အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၁၄ စက်တင်ဘာ ၂၀၂၂

၀၉:၃၂:၁၅
1305642

မအ်စူမီး(န) (အ.စ) မိန့်ဆိုထားသည့် ရှီအဟ်တို့ ဂုဏ်ရည်ဂုဏ်သွေးများ နှင့် လက္ခဏာများ

အမာလီရှိက်ခ် သူစီ(ရ.ဟ)ကျမ်း ၊ အမာလီရှိက်ခ်စူဒူက်(ရ.ဟ)ကျမ်း ၊ ဂိုးရရိုဟေကမ်း(မ)ကျမ်း ၊ ဘေဟာ(ရ)ရွလ် အန်နဝါရ်ကျမ်း၊ အလ်ခေဆွာလ်ကျမ်း၊ စေဖာသွရှ်ရှီအာကျမ်း ၊ မီးဇာန်းနိုဟေက် မသ်(အ)ကျမ်း၊ အမာလီသူစီ (ရဟ)ကျမ်း၊ အလ်ကာဖီ ကျမ်း၊ သိုအ်ဖိုလ် အိုကုလ်ကျမ်း၊ ဗဆွာအေရွဒ်ဒရာဂျာသ်ကျမ်း၊ အလ်အေရ်ရှာသ်ကျမ်း တို့တွင် မအ်စူမီး(န) (အ.စ) မိန့်ဆိုထားသည့် ရှီအဟ်တို့ ၏ ဂုဏ်ရည်ဂုဏ်သွေးများ နှင့် လက္ခဏာများ ကို အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။



ရှီအဟ် များ၏ ဖြစ်ပေါ်ဖန်တီးမှု

အေမာမ်ဂျအ်ဖွာရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
قال الصَّادِقِ ع :  قَالَ: شِيعَتُنَا جُزْءٌ مِنَّا، خُلِقُوا مِنْ فَضْلِ طِينَتِنَا، يَسُوؤُهُمْ مَا يَسُوؤُنَا، وَ يَسُرُّهُمْ مَا يَسُرُّنَا، فَإِذَا أَرَادَنَا أَحَدٌ فَلْيَقْصِدْهُمْ فَإِنَّهُمْ الَّذِينَ يُوصَلُ مِنْهُ إِلَيْنَا.
امالی شیخ طوسی ره جلد 1
ကျွနု်ပ်တို့ ၏ ရှီအဟ်သည် ကျွနု်ပ်တို့၏ အစိတ် အပိုင်းဖြစ် ချေ သည်။ ၎င်း တို့အား ကျွနု်ပ်တို့၏ သန့်စင်သန့်ပြန်သည့်မြေမှ ဖန်ဆင်း ထားခြင်းဖြစ် ပေ သည်။ ကျွနု်ပ်တို့ကို ဒုက္ခ၊ သောကဖြစ်စေ သောအရာသည် ၎င်းတို့အဖို့ လည်း ဒုက္ခ၊ သောကကို ဖြစ်စေ လေ သည်။ ကျွနု်ပ်တို့ကို ပီတိ၊ ဝမ်းမြောက်ဝမ်း သာ ဖြစ်စေသည့်စကားသည်လည်း၎င်းတို့အဖို့ ပီတိ ဝမ်းမြောက် ဝမ်းသာကို ဖြစ် စေ ပေသည်။ အကြင်မည်သူမဆို ကျွနု်ပ်တို့နှင့် နီးစပ် နီးကပ်ရင်းနှီးလို လျှင် ၎င်းတို့ထံ ချည်းကပ်ပါလေ။ အကြောင်းမှာ ၎င်းတို့သည် ကျွနု်ပ် တို့နှင့် သာမန် မနုဿ၊ ပုထုဇဉ် လူသားများအကြား အမှီခံ၊ ဆက်နွယ်ပေးသူများ ဖြစ် ချေ သည်။                
ညွှန်း - အမာလီရှိက်ခ် သူစီ(ရ.ဟ)ကျမ်း အတွဲ (၁)

စဉ်းစား၊ မှတ်သား၊ ပညာယူစရာနှင့် ပြုပြင်စရာများ

အထက် ဖော်ပြပါဟဒီးစ်တော်အား လေ့လာသုံးသပ်ခြင်းဖြင့် အထင် အရှား သိမြင် ရမည့်အချက်မှာ အဟ်လေ့ဘိုက်(သ)(အ.စ) ၏ နှစ်သက် သည့် အရာများသည် ၎င်းတို့၏ စစ်မှန်သော ရှီအဟ် များ၏နှစ်သက်ပေမည်။ ထ့ို အတူ မုန်းတီးရွံရှာသော အရာများ သည် လည်း ရှီအာအစစ် အမှန်များ မုန်းတီးရွံ ရှာလေ၏ ။
ဤအတွက်ကြောင့် အလ်လေ့ဘိုက်(သ)(အ.စ) မည်သည့် အရာများ ကို နှစ်သက် မြတ်နိုး တန်ဖိုးထားကြောင်း၊ မည်သည့်ကိစ္စများကို မုန်းတီး၊ မနှစ် မြို့  ကြောင်း အသေအချာ သိရှိထားဖို့၊ လေ့လာလိုက်စား၊ ကျင့်သုံး နာယူရန် ရှီအာ စစ် ရှီအဟ် မှန် ဖြစ်လိုသူတိုင်း၏ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပေသည်။
ဤအတွက်ကြောင့် အဟ်လေ့ဘိုက်(သ) (အ.စ) သည်အလ္လာဟ်ဟို အ ရှင် မြတ် သခင်၏ လမ်းစဉ်တွင် လှူဒါန်းပေးကမ်းခြင်းကို နှစ်သက်မြတ်နိုး၏။    
ကျွနု်ပ်တို့သည် မိမိကိုယ်ကို ရှီအဟ် ဟုလည်း ကြွေးကြော် ၏။ သို့သော် အလ္လာဟ်ဟို အရှင် မြတ်လမ်းစဉ်တွင် လှူဒါန်းဖို့ စိတ်မပါဆိုလျှင် ….? စဉ်း စား စရာ ....?
၎င်းတို့သည် နမာဇ်၊ ရိုဇာ၊ ခွမ်းစ် စသည်ဖြင့်ကို နှစ်သက်၏။ လက်တွေ့ လုပ် ဆောင် ခဲ့ကြလေ၏။ ကျွန်တော်တို့ကမူ…...!!!???.
၎င်း တို့သည် မာန်မာန၊အတင်း အဖျင်း ၊ကောက်ကျစ် ခြင်း ၊စကား အပေး အယူ ပြု မှုခြင်း  စသည့် မကောင်း မှုဒုစရိုက်များကို ရွံမုန်း၍ လုံး၀ ရှောင် ကြဉ် ကြ လေ ၏ ။ ကျွန်တော်တို့ က ရှင်းပြဖို့ ပင်မလို ၊ လက်ရှိ အခြေအနေအမှန် ကို အများစု အသိပင် ......!!!???
သင်ခန်းစာများ
(၁) ရှီအဟ်များသည် အဟ်လေ့ဘိုက်(သ)(အ.စ) ၏ အစိတ် အပိုင်းဖြစ် လေရာ ရှီအဟ် များကို ပုတ်ခတ်စွပ်စွဲမတရားပြော သူများ၊ ယုတ် စွ ကာဖေရ်ဟုပြောသူများ သည် ကိုယ်တော်မြတ်(ဆွ) ၏ အနွယ် တော် မွန် များ (အ.စ) ကို ပြောဆိုခြင်း မည်သွား လေ၏ ။

(၂)    ရှီအဟ်များသည် ကိုယ်တော်မြတ်(ဆွ)နှင့် အဟ်လေ့ ဘိုက်(သ) (အ.စ)တို့၏ အကြိုက်ကို သာကြိုက်ပြီး း၊ မနှစ်မြို့  လည်း မနှစ်မြို့  ကြ ချေ။ အေးအတူ ပူ အမျှ ဝမ်းသာ အတူ ဝမ်းနည်းမလွဲပင်တည်း။

(၃)    အလ္လာဟ်ဟို အရှင်မြတ်ထံရောက်ဖို့ နီးစပ်ဖို့ ချည်းကပ်နိုင်ရန် တမန်တော် မြတ်ကြီး(ဆွ) ၏ ဝဇီလာလိုလေ၏။  ကိုယ်တော် ထံ ရောက်နိုင်ရန် အဟ်လေ့ ဘိုက်(သ)(အ.စ) ၏ ဝဇီလာလိုပြန် လေ သည်။ အနွယ်တော်မွန်များ ထံရောက် ရန်တစ်ခါ ရှီအာအစစ် အမှန်တို့လိုပြန်ကြောင်းထင်ရှားနေလေ၏။ ဤအတွက် ကြောင့် အ ဆင့် မကျော်နိုင်ကြောင်းဆိုသည့်အချက် ကိုမေ့မရ ချေ။
ဝမ်းနည်းစရာ ၊ ဤမျှအဆင့် သရ်ဂျာကြီး ကျယ်မြင့်မြတ်သည့်ရှီအဟ်အားယနေ့ မိမိ ကိုယ်မိမိ မွတ်စလင်မ်ဟု ခံယူထားသူ အရေခြုံအတုများ အနေဖြင့် သူခိုးကလူပြန်ဟစ် ဆိုသည့် အခြေအနေသို့ ရောက်နေလုပ်နေကြလေသည်။ ရှီအဟ်အား ကာဖေရ်ဟု မတရား စွပ်စွဲ ပုတ်ခတ် သူများ အထူးသတိပြုသင့်ပါသည်

--------------------------------------------------------------

ဝမ်းသာမှုနှင့်ဝမ်းနည်းမှု၏စံမှတ်ကျောက်

အေမာမ် အလီ(အ.စ) မိန့်ချွေတော် မူလေသည်။

قال علی ع : إِنَّ اللَّهَ سُبْحَانَهُ وَ تَعَالَى اطَّلَعَ إِلَى الْأَرْضِ فَاخْتَارَنَا وَ اخْتَارَ لَنَا شِيعَةً يَنْصُرُونَنَا وَ يَفْرَحُونَ لِفَرَحِنَا وَ يَحْزَنُونَ لِحُزْنِنَا وَ يَبْذُلُونَ أَنْفُسَهُمْ وَ أَمْوَالَهُمْ فِينَا فَأُولَئِكَ مِنَّا وَ إِلَيْنَا وَ هُمْ مَعَنَا فِي‏ الْجِنَانِ‏.
غررالحکم
အလ္လာဟ်ဟို အရှင်မြတ်သခင်အနေဖြင့် မြေပထဝီပေါ်သို့ ဂရုပြုတော် မူ ၍ ကျွနု်ပ် တို့အား ရွေးချယ်မြောက်စားလေ၏၊ ပြီးနောက် ကျွနု်ပ် တို့ အတွက် ကျွနု်ပ် တို့ အား ကူညီ ဖေးမသည့် အုပ်စုရှီအာ ၊ကျွနု်ပ်တို့ဝမ်းသာလျှင် လိုက် ၍ ဝမ်း သာ သည့်အုပ်စု(ရှီအာ) ဝမ်း နည်းကြေကွဲလျှင်လိုက်၍ ဝမ်းနည်းကြေ ကွဲ သည့်အုပ်စု(ရှီအာ) အား ဖန်ဆင်း ချီးမြှင့် တော်မူခဲ့လေသည်။ ထို(ရှီအာများ သည်) မိမိတို့၏ အသက်ဇီဝိန်၊ ပစ္စည်းဥစ္စာအား ကျွနု်ပ်တို့ အတွက် စ တေးကြ လေ သည်။ ဤ(ရှီအာ)များသည် ကျွနု်ပ်တို့မှ ဖြစ် ချေသည်။ ၎င်းတို့ သည် ကျွနု်ပ်  တို့ ဖက်မျက်နှာမူထားလေသည်။ ဂရုစိုက် လေသည်။ ပြီးနောက် ဂျန္နတ်၊ အမတ သုခဘုံ၌လည်း ကျွနု်ပ်တို့နှင့် အတူ စံမြန်းကြပေလိမ့်မည်။
ညွန်း - ဂိုးရရိုဟေကမ်း(မ)ကျမ်း
သင်ခန်းစာများ
(၁)    ရှီအဟ် အစစ်အမှန်ဖြစ်လိုလျှင် မိမိတို့၏ ဝမ်းသာမှု၊ ဝမ်းနည်းမှုကို အဟ်လေ့ ဘိုက်(သ)နှင့်တူမတူ စိစစ်ရပေမည်။
 
