အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၂ စက်တင်ဘာ ၂၀၂၂

၁၈:၄၃:၃၇
1305318

စက်တင်ဘာလ ၁၀ရက်နေ့ အထိ အရ်ဗအီးန် ဇေယာရသ်အတွက် ဇေယာရသ် ပြုသူ သန်း၂၀ ရောက်ရှိ

Sabrin News Telegram သတင်းဌာန၏ ဖော်ပြချက်အရ စက်တင်ဘာလ ၁၀ ရက်နေ့ စနေနေ့ နံ့နက် ပိုင်း အချိန်အထိ အရ်ဗအီးန် ဗေယာရသ် အတွက် ဇေယာရသ်ပြု ရန် အီရတ် နိုင်ငံ သို့ ကမ္ဘာ့ အဝန်း မှ သန်း ၂၀ ခန့် ရောက်ရှိလာပြီး ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sabrin News Telegram သတင်းဌာန မှ အေမာမ်ဟိုစိန် (အ.စ)ရောင်ဇာတော် ၏သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး စက်တင်ဘာလ ၁၀ ရက်နေ့ စနေနေ့ နံ့နက် ပိုင်း အချိန်အထိ အရ်ဗအီးန် ဗေယာရသ် အတွက် ဇေယာရသ်ပြု ရန် အီရတ်နိုင်ငံ သို့ ကမ္ဘာ့ အဝန်း မှ သန်း ၂၀ ခန့် ရောက်ရှိလာပြီး ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

အရ်ဗအီးန် ဇေယာရသ် အား ၂နှစ်တာ ကိုရိုနာရောဂါကြောင့် ကန့်သတ်မှုများပြုလုပ်ထားပြီး နောက်ယခုနှစ်တွင်နှစ်ဆ တိုး၍ ဇေယာရသ် ပြုကြမည် ဖြစ်ပါတယ်။ ဤ နာမ်ပိုင်းဆိုင်ရာ ခရီးစဉ်အတွက် ဇေယာရသ် ပြုသူများ မှ ကမ္ဘာ့ ွှ၇်ရပ်မှ လမ်းကြောင်းမျိုးစုံ ဖြင့် လာရောက်နေကြ ကြောင်း သိရှိရပါတယ်။

အစောပိုင်းတွင် အီရတ် နိုင်ငံရှိ  အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင် သံအမတ်ကြီး မိုဟမ္မဒ် ကာစင် အာလေ့ ဆွာဒစ် မှ အီရန် နိုင်ငံသား ဇေယာရသ် ပြု သူများ အား အရ်ဗအီးန် ခြေလျင် ဇေယာရသ် ခရီးကို ကိုယ်တိုင် စီမံ ခန့်ခွဲမှုများ ပြုလုပ်ရန် နှင့် ကရ်ဗလာ နှင့်နဂျဖ်တွင် အချိန် အကြာကြီးမနေကြရန် မေတ္တာ ရပ်ခံ ခဲ့ပါတယ်။

သံအမတ်ကြီးမှ ဆက်လက်ပြီး အပူရှိန် မြင့်မား ခြင်း ၊ ရေရှားပါးခြင်း ၊ ရေခဲ နှင့် အရိပ်ရ အဆောက်အအုံများ လုံလောက်ခြင်းမရှိသည့် အတွက် အရ်ဗအီးန် ဇေယာရသ် ခြေလျင်ခရီးကို ကိုယ်တိုင် စီမံခန့်ခွဲကြရန် ၊ အခြား ဇေယာရသ် ပြုသူ မိမိနိုင်ငံသားများ နှင့် နိုင်ငံခြား သားများလည်း ဇေယာရသသ်ပြုခွင့်ရကြရန်  ကရ်ဗလာ နှင့် နဂျဖ်မြိုပ အချိန်အကြာကြီးမနေထိုင်ကြရန် မိမိနိုင်ငံသား ဇေရယာသ် ပြုသူများ အား မေတ္တာ ရပ်ခံ ခဲ့ပါတယ်။

ထိုအပြင် အီရန် နှင့်အီရတ် နယ်စပ်ဖြစ်သည့် အီရန်နိုင်ငံပိုင် ရှေလန်မ်ကြေ ၊ ဂျဇါဗေဟ်၊ခွတ်စ်ရူ ၊ မဲဟ်ရာန် ၊ ဗါရှာမါက် နှင့် သမရ်ဂျန် တို့သည့် ယခုနှစ် ကုန်းလမ်းခရီးဖြင့် ဇေယာရသ်ပြုသူများ သွားရောက်နေသည့် နယ်စပ်များ ဖြစ်ပါတယ်။

ခန့်မှန်းချက်များ အရ ယခုနှစ်တွင် အီရန် နယ်စပ်မှ အရ်ဗအီးန် ခြေလျင် ဇေယာရသ်ပြုသူ ဦးရေ ၅သန်းခန့် ရှိနိုင်မည် ဖြစ်ကြောင်း ဇေယာရသ် ပြုသူများ ၊များပြားလာသည့် အတွက် နှင့် အီရတ်နိုင်ငံ ၏ အခြေခံ အဆောက်အုံများ နည်းပါးနေခြင်းကြောင့်  နယ်စပ် ကို ပိတ်ထားပြီး အရ်ဗအီးန် ဇေယာရသ် အတွက်အထူးနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကိုလည်း ရပ်ထားကြောင်း သိရှိရပါတယ်။

****************************************************************

END / 251