်မြုပ်ကာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့မှာ ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ကျောချောင်းရေ ဝင်ရောက် ကာ အောင်ချမ်းသာရပ်ကွက်က နေအိမ် ၂၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့ အောင်ချမ်းသာ ရပ်ကွက်ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ အိမ်တွေက ကျောချောင်းနားမှာဆိုတော့ နေအိမ်တွေထဲ ချောင်းရေ ဝင်ပြီး နစ်မြုပ်ခဲ့လို့ နေစရာအခက်တွေ ဖြစ်နေတယ်။ ဒီရပ်ကွက်က တနေ့လုပ် တနေ့စား မရှိဆင်းရဲသားတွေ နေထိုင် ကြတာဆိုတော့ စားရေးသောက်ရေးလည်း အခက်ခဲဖြစ်နေကြလို့ အရေးပေါ်အကူညီတွေ လိုအပ်တယ်”

ဒီချောင်းတွေဟာ ၂၀၁၀ ပြည့်နှစ်တုန်းက မုန်တိုင်းတိုက် ရေကြီးပြီးတော့ အဲဒီနောက်ပိုင်း နှစ်တွေမှာ ရေမကြီးခဲ့ဘဲ အခုနှစ် မိုးရာသီမှ ကျောချောင်းနဲ့ ယောချောင်းတွေမှာ ရေကြီးရေလျှံတယ်လို့ သိရပါတယ်။

ယောချောင်းနဲ့ ကျောချောင်းတွေဟာ  ၂၀၁၀ ပြည့်နှစ်  O2B မုန်တိုင်းတုန်းက ရေကြီးရေလျှံခဲ့ပြီး ယောချောင်းတံတား၊ ရေပြာတံတားနဲ့ ကံတွန်းတံတားတွေနဲ့ နေအိမ်တွေ မျောပါခဲ့ပါတယ်။

****************************************************************
END / 251