(၂)    ကိုယ်တော်(ဆွ)နှင့် ကိုယ်တော်(ဆွ)၏ အနွယ်တော်မွန်၊ အိမ်တော် သူ အိမ်တော်သား (အ.စ) များအတွက် အသက် ဥစ္စာ ပစ္စည်း အချိန်စသည်တို့ကို ရှီအာစစ်လျှင် စတေးရဲ ပေမည်။ မိမိကိုယ်မိမိ ရှီအာဟု ကြေငြာပြီး အမှန်တကယ်ရိုးသားပြီး အတိ အကျ ၊ ပေး သည့် သူတော်စင်၊ သူတော်ကောင်း လူကြီးလူကောင်းတို့ အနေ ဖြင့် မဂျလစ်ပြုရန် စာအုပ်ထုတ်ဝေရန်၊ မဟော်ရမ်ထမင်းကျွေးရန် အလှူ ငွေ တောင်းခံချိန်၌ လက်တွန့်သူများ၊ မသိချင်ယောင်ဆောင်နေ သူ များ သတိပြ၊ုပြု ပြင်သင့်ပေသည်။ အင်ရှာအလ္လာလ် - မြတ်အလ္လာဟ် ပြုပြင် နိုင်စွမ်းပေးသနားတော်မူပါစေ။

(၃)    အမြဲ တစေ ကိုယ်တော်နှင့် အနွယ်တော်မွန်တို့အပေါ် ဂရုစိုက် စိတ် ဝင် စားဖို့ လိုပေသည်။
 
(၄)    ရှီအဟ်သည် ကိုယ်တော်မြတ်(ဆွ)  နှင့် အလ်လေ့ဘိုက်(သ) (အ.စ) နှင့်အတူ ဂျန္နတ် တွင် စံမြန်းရမည်ဟု သာဝကတော်များတွင် အမှန် ကန်ဆုံးပညာအရှိဆုံး၊ အကြီးကျယ်၊ အမြတ်ဆုံးဖြစ်သည့် မောင်လာ အလီ(အ.စ)၏ ဟဒီးစ်တော် မှန် ရှိလျှက် ရှီအာ(၇) ဦး ကိုသတ် လျှင် ဂျန္နတ်ရောက် မည်ဆို သည့် စလ်ဖီ၊ ဝဟာဘီ တို့၏ ဖသ်ဝါမှာ ရယ် စရာ၊ သနားစရာပင်တည်း။
(၅) မအ်စူမီး(န)၏ ဝေလာဒသ်နေ့ များ နှင့် ရှဟာဒသ် နေ့များကို သူနေ့ နှင့် ဝေလာဒသ်အခမ်းအနားပြုလုပ်ရန် ၊ ရှဟာဒသ် နေ့များတွင် အဇါယေမဂျ်လစ်များကို ပြုလုပ်ရပါမည်။
_________________________________


ရှီအာများ၏ ဂုဏ်ည်များ

အေမာမ်ဂျအ်ဖရ်ဆွာစ် (အ.စ) မိန့်တော်မူလေသည်။
قَالَ الصَّادِقُ ع‏  :  شِيعَتُنَا أَهْلُ الْوَرَعِ وَ الِاجْتِهَادِ وَ أَهْلُ الْوَفَاءِ وَ الْأَمَانَةِ وَ أَهْلُ الزُّهْدِ وَ الْعِبَادَةِ أَصْحَابُ إِحْدَى وَ خَمْسِينَ رَكْعَةً فِي الْيَوْمِ وَ اللَّيْلَةِ الْقَائِمُونَ بِاللَّيْلِ الصَّائِمُونَ بِالنَّهَارِ يُزَكُّونَ أَمْوَالَهُمْ وَ يَحُجُّونَ الْبَيْتَ وَ يَجْتَنِبُونَ كُلَّ مُحَرَّمٍ.
بحارالانوار جلد 65  ص 167 (ط .بیروت )
ကျွနု်ပ်တို့၏ ရှီအာဆိုသည်မှာ သီလ သမာဓိဆောက်တည်သူ၊ ကုသိုလ် ကောင်းမှု အတွက်ကြိုးပမ်းအားထုတ်သူ၊ သစ္စာ၊ ကတိတည်သူ၊ အလွဲသုံးစား မပြုသူ၊ လောက မမက်မောသူနှင့် အေဗာဒသ်ပြုသူဖြစ်ချေသည်။ နေ့နှင့်ည တွင် (၅၁) ရကတ်နမာဇ်ဖတ် လေသည်။ တစ်ညလုံး (အေဗာဒသ်ပြု၍ နိုးထ နေပေသည်။ နေ့၌ရိုဇာ ဥပုသ် သီလ ဆောက်တည်လေသည်။ မိမိ၏ ဥစ္စာ ပစ္စည်းမှ ဇကာသ်ပေးဆောင်ပေသည်။ မြတ် အလ္လာဟ် အိမ်တော် သို့ သွား ရောက် ပြီး ဟဂျ်ပြုလေသည်။ ဟရမ်လုပ်ရပ်မှန်သမျှမှ ရှောင်ကြဉ် ပြီးနေထိုင် လေ၏။
ညွှန်း- ဘေဟာ(ရ)ရွလ် အန်နဝါရ်ကျမ်း အတွဲ၆၅၊စာမျက်နှာ၁၆၇၊ ပုံနှိပ် - ဘေရွတ်မြို့
သင်ခန်းစာများ
(၁)    ရှင်းပြရန်ပင် မလိုအပ် တော့ချေ။

(၂)    ၅၁ ရကတ်ဆိုသည်မှာ နမာဇ်(၅)ကြိမ်နှင့် နာဖေလာများအပါအဝင် နမာဇ် စေရှဗ် (ခ) နမာဇ်စေသဟ်ဂျွဒ် (၁၁) ရကတ် ကိုပေါင်း၍ ဆို လို ထား ပေသည်။ (၅၁) ရကတ်ကို မဆိုထားပဲ နေ့စဉ်နမာဇ် (၅) ကြိမ် မမြဲ သူများ မိမိကိုယ်ရှီအဟ် ဟု ထင်နေ ကြွေးကျော်နေ သည် မှာ ရှက်စရာ ပင်တည်း။

(၃)    ကျွန်တော်တို့ တတွေ တစ်ညလုံး အေဗာဒသ် အတွက်ဆို နိုးမနေပဲ၊ ညတစ်ဝက် (သို့မဟုတ်) ညနက် သည်အထိ ရုပ်ရှင်ကြည့် နေ ၊ လက်ဖက် ရည်ဆိုင်ထိုင်နေ စ သည်ဖြင့် အလုပ်များ လုပ်နေပြီး ၊ ကိုယ့်ကို ရှီအာ ဟုထင်နေသည်မှာလည်း တွေးစရာ ရှက်စရာပင်။

(၄)    ရှီအဟ်မှန်လျှင်ဇကာသ်လည်းပေးဆောင်ရ မည်ဟု ဟဒီးစ်တော် က ညွှန်းထား ရာ တရားသည့်နည်းဖြင့် ငွေချမ်းသာဖို့လိုပြန်ပေသည်။ ငွေအသပြာ ပစ္စည်း ဥစ္စာမရှိလျှင် မည်သို့ ဇကာသ် ပေးကြမည် နည်း? တရားသည့်နည်းဖြင့် ရှာမှ သာလျှင် ဟဒီးသ်တော် နောက်တစ်ချက် အဆိုဖြစ်သည့် ဟရမ်လုပ်ရပ်မှန် သမျှ မှ ရှောင် ကြဉ် ခြင်း နှင့်ညီ ပေမည်။
________________________________________
ရှီအာများ၏လက္ခဏာ(၁)

အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
قَالَ الصّادق ع : امْتَحِنُوا شِيعَتَنَا عِنْدَ ثَلَاثٍ عِنْدَ مَوَاقِيتِ الصَّلَاةِ كَيْفَ مُحَافَظَتُهُمْ عَلَيْهَا وَ عِنْدَ أَسْرَارِهِمْ كَيْفَ حِفْظُهُمْ لَهَا عِنْدَ عَدُوِّنَا وَ إِلَى أَمْوَالِهِمْ كَيْفَ مُوَاسَاتُهُمْ لِإِخْوَانِهِمْ فِيهَا.
الخصال ج 1 ص 103

ကျွနု်ပ်တို့၏ ရှီအဟ် ဟုတ်မဟုတ် လက္ခဏာအချက်(၃) ချက်ဖြင့် စိစစ် နိုင် ပေသည်။
(၁)    နမာဇ် အချိန် ကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် မှုပြု ကြောင်းနမာဇ်  ကို နမာဇ် ၏ပထမအချိန်နှင့်ဝတ်ပြုခြင်း
(၂)    မိမိတို့၏ လျှို့ဝှက်ချက်များကို အဟ်လေ့ ဘိုက်(သ)၏ ရန်သူများ ထံ မရောက်ရန် မည်ကဲ့သို့ ဖုံးကွယ်ထားကြောင်း
(၃)မိမိတို့၏ သာသနာ့ညီနောင်မိုမင်များကို မိမိတို့၏ ဥစ္စာပစ္စည်းအသပြာဖြင့် မည်ကဲ့သို့ ပေးကမ်းလှူဒါန်းကြောင်း တို့ဖြစ်လေသည်။
ညွန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၀၃                   
သင်ခန်းစာများ
(၁)    ရှီအဟ်စစ်၊ ရှီအဟ်မှန်ဖြစ်လိုလျှင် အထက်ဖော်ပြပါ အချက် လက္ခဏာ သုံးရပ်အား မိမိအတွင်း သရုပ်ပေါ်လာအောင် ပြုပြင်ကြိုးပမ်း အား ထုတ်ရ ပေမည်။
 
(၂)    သာသနာ့ညီနောင်များကို ကူညီဖးမရန် ညွှန်းထား လေ၏။ ဒုက္ခပေး၊ ကောက် ကျစ်ရန်မဆိုထားချေ။ ဤ အတွက် မိမိတို့၏ သာသနာ့ညီ နောင်တို့၏ အလုပ် ကိစ္စမှန်သမျှ အတွက် မိမိတို့၏ ပစ္စည်းဥစ္စာ အသပြာစသည်ဖြင့် မကူညီနိုင် လျှင်လည်း အနည်းဆုံး မနှောက် ယှက်သင့်ချေ။

________________________________________

ရှီအာများ၏ လက္ခဏာများ (၂)

အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
عَنِ الصَّادِقِ ع : فِي وَصِيَّتِهِ لِعَبْدِ اللَّهِ بْنِ جُنْدَبٍ يَا ابْنَ جُنْدَبٍ إِنَّمَا شِيعَتُنَا يُعْرَفُونَ بِخِصَالٍ شَتَّى بِالسَّخَاءِ وَ بِالْبَذْلِ لِلْإِخْوَانِ وَ بِأَنْ يُصَلُّوا الْخَمْسِينَ لَيْلًا وَ نَهَاراً الْخَبَرَ.
مستدرک الوسائل و مستنبط المسائل ج 3 ص 52
ကျွနု်ပ်တို့၏ ရှီအဟ် အား အချို့ကောင်းမြတ်သည့် လက္ခဏာများနှင့် သိရှိနိုင်ပေ သည်။
(၁) ရက်ရော၊ ပေးကမ်း၊ စွန့်ကြဲမှုဖြင့်
(၂) မိမိ၏ ညီအစ်ကိုများအပေါ်အကျိုးပြုလုပ်ငန်းပြုပေးခြင်းဖြင့်
(၃) နေ့နှင့်ညနမာဇ် ရကတ်ပေါင်း (၅၀)ဝတ်ပြုခြင်းဖြင့် တို့ဖြစ်လေသည်။
ညွှန်း-မွစ်သဒရကိုလ်ဝစာ အေလ် ဝါ မွစ်သန်ဗေသွလ်မစာအေလ်ကျမ်း အတွဲ၃ ၊စာမျက်နှာ ၅၂
သင်ခန်းစာများ
(၁) စေးနဲတွန့် တိုသူများ ရှီအဟ်အစစ် အမှန်မဖြစ်နိုင် ချေ။
 (၂) မိုမင်များကို အကျိုးယုတ်စေသည့် လုပ်ငန်းများကို လုပ်ဆောင်နေ သူများ အထူး သတိပြုသင့်ပေသည်။ အထူးသဖြင့် မိမိတို့ခုံနေရာ စသည်ဖြင့် ပိုင်ဆိုင် ရေးအတွက် မိုမင်များ၏ စုစည်းမှု၊ စည်းရုံးမှု ကိုပင် အသိအမှန်မပြုတော့ပဲ ထင်ရာဆိုင်းသူများပြုပြင်ရန် မီးမောင်း ထိုးပြ နေလေသည်။

(၃) နမာဇ် မည်မျှပင် အရေးကြီး အရာရောက် လေစွ ....
________________________________________

ရှီအာများ၏ အမှတ်အသားများ

ဟဒီးစ်တော် (၆)
عن السندی بن محمد رفعه قال ع : تَبِعَ قَوْمٌ أَمِيرَ الْمُؤْمِنِينَ فَالْتَفَتَ إِلَيْهِمْ فَقَالَ مَنْ أَنْتُمْ قَالُوا شِيعَتُكَ‏ يَا أَمِيرَ الْمُؤْمِنِينَ قَالَ مَا لِي لَا أَرَى عَلَيْكُمْ سِيمَاءَ الشِّيعَةِ فَقَالُوا وَ مَا سِيمَاءُ الشِّيعَةِ قَالَ صُفْرُ الْوُجُوهِ مِنَ السَّهَرِ خُمْصُ الْبُطُونِ مِنَ الصِّيَامِ ذُبُلُ الشِّفَاهِ مِنَ الدُّعَاءِ عَلَيْهِمْ غَبَرَةُ الْخَاشِعِينَ.
صفات الشیعه
စကားပြေအဓိပ္ပာယ်
    စင်ဒီဘင်န် မိုဟမ္မဒ် အနေဖြင့် ဟဒီးစ်စေမရ်ဖူအ်တော်အား တင်ပြထား လေသည်။
တနေ့၌ အမီးရွလ် မိုမေနီ မောင်လာအလီ(အ.စ) သည် (တစ်နေရာရာသို့) ကြွမြန်းတော်မူနေ လေ ၏။ အချို့  ပုဂ္ဂိုလ်များ အနေဖြင့် ကိုယ်တော်၏ နောက်သို့ လိုက်လာကြလေ၏။ ကိုယ်တော်အနေဖြင့် ၎င်းတို့ မျက်နှာပြု ၍ မေးတော်မူလေ၏။ အသင်တို့ဘယ်သူတွေလဲ။ ၎င်းတို့မှ အဖြေပေး လျှောက် ထားလေ၏။ အို  အမီးရွလ် မိုမေနီသခင် ကျွန်တော်တို့ဟာ ကိုယ်တော်၏ ရှီအာတွေဖြစ်ပါတယ်ခင်ဗျား၊ အေမာမ်ဆက်ပြီး မိန့်လေ၏။ အဘယ် အတွက်ကြောင့် အသင်တို့ မောင်ရင်တို့ မျက်နှာတွေမှာ ရှီအာ၏ အမှတ် အသားများကို မတွေ့ရပါသနည်း။ ၎င်းတို့အနေဖြင့် ဆက်၍ မေးလျှောက် ပြန်၏။ ရှီအာများ၏ အမှတ် အသားများသည် အဘယ်အရာများဖြစ်ပါ သနည်း?  အေမာမ်(အ.စ) အနေဖြင့် အဖြေပေး တော်မူလေ၏။
    ညလုံးပေါက် မအိပ်စက်သည့်အတွက် ၎င်းတို့၏ မျက်နှာ အရောင် ဟာ အဝါရောင် ဖြစ်နေလေ၏။ ရိုဇာ၊ ဥပုသ်သီလဆောက်တည်မှုများကို ပြု လုပ် သည့် အတွက်ကြောင့် ၎င်းတို့၏ ဝမ်းဗိုက်များသည် ကျောနှင့် တပြေး တည်းဖြစ် နေလေ၏။ ဒိုအာတောင်းဆိုမှု ပြုသည့်အတွက် ၎င်းတို့၏ နှုတ်ခမ်း များသည် ခြောက်သွေ့နေလေ၏။ ထိုပြင်၎င်းတို့ အပေါ် (မြတ်အလ္လာဟ်) အား ကြောက်ရွံ့၊ ကျိုးနွံ့မှု အချင်းလက္ခဏာဖိစီး နေပေသည်။
ညွှန်း - စေဖာသွရှ်ရှီအာကျမ်း                           
သင်ခန်းစာများ
(၁) ည မအိပ်စက်ဘဲ၊ အေဗာဒသ်ပြုမှု၊ ရိုဇာ၊ ဥပုသ်သီလဆောက် တည် မှု၊ ဒိုအာနှင့် မြတ်အလ္လာဟ်ကြောက်တရား မည်မျှ အရေးကြီး ကြောင်း သိနိုင်ပေသည်။
(၂) အေဗာဒသ် မပြုဘဲ ညလုံးပေါက် ရုပ်ရှင်ထိုင်ကြည့်၍ လက်ဖက်ရည် ဆိုင် ထိုင်၍ လျှောက်လည်နေ၍ မျက်နှာအရောင်ဝါနေခြင်း၊ ရိုဇာ အမြောက် အမြား ထားသော်လည်း ဗိုက်နှင့်ကျော တပြေးတည်း မဖြစ်နေခြင်း (မပိန်ခြင်း) ဒိုအာ ကြောင့် မဟုတ်ဘဲ အပူရှိန်ကြောင့် နှုတ်ခမ်းခြောက် သွေ့နေခြင်းတို့သည် ဤ ဟဒီးစ် တော်၏ ဆိုလို ချက် များမဟုတ်ချေ။အထူးသတိပြုသင့်ပေ သည်။
________________________________________

ရှီအာများ၏ အမျိုးအစား (၁)

အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။
قال الصادق ع‏  : الشِّيعَةُ ثَلَاثٌ‏ مُحِبٌّ وَادٌّ فَهُوَ مِنَّا وَ مُتَزَيِّنٌ بِنَا وَ نَحْنُ زَيْنٌ لِمَنْ تَزَيَّنَ بِنَا وَ مُسْتَأْكِلٌ بِنَا النَّاسَ وَ مَنِ اسْتَأْكَلَ بِنَا افْتَقَرَ.
خصال جلد 1 ص 103
ကျွနု်ပ်တို့၏ ရှီအဟ်သုံးမျိုးသုံးစားရှိပေသည်။
ပထမအမျိုးအစား -     ကျွနု်ပ်တို့အား အချစ်မေတ္တာ ထားနှစ်သက်မြတ်နိုး   တန်ဖိုး ထား လေ၏။ ဤအုပ်စုအမျိုးအစားသည် ကျွနု်ပ်မှ ဖြစ်လေသည်။
ဒုတိယအမျိုးအစား  -ကျွနု်ပ်တို့၏အမည်နာမကိုယူ၍ မိမိကိုယ်ကို သိက္ခာ ပေးသူ၊ ပြင်ဆင်သူ၊ ကျွနု်ပ်တို့အနေဖြင့် ဤအုပ်စုကြောင့် ဂုဏ်သိက္ခာ ရှိလေ၏။ (အမည်မဖျက် လေ၏)
တတိယအမျိုးအစား - ကျွနု်ပ်တို့ကို စားပေါက်အဖြစ်အလွဲ သုံးစားပြု သည့်အုပ်စု ဖြစ်ပေသည်။ အကြင်မည်သူမဆို ကျွနု်ပ်တို့ကို ပြပြီး ဝမ်းရေးပြု မည်ဆိုလျှင် ဆင်းရဲဒုက္ခ ရောက်ခြင်းကို ခံရပေလိမ့် မည်။                   
  ညွှန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၀၃
သင်ခန်းစာများ
(၁) ယူတတ်လျှင် အမြောက်အမြားပင် တည်း။

(၂) ကိုယ်တော်(ဆွ)နှင့် အတ်လေ့ဘိုက်(သ)(အ.စ) ဂုဏ်သိက္ခာ မညှိုး နွမ်း စေဖို့၊ ပြစား မမိဖို့မည်မျှ အရေးကြီးကြောင်း ထင်ရှား နေပေ သည်။

________________________________________

ရှီအာများ၏ အမျိုးအစား(၂)
အေမာမ်ဘာကေရ်(အ.စ)မိန့်တော်မူလေသည်။
قال الباقر ع : شِيعَتُنَا ثَلَاثَةُ أَصْنَافٍ صِنْفٌ يَأْكُلُونَ النَّاسَ بِنَا وَ صِنْفٌ كَالزُّجَاجِ يَتَهَشَّمُ وَ صِنْفٌ كَالذَّهَبِ الْأَحْمَرِ كُلَّمَا أُدْخِلَ النَّارَ ازْدَادَ جَوْدَةً.
بحارالانوار جلد 78
ကျွနု်ပ်တို့၏ ရှီအဟ် သုံးမျိုးသုံးစားရှိလေ၏။
ပထမအမျိုးအစား - ကျွနု်ပ်တို့ကို အကြောင်းပြပြီး လူထုထံမှ စားသောက်ကြ လေသည်။
ဒုတိယအမျိုးအစား - မှန်ကဲ့သို့ ကြည် လင်တောက်ပနေ သူများဖြစ် ကြ လေ၏။ အတွင်း၌ ရှိသည့်အတိုင်း အပြင်၌လည်း မြင်နေလေ၏။ (ဟန်ဆောင်မှုကင်းမဲ့ကြလေ၏။)
တတိယအမျိုးအစား - ရွှေကဲ့သို့ပင်တည်း၊ မည်မျှပင်မီးပေးလေလေ၊ ပိုပြီး အရောင်ထွက် လာလေလေ ၊၊ စစ်လာလေလေ၊ အရည်အသွေးပြည့် ဝလာ လေလေ ပင်ဖြစ်ပေ သည်။
ညွှန်း- ဘေဟာ(ရ)ရွလ်အန်နဝါကျမ်းအတွဲ ၇၈
သင်ခန်းစာများ
(၁)    ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မည်သည့် အုပ်စုတွင် ပါဝင် နေ ကြောင်း လေ့လာစိစစ်ရ ပေမည်။

(၂) ဆောင်ရန်ကိုဆောင် ရှောင်ရန်ကိုရှောင် မြင်သင့်သည် ကို မြင်ရ ပေမည်။

________________________________________


လေးခုသောအရာပေါ်အီမာန်သစ်ဝင်ယုံကြည်ခြင်း


အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။

قَالَ الصَّادِقُ ع‏ :  لَيْسَ مِنْ شِيعَتِنَا مَنْ‏ أَنْكَرَ أَرْبَعَةَ أَشْيَاءَ الْمِعْرَاجَ وَ الْمُسَاءَلَةَ فِي الْقَبْرِ وَ خَلْقَ الْجَنَّةِ وَ النَّارِ وَ الشَّفَاعَةَ.
میزان الحکمه ج 6
ကျွနု်ပ်တို့၏ ရှီအဟ်သည် အရာလေးခု အပေါ် အီမာန်သက်ဝင် ယုံကြည် ခြင်း မှ မငြင်းပယ်ကြချေ။
(၁) မေအ်ရာဂျ်
(၂) ကဗရ်အတွင်း၌အမေးနှင့်အဖြေ
(၃) ဂျန္နတ်အမတသုခဘုံ နှင့် ဂျဟန္နမ်ငရဲဘုံတို့ အားဖန်ဆင်ထားခြင်း
ညွှန်း - မီးဇာန်းနိုဟေက်မသ်(အ)ကျမ်း အတွဲ ၆
သင်ခန်းစာများ
(၁)    သာမန် လူသားပင ်နားလည်သဘောပေါက်နေသည်။
(၂)    ဤ အရာ လေးခု သည် ရှီအာမှန်ရှီအာစစ်ဖြစ်လိုသူတိုင်း အ တွက် မ လွဲ မ သွေ သက်ဝင်ယုံကြည်ထား ရမည့် အရာ လေးခု ပင်ဖြစ် ပါသည်။

________________________________________

မကောင်းသည့်ဒုစရိုက်သုံးခုမှ ဝေးခြင်း
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေ၏။

قَالَ الصّادق ع : مَا كَانَ فِي شِيعَتِنَا فَلَا يَكُونُ فِيهِمْ ثَلَاثَةُ أَشْيَاءَ لَا يَكُونُ فِيهِمْ مَنْ يَسْأَلُ بِكَفِّهِ وَ لَا يَكُونُ فِيهِمْ بَخِيلٌ وَ لَا يَكُونُ فِيهِمْ مَنْ يُؤْتَى فِي دُبُرِهِ.
خصال جلد 1 ص 131
ကျွနု်ပ်တို့ ၏ ရှီအဟ် များအတွင်း၌အရာရာတိုင်း ရှိကောင်း ရှိနိုင် လေ ၏။ သို့ သော် သုံးခုသော ချွတ်ယွင်းချက်အပြစ်အနာအဆာမှ မရှိနိုင်ချေ။
(၁)    ၎င်းတို့အထဲ၌ တောင်းရမ်းစားသောက်သူဟူ၍ မရှိချေ။
(၂)    ၎င်းတို့အထဲ၌စေးနဲ၊တွန့်တိုသူဟူ၍ မရှိချေ။
(၃)    ၎င်းတို့အထဲ၌ လိင်တူခြင်းဆက်ဆံမှုကိုခံသူ၊ သဘောတူသူဟူ၍ မရှိချေ။
ညွန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၃၁
သင်ခန်းစာများ
(၁)    ရှီအဟ်အဖြစ် လုပ်လို သူတိုင်း အထူးသတိပြု စရာ(သုံးချက်) ပင် တည်း။
(၂) တောင်း ရမ်းခြင်း ဆိုသည်မှာ ခွက်ကိုင်ပြီး တောင်းရမ်းမှ တောင်းရမ်း သည် မဟုတ်ပါ ၊ အလုပ်မလုပ်ဘဲ မကြိုးစားဘဲ၊ အပင်ပန်းမခံဘဲ သူတစ်ပါးဆီမှ ငွေကိုအခမဲ့လိုခြင်းသူများလည်း တောင်းရမ်းခြင်း ဆိုသည့် စက်ကွင်းမှ မလွတ် နိုင်ကြောင်း သတိချပ် သင့်ပေ သည်။
 
(၃) လိင်တူခြင်း ဆက်ဆံမှုသည် ရွံ့  စရာ အကောင်းတကာ အကောင်း ဆုံးနှင့် ခသာနတ် ပြုခြင်းတစ်မျိုးလည်းဖြစ်ပေ သည်။

________________________________________

ရှီအာဆိုတာဘယ်သူလဲ


အေမာမ်ဘာကေရ် (အ.စ) မိန့်တော်မူလေ၏။

قال الأمام الباقر ع  : لبعض اصحابه لما َ لَكَثِيرَةٌ  الشیعه  فَقَالَ هَلْ‏ يَعْطِفُ‏ الْغَنِيُّ عَلَى الْفَقِيرِ وَ يَتَجَاوَزُ الْمُحْسِنُ عَنِ الْمُسِي‏ءِ وَ يَتَوَاسَوْنَ فَقُلْتُ لَا فَقَالَ لَيْسَ هَؤُلَاءِ شِيعَةً الشِّيعَةُ مَنْ يَفْعَلُ هَذَا.
بحارالانوار جلد 74
အေမာမ် (အ.စ) ၏ ထံတော် ဝယ်ရှီအာ နှင့် ပတ်သက်ပြီး အလွန်တရာ ပြောဆိုမှုပြုလာကြ သည့်အခါ ကိုယ်တော်အနေဖြင့် သာဝကတော်များအား မေးမြန်း လေ၏။
ဘာလဲ၊ အဆင်ပြေ၊  ဥစ္စာ ပစ္စည်းရှိသည့် (ရှီအာများ)အနေဖြင့် ဆင်းရဲ သားများကို ကြည့်ရှုကူညီပါသလော?
ဘာလဲ ကောင်းမှု ကုသိုလ်သုစရိုက်ပြု လုပ်ကြသည့် (ရှီအာများ) အနေဖြင့် ကောင်းမှု ၏ အဖြေအား မကောင်းမှု ဒုစရိုက်ဖြင့် ပေးသူများကို ခွင့်လွှတ် နားလည်ပေးပါသလော?
ဘာလဲ (ရှီအဟ်များဟာ) တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရား ရှိကြ ပါကုန်သလော?
ရဝီ အနေဖြင့် တင်ပြလျှောက်ထားလေ၏။ ဟုတ်ကဲ့၊ ဤကဲ့သို့ မဟုတ်ကြ ပါ။
ထိုအချိန် အေမာမ် (အ.စ) မိန့်တော်မူလေ၏။ ၎င်းတို့သည် ရှီအာ မဟုတ်ကြပေ။ ရှီအာဆို သည်မှာ (အထက်) ဖော်ပြပါ အတိုင်းပြု သူများ ဖြစ်ကြလေသည်။
ညွှန်း- ဘေဟာ (ရ) ရွလ်အန်နဝါကျမ်းအတွဲ ၇၄
သင်ခန်းစာများ
(၁) ငွေရေး ကြေးရေး ဥစ္စာ ပစ္စည်းကြွယ်၀ ပြီး ဆင်းရဲသား များကို မ ထောက် ပံ့ လျှင် ရှီအာ အစစ်မဖြစ် နိုင်ချေ။ ငွေရေး၊ကြေး ရေးချမ်းသာရာ၌လည်း တရားသည့် နည်း၊ သမာအာဇီဝကျသည့် လမ်းဖြင့် ချမ်းသာအဆင်ပြေသူဖြစ်ရပေမည်။ (သို့မဟုတ်)ပါ က အိတ်ပေါက် နှင့်ဖားကောက် ဖြစ်နေပေ မည်။ မပြောကောင်း၊ မဆိုကောင်း ရှီအာနာမည်ပါ ပျက်နေရ ပေမည်။
 
(၂) အငြိုး အတေးကြီးသူများ ထားသူများ ကလဲ့စားချေတတ် သူများ အထူးသတိပြု သင့်ပေသည်။ မတော်တဆ ကိုယ်ကျေးဇူးပြုခဲ့သူများ ကျေးဇူးကန်းခဲ့လျှင် လည်း မြတ်အလ္လာဟ်ဖို့ဟုနီယသ်ဖြင့် ခွင့်လွတ် ပေးရပေမည်။ ဤလုပ်သည် ပြောလျှင်ရေးလျှင် အလွန် လွယ်ကူသောလည်း လက်တွေ့အတွက် ခက်ပေ သည်။ သို့သော် မဖြစ်နိုင်သည့် အရာမဟုတ်ပေ။
 
(၃) ကိုယ်ချင်းစာတရားရှိဖို့လိုလေသည်။ ငါအိမ်ပဲလာရမည်။ သူ့အိမ် ကိုမသွားရ၊ ငါနှင့်ပဲပေါင်းသင်း ဆက်ဆံရမည်။ သူနှင့် မပေါင်းသင်းမဆက်ဆံရ။ ငါအတွက် ငါအဖွဲ့အတွက်လှူရ၊ ဒါန်းရ၊ ကူရမည်။ အခြားအဖွဲ့အခြားသူအတွက် ယုတ်စွ ရှီအာ အကျိုးပြု အလုပ်ပင်လုပ်နေပါစေ။ မလှူဒါန်းရ၊ မကူရ။ ငါတို့အတွက် ဆိုလျှင် နိုင်ငံခြား၏ မတည်ငွေဖြင့် စာအုပ်ထုတ်နိုင်သည်။ အဆောက်အဦး ဝယ်နိုင်သည်။ အသက်မွေးဝမ်းကျောင်းပြုအရာများ ဖန်တီးနိုင် လေသည်။ သူများအတွက် ဆို  No ၊ No စသည် စိတ်ပုပ်၊ စိတ်ယုတ်၊ စိတ်ရိုင်းထားပြီး ရှီအာဟု ကြေငြာနေသူများ အထူးသတိပြုအရှက် ရပြီး  သောင်ဗာပြုကာ ပြုပြင်သင့် ပေပြီး။

    ဤကဲ့သို့ အထက်ဖော်ပြပါ စိတ်ပုပ်၊ စိတ်ယုတ်။ စိတ်ရိုင်းထားသည့် အမည်ခံ ရှီအာများ ကိုယ်ချင်းစာတရားမရှိသည့်ရှီအာများသည် သူတို့ ကိုယ်တိုင်ရော၊ သူတို့ အပေါင်းအသင်း အသိုင်းအဝိုင်းရော၊ ယုတ်စွ အမြင်မှန်သည့် ဂျမာအတ်သူ၊သားများမှ သိနေလေ၏။ အထက်၌ သာဓက အဖြင့် အနည်းငယ်ဖော်ပြထားခြင်းဖြစ်ပေသည်။ စာရူသူ၊ ချစ်ပရိတ် သတ် အနေ ဖြင့် ဤထက်ပို၍ အတွေ့အကြုံများပေ မည်။

________________________________________

အမိန့်နာခံခြင်း
အေမာမ်ရေဇာ (အ.စ) မိန့်တော်မူလေ၏။

قال الرِّضَا ع قَالَ: شِيعَتُنَا الْمُسَلِّمُونَ‏ لِأَمْرِنَا الْآخِذُونَ بِقَوْلِنَا الْمُخَالِفُونَ لِأَعْدَائِنَا فَمَنْ لَمْ يَكُنْ كَذَلِكَ فَلَيْسَ مِنَّا.
صفات الشیعه

ကျွနု်ပ်တို့၏ ရှီအဟ်သည် ကျွနု်ပ်တို့၏ အမိန့်ပညတ်ချက်တော်များ ကို လိုက်နာ၊ နားခံလေ၏။ ကျွနု်ပ်တို့၏ အဆိုအမိန့်များ အပေါ် လက်တွေ့ကျင့် သုံးပြလေ၏။ ကျွနု်ပ် တို့၏ ရန်သူများကို ဆန့်ကျင်လေ၏။ မည်သူ မဆို ဤကဲ့သို့ မပြုလုပ်လျှင် ကျွနု်ပ်တို့မှ (ကျွနု်ပ်တို့၏) ရှီအာစစ် ရှီအာမှန် မဟုတ်ချေ။          
 ညွှန်း-ဆွေဖာသွရှ်ရှီအာကျမ်း
သင်ခန်းစာများ
(၁)    ရိုးပြီး ၊ရှင်းနေလေ၏။

(၂)    ကိုယ်တော်မြတ်(ဆွ)နှင့် အဟ်လေ့ဘိုက်(သ)(အ.စ) ၏အဆို အမိန့် များ သည် ဘာလဲဆိုတာလဲ မသိ၊သိအောင်လည်း မကြိုး စား၊ သိ အောင်ပြုပေး နေသူများကို လည်း အားမပေးသည့် ရှီအာဆိုသည့် ဆိုင်းဘုတ်ကိုင်ထားသူများ အတွက် ရင်လေးစရာပင်။

(၃) ဟဒီးစ်ပါ အချက်များကို လက်တွေ့မလိုက်နာသူသည် သာမန်၊ အပြစ်ရှိ လူသား များ၏ အမြင်၌ ရှီအာဖြစ်ကောင်းဖြစ်နိုင်လေ၏။ သို့သော် ပြစ်မဲ့ မအ်စူးမီး(မ်) ၏ အမြင်၌ မဖြစ်နိုင် ချေ။

________________________________________

ရှင်မြတ်အားကြောက်လည်းကြောက်ပြီးမျှော်လလင့် ချက်အပြည့်လည်း ထား၏


အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေ၏။
قَالَ الصّادق ع : وَ اللَّهِ مَا شِيعَةُ عَلِيٍّ ع إِلَّا مَنْ عَفَّ بَطْنُهُ وَ فَرْجُهُ وَ عَمِلَ لِخَالِقِهِ وَ رَجَا ثَوَابَهُ وَ خَافَ عِقَابَهُ.
بحارالانوار جلد 65
အလ္လာဟ်ဟိုအသျှင်မြတ်၏ကစမ်၊ ထိုပုဂ္ဂိုလ်သည်သာလျှင် အလီ (အ.စ) ၏ ရှီအဟ် ဖြစ်ပေ သည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ဝမ်းနှင့်လိုအင်ဆန္ဒကို (ဟရမ် နည်း လမ်းများနှင့် ဖြည့်ခြင်း မှ) ရှောင်ကြဉ်လေ၏။ မြတ်အလ္လာဟ်၏ နှစ်သက် နှစ်မြို့ ကျနပ်မှုရရန်အလိုငှာ အလုပ် များကို လုပ်ဆောင်လေ ၏။ မြတ် အလ္လာဟ်ချီးမြှင့်မည့် အကျိုးဆုလာဒ်စဝါးဗ်ကို မျှော် လင့်ထားပြီး မြတ် အလ္လာဟ်၏ အဇားဗ်  ပြစ်ဒဏ်ငရဲပေးခြင်းခံရမည်ကိုလည်း ကြောက် လေ ၏။                   
ညွှန်း-ဘေဟာ(ရ)ရွလ်အန်နဝါရ်ကျမ်းအတွဲ (၆၅)
သင်ခန်းစာများ
(၁) ရှီအဟ်ဆိုတာ ပြောရ၊ ရေးရ၊ ဟောရတာလွယ် သလောက် အမှန် ရှီအဟ်အဖြစ် ရောက်ဖို့ ရိုးရိုးလေးနှင့်မရ ချေ။

(၂) စဝါးဗ် အပေါ်မျှော်လင့်ချက်မရှိ၍ ကောင်းမှု၊ ကုသိုလ်မပြုသူများ၊ အဇားဗ်ကို မယုံ၍ ကိုယ်ထင်ရာ ကိုယ်လုပ်ချင်ရာလုပပ်နေသူများ မိမိကိုယ်ကို ရှီအာဟု မပြောနှင့် လူထုပင်မဆိုသင့် တော့ချေ ။
________________________________________

ပညာရှင်များနှင့် ဒေါသမြိုသိမ့်သူများ ဖြစ်လေ၏

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေ၏။

قَالَ الصّادق ع : إِنَ‏ شِيعَةَ عَلِيٍ‏ ع‏ كَانُوا خُمْصَ‏ الْبُطُونِ ذُبُلَ الشِّفَاهِ أَهْلَ رَأْفَةٍ وَ عِلْمٍ وَ حِلْمٍ يُعْرَفُونَ بِالرَّهْبَانِيَّةِ فَأَعِينُوا عَلَى مَا أَنْتُمْ عَلَيْهِ بِالْوَرَعِ وَ الِاجْتِهَادِ.
بحار انوار جلد 65  ص 188
ဧကန်မုချ အလီ(အ.စ) ၏ရှီအဟ် ၏ ဝမ်းဗိုက်သည် ပိန်လေ၏။ နှုတ် သည် ခြောက်သွေ့ နေလေ၏။ ထိုသူများသည် သနားကြင်နာညာတာပြီး မေတ္တာရှိ သူများဖြစ်လေ၏။ ပညာတတ်သူများနှင့် ကျိုးနွံသူများဖြစ်လေ သည်။ ၎င်းတို့ ၏ လောက မမက်မောမှု ကြောင့် သီးသန့်၎င်း တို့ကိုသိရပေ သည်။ ဤ အတွက်ကြောင့် (ဂိုနာအပြစ်ဒုစရိုက် များမှ) သန့်စင်ပြီး လွန်မြောက် ရန် ကောင်း မှု သုစရိုက်များပြုနိုင်ရန် ကြိုးပမ်းမှုများ ထားရှိရပေ မည်။ ဤနည်းဖြင့် မိမိတို့၏ ယုံကြည်မှုများ (ဝေလာယသ်သေအလ်လေ့ ဘိုက်(သ) (အ.စ)) အား ကူညီဖေးမရပေမည်။
ညွှန်း -  ဘေဟာ (ရ) ရွလ်အန် နဝါရ်ကျမ်း အတွဲ (၆၅) စာမျက်နှာ ၁၈၈
သင်ခန်းစာများ
(၁)    စားတိုင်းလည်း မဝသူများ၊ (ဗိုက်မပူသူများ)၊ မစားလည်းဝနေသူများ (ဗိုက်ပူနေသူများ) ဤဟဒီးစ် ၌ အကျုံးဝင်မဝင် နောက်ဗိုက်မပူပဲ၊ ပိန်နေရမည်  ဆိုသည့်သဘောတရား အဖြစ်အမှန်၊ နှုတ်ခမ်းခြောက် သွေ့နေရမည့်ဆိုသည် ဆိုလိုချက်ကို ဟဒီးစ်ပါရဂူ ပညာ ရှင်ဆရာ တော် များထံ တိုက်ရိုက်(သို့မဟုတ်) တဆင့် ဖြစ် မေးမြန်းပြီး သိရန် ကြိုး စားရပေမည်။
 
(၂) ရှီအဟ် စစ် ရှီအာမှန် တစ်ယောက်ဖြစ်ရန်ထား ရမည့် အရည် အသွေး နှင့် ဆောင် ရန်ရှောင်ရန်ကိုလည်း မြင်နေရပေပြီး။

________________________________________

သေခြင်းတရားကိုကြိုဆိုခြင်း

အေမာမ် ဟစန်အစ္စကရီ (အ.စ) မိန့်တော်မူလေ၏။


قال الأمام العسکری ع  : شِيعَةُ عَلِيٍّ هُمُ الَّذِينَ لَا یبالون فی سبیل اللَّهِ أَوْقَعَ الْمَوْتُ علیهم أَوْ وَقَعُوا علی الْمَوْتِ وَ شیعة علی هُمْ الذین یوئوثرون اخوانهم علی أَنْفُسِهِمْ ولوکان بِهِمْ خَصاصَةٌ وَهْمُ الَّذِينَ لَا يَرَاهُمْ اللَّهُ حَيْثُ نَهَاهُمْ ، وَ لَا يفقدهم حَيْثُ أَمْرَهُمْ ؛ وَ شِيعَةُ عَلِيِّ هُمُ الَّذِينَ يَقْتَدُونَ بِعَلِيٍّ « ع » فِي إِكْرَامِ إِخْوَانِهِمُ الْمُؤْمِنِينَ
بحارانوار جلد 8
အလီ(အ.စ) ၏ ရှီအဟ် များသည် အလ္လာဟ် ဟို အရှင်မြတ်၏ လမ်းစဉ် ၌ သေခြင်း တရား သည် သူတို့ နောက်လိုက် လိုက် (သို့မဟုတ်) ၎င်းတို့ မှ သေခြင်း တရားနောက် သို့ လိုက်ရ လိုက်ရ ဂရု မပြုချေ။ အလီ(အ.စ)  ၏ ရှီအာဆို သည် မှာ မိမိ လိုအပ် နေသည့် အခြေ အနေမှာ တောင် မိမိ ညီအစ်ကို ၏ လိုအပ်မှု ကို အ လေးပေးလေ၏။ ၎င်းတို့ကို မြတ် အလ္လာဟ် တားမြစ် ပိတ်ပင်ထားသည့် နေရာများတွင် တွေ့ရမည် မဟုတ်ချေ။ အမိန့် ပေးထား သည့်နေရာ များတွင် လည်း မ ပျောက် ကွယ် ဘဲရှိနေကြ လေသည်။ အလီ(အ.စ)၏ ရှီအာ ဆိုသည်မှာ မိမိ သာသနာ့ ညီနောင်မို မေနီ များကို ရိုသေလေးစားဂါရဝပြုရာတွင် အလီ၏ လမ်းစဉ်ကျင့် စဉ်အတိုင်း ကျင့်သုံး လိုက်နာ လေ သည်။
ညွှန်း-ဘေဟာ(ရ) ရွလ်အန်နဝါရ်ကျမ်းအတွဲ (၈)
သင်ခန်းစာများ
(၁) မြတ် အလ္လာဟ်၏လမ်းစဉ်တွင် အသက်ရှင်နေထိုင် နေရပြီး  သေရ မည် ကို ရှီအဟ်မှန် ရှီအဟ်ဖြစ်လျှင် မကြောက်ချေ။ သေခြင်း တရားသည် တနေ့မလွဲ ဧကန်ရောက်လာ မည်ဖြစ် ပေသည်။ သိက္ခာ ရှိရှိ သေရခြင်း ကို ပိုနှစ်သက်လေ သည်။
 
(၂) မိမိလိုအင်ဆန္ဒထက်အခြားသာသနာညီနောင်များ၏ လိုအင်ဆန္ဒ ကို အလေး မပေး သည့်အပြင် အမြတ်လိုက်ထုတ်နေသည့် ပုဂ္ဂိုလ် များ သတိပြုသင့် ပေ သည်။

(၃) ရှီအဟ်လို့ လည်းဆို သေးတယ်၊ အရက်ဆိုင် ၊လောင်းကစားဆိုင်၊ နှိုက်ကလပ် စသည့် ဒုစရိုက်စခန်းများမှ တွေ့ရပြီး ဗလီ၊ အေမာမ် ဘာရာ သို့ မလာသူများ အတွက် ရင်လေးစရာပင် တည်း။

    အေမာမ် ဘာရာ တွေ ကရှုပ်တယ်၊ ပြဿနာများ တယ်၊ ဗလီတွေ လည်း ဤ အတိုင်းပဲ ရှီအဟ် တွေလည်း ဒီလိုဘာပဲဆိုသည့် မခိုင်လုံသည့်ဆင်ခြေပေးမှုဖြစ် လွတ်မြောက်နိုင်မည် မဟုတ်သလို၊ အလုပ်မရှိ ဗလီလာ၊ အေမာမ်ဘာရာလာပြီး ဟိုလူအပြစ်၊ ဒီလူအပြစ် ဟို လူမကောင်းကြောင်း၊ ဒီလူမကောင်းကြောင်း စသည် ဖြင့် အချိန် ကုန်ခံ အတင်းတုတ်နေများ သည် လည်းပျက်စီးရခြင်း ဆိုသည့် စက်ဝိုင်း မှ လွတ်မည်မဟုတ်ပေ။
 
(၄)    မိမိထက်အသက်၊ဝါ၊ ပညာကြီးသူကို မဆိုထား နှင့် မိုမင်ကို တောင် အရိုအသေပြုရမည်ဟု ဟဒီးစ်တော်မှ တင်ပြထားရာ မိမိ ကိုယ် ရှီအာအဖြစ် ခံယူ ထားသူများ သတိချပ်သင့်လေသည်။

________________________________________

ညလုံးပေါက်နိုးထခြင်း

အေမာမ်ဘာကေရ် (အ.စ) မိန့်တော်မူလေ၏။


قال الباقر ع  : يَا أَبَا الْمِقْدَامِ إِنَّمَا شِيعَةُ عَلِيٍ‏ ع الشَّاحِبُونَ النَّاحِلُونَ الذَّابِلُونَ ذَابِلَةٌ شِفَاهُهُمْ خَمِيصَةٌ بُطُونُهُمْ مُتَغَيِّرَةٌ أَلْوَانُهُمْ مُصْفَرَّةٌ وُجُوهُهُمْ إِذَا جَنَّهُمُ اللَّيْلُ اتَّخَذُوا الْأَرْضَ فِرَاشاً وَ اسْتَقْبَلُوا الْأَرْضَ بِجِبَاهِهِمْ كَثِيرٌ سُجُودُهُمْ كَثِيرَةٌ دُمُوعُهُمْ كَثِيرٌ دُعَاؤُهُمْ كَثِيرٌ بُكَاؤُهُمْ يَفْرَحُ النَّاسُ وَ هُمْ يَحْزَنُونَ.
بحارالنوار جلد 65 منقول از خصال صدوق ره
    
အို အဗူလ်မစ်က်ဒါမ်၊ ဧကန်မုချ အလီ(အ.စ) ၏ ရှီအာများ၏ မျက်နှာ သည် အဝါရောင်သန်းနေ လေ၏။ ကိုယ်ခန္ဓာသည် အားနည်းပြီး  နှုတ်ခမ်းများ သည်ခြောက်သွေ့နေလေ၏။ ရိုဇာဥပုဒ်သီလ ဆောက်တည်ခြင်းများကြောင့် ၎င်းတို့ ၏ နှုတ်ခမ်းများသည် ခြောက်သွေ့နေပြီး ၊ ဗိုက်သည်ပိန်နေလေ၏။   အရောင် မှာ အဝါ ရောင် အသားဖြစ်နေပြီး  မျက်နှာတွင် (မြတ်အလ္လာဟ်) အား ကြောက် စိတ် ပေါ်နေလေ၏။ ညအချိန်ရောက်လျှင် မြေပထဝီအား မိမိ အတွက် အခင်းအဖြစ်သုံးလေ ၏။ မိမိ၏ နဖူးပြင်အား မျက်ရည်များ နှင့်စိုစွတ် နေသည့် မျက်လုံး နှစ်ခုနှင့် မျက်ရည်ပေါင်း များစွာ(ခ) အလွန်တရာ ငိုကြွေး မှုဖြင့် စဂျ်ဒါ ပြုနေလေ၏။
    ၎င်း၏ နမာဇ်ဝတ်ပြုမှု နှင့် ဒိုအာတောင်းဆိုမှုအမြောက် အများဖြစ်လေ သည်။ မြတ်အလ္လာဟ်၏ ကျမ်းတော်၊ ကုရ်အာန်အား အလွန်တရာ ဖတ်ရွတ် လေ သည်။ လူအများဒုစရိုက်များဖြင့် ပျော်ရွှင်မြူးထနေချိန် ၎င်းတို့ သည် ဝမ်းနည်း ကြေကွဲနေလေ၏။
ညွှန်း- ဘေဟာ(ရ) ရွလ်အန်နဝါရ်ကျမ်း အတွဲ (၆၅) ခေဆွာလေ ဆဒူဟ်(ရဟ)မှ
သင်ခန်းစာများ
(၁) ဟဒီးစ်၏ ဆိုလိုချက်မှာ အလွန်နက်ရှိုင်းလေ၏။ မိမိနားမလည် မရှင်းသည့် အချက်အလက်များကို ဟဒီးဆ်ပါရဂူများ၊ အိုလမာ အစစ်အမှန် နှင့်အာလင်မ် အစစ်အမှန်တို့ ထံတိုက်ရိုက် (သို့) တဆင့်ခံ ဖြင့် မေးမြန်းပညာယူသင့်လေသည်။
(၂) ဟဒီးစ်တော်မှ တညလုံး မြတ်အလ္လာဟ်၏ အေဗာဒဟ်ပြုဖို့ ဆိုထား လေသည်။ ကျွန်တော်တို့တတွေ ဟာ မိမိကိုယ်မိမိ ရှီအာလို လည်း ခံယူထား သည်။ ပြီး နောက် ညလုံးပေါက် တညလုံးအေဗာဒသ် ပြု မပြု ကို မဆိုနှင့် ရမ်ဇန်လမြတ် ည (၁၉)၊(၂၁)(၂၃) ရက်ညများ၊ မဟော် ရမ်လမြတ် ၉ရက် ည စသည်ဖြင့် အတွက်ပင် အားထုတ် ခြင်းမရှိ ကြချေ။
(၃) ကျွန်တော်တို့ တတွေ နမာဇ်ဝတ်ပြုမှု၊ ဒိုအာတောင်းဆိုမှု၊ ကျမ်းမြတ် ကုရ်အာန် ဖတ်ရွတ်မှုများတွင် မိမိတို့ကိုယ်တိုင် သိကြ ပေ သည်။ အခြား သူ တပါးအား မေးမြန်းရန် မလိုအပ် ချေ။
    ဤ နေရာ၌ ကျမ်းတော်မြတ်ကုရ်အာန်အား ဖတ်ရွတ်သရဇ္ဈာယ်၍ မည်မျှ အရေးကြီး အလေးပါသည်ကို သိနိုင်ရန် ဗဟုသုတ သတင်းမှန်တစ်ခုအဖြစ် တင်ပြလိုပါသည်။
    ယခုလက်ရှိ အီရန်နိုင်ငံ ကွမ်းမြို့ ရှိ နိုင်ငံခြားကျောင်းသား အများ ဆုံး တက် ရောက်ပညာသင်ယူဆည်းပူး နေသည့် အေမာမ်ခိုမေနီ (ရ.ဟ) တက္ကသိုလ်  ၏ လက်ရှိ ကျောင်းအုပ်ကြီး ဆရာတော် ဟွဂျ်ဂျသွလ် အစ္စလာမ် ဝလ်မွတ်စလေမီ ဆရက်ဒ်စဂျာဒ် ဟာရှေမီးရန်း(န)အနေဖြင့် မိမိကျောင်း၏ ကျောင်းသားတိုင်းသည် တစ်နေ့မိနစ်၂၀ခန့် ကျမ်းမြတ် ကုရ်အာန်ဖတ်ရွတ် ရန် မပြုမနေ အမိန့်အဖြစ်ထုတ်ပြန်ခဲ့ပြီး၊ မလိုက်နာသော ကျောင်းသားများ အတွက် ကောလိပ်၏ ရေမီးအခန်းစသည်ဖြင့် အသုံးပြုခြင်းသည် ဟရမ် ဟု ကြေငြာထားလေ၏။
________________________________________

အကျင့်စရိုက်၌မြတ်နဘီ (ဆွ) ၏နောက်လိုက်ခြင်း


မဟာတမန်တော်မြတ်ကြီး ဟဇရတ်(သ) မိုဟမ္မဒ် (ဆွ) မိန့်တော်မူလေ၏။

قال رسول الله ص : ، إِنَ‏ شِيعَتَنَا مَنْ‏ شَيَّعَنَا، وَ اتَّبَعَ آثَارَنَا، وَ اقْتَدَى بِأَعْمَالِنَا.
میزان الحکمه ج 6
ဧကန်မလွဲ ကျွနု်ပ်၏ ရှီအဟ် (နောက်လိုက်နောက်ပါ) ဆိုသည်မှာ ကျွနု်ပ်၏ အမိန့်ကို ဖဝါးခြေထပ် မကွာလိုက်နာ ကျင့်သုံးလေ၏။ ကျွနု်ပ်တို့၏ ခြေ လှမ်းများ အတိုင်းလှမ်း၍ ကျွနု်ပ်တို့၏ အကျင့်စရိုက်အတိုင်း မိမိ အကျင့် စရိုက် ကို ပြုလေသည်။
ညွှန်း - မီးဇန်နိုဟ်လောက်မဟ်ကျမ်းအတွဲ ၆
သင်ခန်းစာများ
(၁)    ဤ အတွက်ကြောင့်လည်း ကမ္ဘာအကျော်အမော် တူနီးရှား နိုင်ငံ သား ရှီအာ အာလင်မ် (ယခင် စွန်နီ အာလင်မ်) ဒေါက်တာသေ ဂျာနီ စမာဝီ မှ ရှီအာသာလျှင် စစ်မှန်သော စွန်နီအစစ် ဖြစ်သည် ဆိုသည့် ကျမ်း အား ပြုစု ရေးသားသီကုံးခဲ့ခြင်းဖြစ်လေသည်။
 
(၂)    မိမိတ့ိုကိုယ် မိမိ ငါတို့ ဟာ တမန်တော်မြတ်ကြီး(ဆွ) ၏ စွန္နတ် တော် များ၊ ကျင့်သုံးသူနောက် လိုက်စွန်နီများ ဟု ကြွေး ကျော် နေခံယူ ထားပြီး ရှီအာများကို ပုတ်ခတ် နေသူ စော်ကား နေသူများ အထူး သတိ ပြုပြုပြင် သင့်ပေသည်။

(၃) ကိုယ်တော်မြတ် (ဆွ) သည် အထက်ပါဟဒီးစ်မွန်၌ ရှီအာများ ဆိုသည့်စကားလုံးကို သုံးပြီး မိန့်တော် မူထား လေသည်။ အခြား စကားလုံးကို မမိန့်ထားတော်မူချေ။

ရှီအဟ် ဆိုသည့် စကားကိုကြား တိုင်းမြင် တိုင်းနေမရ ထိုင်မရ ကိုယ်လက် မအီမသာ ဖြစ်တတ်သည့် ရှိုင်တွာန် စိတ်ဓါတ် ပိုင်ရှင် မော်လဝီများ ၎င်းတို့ ၏ နောက်လိုက် နောက်ပါများ အထူးသတိပြု စဉ်းစားသင့် ပေသည်။
    ဤနေရာ၌ကိုယ်တော်မြတ် (ဆွ)  ပြောသည့် ရှီအာနှင့် ယနေ့ရှီအာ မတူ ဟု စောဒကတက်မည်ဆိုလျှင် ယနေ့ စွန်နီဖြစ်ဖြစ် မွတ်စ လင်မ်ဖြစ်ဖြစ် ×× ၎င်းတို့၏ ကျမ်းလာအဆို အရစွန်နီ နှင့် မွတ်စလင်ဖြစ်ပါသလား၊ ကျွန်တော် အနေဖြင့် အခြားဖေရ်ကာများကို ပုတ်ခတ် စော်ကားနေခြင်း မဟုတ် ပါ။ နှမ်းစေ့မျှ  ရှိ သည့် သူတစ်ပါးအားနည်းချက် အပြစ်ကို မြင်တတ်ကြပြီး၊ မြင့်မိုရ် လောက်ကြီးသည် မိမိတို့၏ ဖေရ်ကာသူ၊ ဖေရ်ကာ သားများနှင့် မိမိတို့ ကိုယ်တိုင်၏ အားနည်းချက် အပြစ်အနာအဆာများကို မမြင်တတ်ကြ ကုန်သည့် အချို့  အစွန်းရောက် သူယုတ်မာများ ၊ အကျင့်ဆိုးများ ကို အကျဉ်း ချုပ် ဖော်ပြရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ရှီအာအား မမုန်းသူ၊ လက်ခံသူ စွန်နီ ညီနောင်များကို အထူးတောင်းပန်ပါသည်။ နားလည်ပေး မည်ဟု လည်း မျှော် လင့်ယုံကြည် မိပါသည်။
________________________________________

အမည်မဖော်လိုသူများ

အေမာမ်အလီ် (အ.စ) မိန့်တော်မူလေ၏။

قال علی ع : شِيعَتِي‏ وَ اللَّهِ الْحُلَمَاءُ الْعُلَمَاءُ بِاللَّهِ وَ بِدِينِهِ الْعَامِلُونَ بِطَاعَتِهِ وَ أَمْرِهِ الْمُهْتَدُونَ لِحُبِّهِ وَ أَنْصَارُ عِبَادِهِ جُلَّاسُ زُهَّادِهِ صُفْرُ الْوُجُوهِ مِنَ التَّهَجُّدِ عُمْشُ الْعُيُونِ مِنَ الْبُكَاءِ ذُبُلُ الشِّفَاهِ مِنَ الذِّكْرِ خُمْصُ الْبُطُونِ مِنَ الطَّوَى تُعْرَفُ الرَّبَّانِيَّةُ فِي وُجُوهِهِمْ وَ الرَّهْبَانِيَّةُ فِي سَمْتِهِمْ مَصَابِيحُ كُلِّ ظُلْمَةٍ وَ رَيَاحِينُ كُلِّ قَبِيلَةٍ لَا يَشْنَئُونَ مِنَ الْمُسْلِمِينَ سَلَفاً وَ لَا يَقِفُونَ لَهُمْ خَلَفاً سُرُورُهُمْ مَكْنُونَةٌ وَ قُلُوبُهُمْ مَحْزُونَةٌ وَ أَنْفُسُهُمْ عَفِيفَةٌ وَ حَوَائِجُهُمْ خَفِيفَةٌ وَ أَنْفُسُهُمْ مِنْهُمْ فِي عَنَاءٍ وَ النَّاسُ مِنْهُمْ فِي رَاحَةٍ فَهُمُ الْكَاسَةُ الْأَوْلِيَاءُ وَ الْخَالِصَةُ النُّجَبَاءُ وَ هُمُ الرَّاغِبُونَ الرَّوَّاعُونَ قَرَاراً بِدِينِهِمْ إِنْ شَهِدُوا لَمْ يُعْرَفُوا وَ إِنْ غَابُوا لَمْ يُفْتَقَدُوا أُولَئِكَ مِنْ شِيعَتِيَ‏ الْأَطْيَبُونَ وَ إِخْوَانِيَ الْأَكْرَمُونَ الْأَتْقِيَاءُ أَلَا هَاهْ شَوْقاً إِلَيْهِمْ.
امالی طوسی ره حدیث 1189

အလ္လာဟ်ဟို အရှင်မြတ်၏ကစမ်၊ ကျွနု်ပ်၏ ရှီအဟ်သည် မြတ် အလ္လာဟ် နှင့် ၎င်း ၏ သာသနာနှင့် ပတ်သက်သည့် ပညာရှင် အာလင်မ်ဖြစ် ပေ သည်။ မြတ်အလ္လာဟ် ၏ အမိန့်ကိုနာခံပြီး ၎င်း၏ ဥပဒေများ အပေါ် လက် တွေ့ လိုက် နာကျင့်သုံးလေသည်။ မြတ်အလ္လာဟ်၏ အချစ် မေတ္တာကြောင့် တရား လမ်းမှန်ရပြီး သူများဖြစ်ပါသည်။ အေဗာဒသ်တွင် ကြိုးပမ်းပြီး လောက မမက်မော မှု ပျော်မွေ့လေသည်။ သဟ်ဂျွဒ် ကြောင့် ၎င်း၏ မျက်နှာသည် အဝါ ရောင်သန်း နေလေသည်။ (ရှရီအီ) ငိုကြွေးတမ်းတမှုကြောင့် ၎င်း၏ မျက်စိ များ ၏ အလင်းမမြင်ရမှု နည်းသွားလေ၏။ မျက်လုံးများ မှ မျက်ရည်ကျနေ သည်။ မြတ်အလ္လာဟ် အား အလွန်တရာ တမ်းတမှုကြောင့် ၎င်း၏ နှုတ်ခမ်းခြောက် သွေ့နေသည်။ ဆာလောင်မွတ် သိပ်မှုကြောင့် ဝမ်းဗိုက်နှင့် ခါးတ ထပ် တည်း ဖြစ်နေလေ၏။ ဘာသာ တရားကိုင်းရှိုင်းမှု ၎င်း ၏ မျက်နှာ တွင် တွေ့ရလေ သည်။ ဖြူစင် သန့်စင်မှု၊ သန့်ရှင်းမှုနှင့်ရှင်မြတ် အား ကြောက် ရွံ့  ရိုသေ မှုတို့ အား ၎င်း၏ မျက်နှာ ကိုကြည့်  သိနိုင်လေသည်။ အမှောင် ထုတိုင်း (မကောင်း မှုတိုင်း) အတွက် အလင်းပြဆီမီးခွက်ဖြစ်ပါ သည်။ အ  ကယ် ၍ (ရှရီအီ) ပျော်ပွဲ တစ်ခုခုတွင် ၎င်းရှိ မည်ဆိုလျှင်လည်း မည်သူ မျှ ၎င်းကို မှတ်မိမည် မဟုတ်ပေ။ အကယ်၍ မရှိခဲ့လျှင်လည်း မည်သူမျှ ၎င်း၏ မရှိကြောင်း မသိရှိကြပေ။ ဤသည် ကျွနု်ပ်၏ သန့်စင် စင်ကြယ် သန့်ပြန့်သန့်ရှင်း သည့် ရှီအာပင် တည်း။ ကျွနု်ပ်မြတ်နိုး ချစ်ခင်ရ သည့်ညီနောင် တော်ပင် တည်း။ အိုကျွနု်ပ် သည်၎င်းအား မည်မျှမည် သည့်အတိုင်း အတာ အထိလိုအပ်ပေ သနည်း။
ညွှန်း- အမာလီသူစီ(ရဟ)ကျမ်း ဟဒီးစ်တော်အမှတ် ၁၁၈၉
သင်ခန်းစာများ
(၁) မာရှာအလ္လာဟ့် ဟဒီးစ်တော် မှ အကျယ်တဝင့်နီးပါးရှင်းပြထားပြီး ဖြစ်လေသည်။

(၂) မောင်လာအလီ (အ.စ) အနေဖြင့် မိမိ၏ ရှီအာသည် မြတ်အလ္လာဟ် နှင့် ပတ်သက်၍ သော်  လည်းကောင်း၊ ဒီးန် အစ္စလာမ့် ( မြတ် အလ္လာဟ် ၏ သာသနာတော်) နှင့် ပတ်သကပြီး  တသွင် အာလင်မ် ပညာရှင် ဖြစ် ကြောင်း ကစမ်စားထားလေသည်။ ဤအတွက် ရှီအာ အစစ်ရှီအာ အမှန်စာရင်းဝင်ရန်အာလင်မ် အဆင့် ရောက်ရန်ကြိုး ပမ်းသင့်ပေသည်။ ဤအတွက် ကြောင့်ဟုယူဆ ရပေသည်။ မဟာ တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် ကိုယ်တိုင် အာလင်မ်ဖြစ ်ရန် (သို့) ဆည်းပူးနေသူ (သို့) အာလင်မ်ကို မြတ်နိုးသူဖြစ်ရန် မိန့်တော် မူထားသည့် အဓိပ္ပာယ်ကို ဆောင်နေသည့် ဟဒီးစ် တော် အား လေ့လာနိုင်ပေ သည်။

(၃) ကျွနု်ပ်တို့သည် ရှီအဟ် စစ်ရှီအာမှန်အဖြစ်သို့ မြတ်အလ္လာဟ် ၏ အလ္လာဟ် အမြင် တွင်ဖြစ်နိုင်ရန်လို အပ်သည့် အရည် အသွေး များ အရည် အချင်း များကို မအ်စူမီး၏ သြဝါဒတော် များနှင့်အညီကြိုးပမ်း  ပုံဖော်ရပေမည်။ မလုပ်မနေရ သမိုင်းပေး တာဝန်ပင်ဖြစ်ပါသည်။

 (၄) ရှီအဟ် စစ်ရှီအာမှန်ဖြစ်ရင် ဈေးထဲသွား၍ ဟင်းရွက်ကဇွန်း ရွက် ဝယ်ရသ လောက်ဝယ် သည်ဟု ထင်နေသူသူများသတိ ထားသင့် ပေသည်။ ထင်လိုလည်း နမာဇ်၊ ရိုဇာ၊ ခွမ်းစ် စသည်တို့ကို မထီ မျက်မြင် ပြုခြင်း အထင်သေးခြင်းဂရုမပြုခြင်းတို့ကို ပြုနေကြ လေ ၏။
________________________________________

ကျက်သရေမင်္ဂလာ၏အကြောင်းတရားပင် တည်း
မောင်လာ အေကာ အေနာသ်ဟဇရတ်(သ) အလီ(အ.စ) မိန့်တော်မူ လေ ၏။

قال علی ع : شِيعتنا الْمُتَبَاذِلُونَ فِي‏ وَلَايَتِنَا الْمُتَحَابُّونَ فِي مَوَدَّتِنَا الْمُتَزَاوِرُونَ لِإِحْيَاءِ أَمْرِنَا إِنْ غَضِبُوا لَمْ يَظْلِمُوا وَ إِنْ رَضُوا لَمْ يُسْرِفُوا بَرَكَةٌ لِمَنْ جَاوَرُوا وَ سِلْمٌ لِمَنْ خَالَطُوا.
الکافی جلد 2
ကျွနု်ပ်တို့ ၏ ဝေလာယသ် လမ်းစဉ်အတွက် ကျွနု်ပ်တို့၏ ရှီအာသည် တစ် ဦး နှင့်တစ်ဦး ခွင့်လွတ် ပလပ်ခြင်းနှင့်ရက်ရောမှုဖြင့် ဆက်ဆံကြ လေ ၏။ ကျွနု်ပ် တို့ ၏ အချစ်မေတ္တာကြောင့် အချင်းချင်း အချစ်မေတ္တာ ထားကြ လေ သည်။ ကျွနု်ပ် တို့ ၏ အမိန့်တော်များကို ရှင်သန်ရန်အလိုငှာ တစ်ဦးနှင့် တစ်ဦး တွေ့ ဆုံကြလေသည်။ ဤသူများ သည်အမျက် ဒေါသထွက် နေချိန် ၌ လည်း မတရား၊ ညှဉ်းပန်း၊ နှိပ်စက်မှုကို မပြုကြပေ။ ပျော်ရွှင်ချိန်လည်း (ရှရီအီ) လည်း ကို မကျော်၊ မဖောက်ကြချေ။ မိမိတို့၏ အိမ်နီးချင်းများ အတွက် မင်္ဂလာ တရားကို ဖြစ်စေပါသည်။ ပြီးနောက် မိမိတို့၏ မိတ်ဆွေ အပေါင်း အသင်း များနှင့် ငြိမ်းချမ်း အေးဆေး  ငြိမ်ဝပ် စွာ နေကြလေသည်။
ညွှန်း-အလ်ကာဖီ ကျမ်း အတွဲ ၂
သင်ခန်းစာများ
(၁) ရှီအဟ်စစ်၊ ရှီအဟ် မှန်ဆိုလျှင် တစ်ဦးနှင့်တစ်ဦးခွင့် လွတ် ပလပ်ပြီး ရက်ရော သည်ဆိုကြောင်း ဟဒီးစ်တော်မှ မီးမောင်း ထိုးပြထား ရာ ရုံးရောက်၊ ဂတ်ရောက်၊ တရားရုံးရောက်ပြီး ပြဿနာကို မကြီးကြီး အောင်လုပ်ရန်၊ ဖြေရှင်းရန်မလိုချေ။ အကယ်၍ ဆုံးမ မရ သည့် အခြေအနေ၊ ညှိမရတော့ သည့်အခြေအနေတွင် မိမိတို့ ၏ သက် ဆိုင် ရာ မရ်ဂျာထံအကျိုးအကြောင်းပြောပြ တင်ပြရန် ရှေ့  ဆက် ဆောင်ရွက် သင့်ပေသည်။ ရက်ရောရာ၌ လည်း ကိုယ်လူ သူလူ ဟု ကျောသားရင် သားမကွဲခြား ဘဲ ဆက်ဆံ သင့်ပေးသည်။
 
(၂) ကိုယ်တော်မြတ် (ဆွ) နှင့် အဟ်လေ့ဘိုက်(သ) (အ.စ) ကို အ ချစ် မေတ္တာ ထား လျှင် ၎င်းတို့၏ ရှီအာများကိုလည်း အချစ်မေတ္တာထား ဖို့အရေးကြီး ပေ သည်။

(၃) ဟဒီးစ်တော်အရ ရစူလ်နှင့်အာလေရစူလ်၏ အမိန့်တော်များကို ရှင်သန်ရန်အလိုငှ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံကြ သည် ဟုဆိုထား သဖြင့် အမိန့်တော်များကို အမှန်တကယ်တင်ပြသည့် မဂျလစ် အစီအစဉ်၊ စာစောင်မဂ္ဂဇင်း၊ စာအုပ် စသည် ကိစ္စရပ်များ အတွက်နီးလျှင် အနီးကပ်တွေ့ ၍ ဝေးလျှင်လည်း ဖုန်း၊မေးလ် စ သည်ဖြင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သင့်ပေသည်။

(၄) အမျက်  ဒေါသထွက်ချိန်၌ ရှီအာစစ်၊ ရှီအာမှန် သည် မတရား မနှိပ် စက်၊ မညှဉ်းပန်း၊သည်ကို ဟဒီးစ်တော်မှ ထောက်ပြထားရာ မိမိ တို့ အကြောင်းအမျိုးမျိုးကြောင့် မကျေနပ်သည်နှင့် ဘာသာတူ၊ ဖေရ် ကာတူအချင်းချင်းကို မတရား ပုတ်ခတ် စွပ်စွဲပြောဆိုသူများ အထူး သတိပြုသင့်ပေသည်။ဤနေရာ ၌ မတော်တဆ ရှီအာ အချင်းချင်း မပြေ လည်မှု၊ သဘောထား ကွဲလွဲမှု၊ ဖြစ်လာလျှင် တစ်ဖက်တည်း၏ စကားကို နားထောင်ပြီး  အဆုံး အဖြတ်ပေးသူများ သတိကြီး သင့် ပေသည်။
 
(၅)    ပျော်ရွှင်ချိန်၌လည်း တရားတော်မှခွင့်မပြုထားသည့် လုပ်ရပ်များကို မကျူးလွန်ချေ။ မိမိ၏ အိမ်နီးချင်းအတွက် မင်္ဂလာတရားတော် ကိုဖြစ်ထွန်းစေသည့် အတွက် ရှီအာအေမာမ်မီယာဖေရ်ကတ်ရှရီအီ အိမ်နီးချင်းဆိုသည်မှာ မိမိနေအိမ်မှ ပတ်လည်အိမ်ခြေ (၄၀) အထိ အကျုံးဝင်နေလေသည်။ အိမ်နီးချင်းသည် မည်သည့် ဘာသာ ဝင်ပင်ဖြစ်နေပါစေ၊မိမိ ကြောင့်ပင်ပန်းဆင်းရဲသောကဒုက္ခရောက်မှု ကို မဖြစ်စေဖို့ ရှီအာစစ်ရှီအာမှန်ဖြစ်လိုသူတိုင်း သတိထားရပေမည်။
 
(၆) မိတ်ဆွေ အပေါင်းအသင်းအတွက်ပြဿနာကိုဖြစ်စေသူ၊ အန္တရာယ် ရောက်စေသူ လည်းမဖြစ်ဖို့လိုအပ်ရာ၊ မိမိ၏ မိဘနှစ်ပါး ဇနီး ခင်ပွန်း ညီအစ်ကို မောင်နှမစသည်တို့ အတွက် ဆိုလျှင်ပြောစရာပင် လိုမည် မဟုတ်တော့ချေ။
_______________________________________


မကောင်းမှုကိုတားမြစ်သူ၊ ကောင်းမှုကိုလမ်ညွှန်သူ

الامام الحسن ع :فی جواب  رَجُلٌ قال له  إنی  مِنْ شِيعَتِكُمْ فَقَالَ الْحَسَنُ بْنُ عَلِيٍّ يَا عَبْدَ اللَّهِ إِنْ‏ كُنْتَ‏ لَنَا فِي‏ أَوَامِرِنَا وَ زَوَاجِرِنَا مُطِيعاً فَقَدْ صَدَقْتَ وَ إِنْ كُنْتَ بِخِلَافِ ذَلِكَ فَلَا تَزِدْ فِي ذُنُوبِكَ بِدَعْوَاكَ مَرْتَبَةً شَرِيفَةً لَسْتَ مِنْ أَهْلِهَا لَا تَقُلْ أَنَا مِنْ شِيعَتِكُمْ وَ لَكِنْ قُلْ أَنَا مِنْ مَوَالِيكُمْ وَ مُحِبِّيكُمْ وَ مُعَادِي أَعْدَائِكُمْ وَ أَنْتَ فِي خَيْرٍ وَ إِلَى خَيْر.
میزان الحکمه ج 6

တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်မှ အေမာမ်ဟစန်(အ.စ) ထံ ကျွန်တော် ဟာ ကိုယ်တော် ၏ ရှီအဟ်ဖြစ်ပါ သည်ဟု လျှောက်ထားရာ အေမာမ် (အ.စ) အနေဖြင့်၎င်းအားအဖြေ မိန့်တော်မူလေ၏။
အို မြတ်အလ္လာဟ်၏ အဖန်ဆင်းခံအသင့်အနေဖြင့် ကျွနု်ပ်တို့၏ အဟ်ကာမ်(ခ) ဥပဒေသများ ကိုလက်တွေ့ကျင့်သုံးသူ ကျွနု်ပ်တို့တားမြစ်ပိတ်ပင်ထား သည့် အရာများ မှ ရှောင်ကြဉ် သူမှန်လျှင်အသင့်ပြောသည့် စကားမှန်ပေ သည်။ အကယ်၍ အသင့်အနေဖြင့် ဤကဲ့သို့မဟုတ်ဘဲ ဆန့်ကျင် ဖက်ဖြစ် နေမည်ဆိုလျှင် ကြီးကျယ်မြင့်မြတ် သည့်(ရာထူး-ရှီအာဖြစ်ကြောင်း) ကို ထွက် ဆို ကြေငြာခြင်းဖြစ် မိမိ၏ အပြစ်ဂိုနာ များတွင်ပိုများ အောင်မလုပ်ပါ လေ နှင့်။ အသင့်အနေဖြင့် ထိုနေရာ ရာထူး (ရှီအဟ်)နှင့်မထိုက်တန် ပေ။ (ဤ အ တွက် ကြောင့်) ကျွန်တော်သည် ကိုယ်တော်၏ ရှီအဟ် ဟုမပြော လေ နှင့်။တစ် နည်း အားဖြင့် ကိုယ်တော် ကိုလို လား နှစ်သက်မြတ်နိုးသူ ကိုယ် တော် ၏ ရန်သူ များ ၏ ရန်သူပါဆိုပါလေ။ ဤသို့ပြောဆိုခြင်းဖြင့် အသင် သည် ကောင်း မြတ် ကောင်းမွန် သည့် လူကောင်း တစ်ယောက် မည်လေ မည်။ ကောင်းမှု သူစရိုက်  ဖက် အား သန်စိတ်ဝင်စားသူမြည်လေ မည်။
ညွှန်း - မီးဇာန် နိုလ်ဟေက်မအ်ကျမ်းအတွဲ( ၆ )
သင်ခန်းစာများ
(၁) လူတွေ၏ အမြင်၌ရှီအာဖြစ်နေဖို့ထက် အေမာမ်(အ.စ) ၏အမြင်၌ ရှီ အာ ဖြစ်ဖို့အလွန်တရာအရေးကြီးကြောင်းပြောဆိုနေပေ သည်။

(၂) ရှီအဟ်ဟုစက္ကန့် အနည်းငယ်ပြောလိုက်ရုံဖြင့် မလုံလောက် သေးပဲ လက်တွေ့ သက်သေပြဖို့လိုအပ်ကြောင်း ထင်ရှားနေလေ သည်။
 
(၃)    ကျွန်တော်တို့လည်း ဤပုဂ္ဂိုလ်ကဲ့သို့ဖြစ်နေပါက မိမိကိုယ် မိမိ ရှီအဟ် ဟု ပြောဆို ကြွေးကြော်နေမည့်အစား မိုဟစ်ဗ် ဟုပြော ဆို ကြေငြာ သင့် လေသည်။

(၄)    ရှီအဟ် အကြောင်း အသေအချာ မသိဘဲ ရှီအဟ် ဟာကာဖေရ် ပါ။ မိုရှ်ရက် ပါ၊ အစ္စလာမ် အနာကို ဆားသိပ်နေသူတွေပါ။ ရဟူဒီများကို အပြင်ပိုင်း ၌ရန်သူ အဖြစ်ကြေငြာပြီး  အတွင်းပိုင်းနှင့် ပေါင်းနေသူပါ။ ဒီကောင်တွေကို ရှင်းသင့်တယ်။ သာဝက (ရ.သွေ) တွေကို စော်ကားတယ်၊  စသည်ဖြင့် အကြောင်းအမျိုးမျိုးပြီး ရှီအာများ နှင့် ဗိုင်ကောဒ်လုပ်ကြ၊ သတ်ကြသည့် အစ္စလာမ်အတုအယောင် များ အထူးသတိထား သင့်နေ ပေပြီး၊ ဤကဲ့သို့ပြုကျင့်နေသည့်သူများ၏ အ ပြစ်ဂိုနာ သည်မသေးချေ။ ကိုယ့်ခြေကို ပုဆိန်ဖြင့်ပေါက်နေ သည့် လူ့ငနွား တိရစ္ဆာန်များ ပင်တည်း။ ကိုယ်တော်မြတ်(ဆွ) ထက် (မအာဇလ်လ္လာဟ်)  တစ်လကြီး နေသူများ ပင်တည်း။ဤနေရာ၌ မိမိအနေဖြင့် ရှီအဟ် ဖေရ်ကာ၌ နေခွင့်ဖြစ်ခွင့်ရနေ လျှက် စည်းစိမ်း တဏှာစသည်ကို မက်ပြီး ဘာသာခြားများနှင့် အိမ်  ထောင် ပြုသူ များ၊ ဖေရ်ကာမတူသူများနှင့် အိမ်ထောင်ပြုသူများ လည်း သတိ  ပြု သင့်ပေသည်။ ဆင်ခြင်သင့်ပေသည်။

    မိမိတို့၏ တဏှာ၊ ရာဂ၊ တပ်မက်မှုကို ဖြူစင်လှသည့် အချစ် ဆိုသည့် အရောင်နှင့် ချယ်နေသူများအတွက်ရင်လေး စရာပင် ရှက်စရာပင်။
________________________________________

ကြီးကျယ်မြင့်မြတ်သူများ

အေမာမ်အလီ(အ.စ) မိန့်လေ၏။

قال علی ع : شِيعَتُنَا هُمُ‏ الْعَارِفُونَ‏ بِاللَّهِ الْعَامِلُونَ بِأَمْرِ اللَّهِ أَهْلُ الْفَضَائِلِ النَّاطِقُونَ بِالصَّوَابِ مَأْكُولُهُمُ الْقُوتُ وَ مَلْبَسُهُمُ الِاقْتِصَادُ وَ مَشْيُهُمُ التَّوَاضُعُ ...  تَحْسَبُهُمْ مَرْضَى وَ قَدْ خُولِطُوا وَ مَا هُمْ بِذَلِكَ بَلْ خَامَرَهُمْ مِنْ عَظَمَةِ رَبِّهِمْ وَ شِدَّةِ سُلْطَانِهِ مَا طَاشَتْ لَهُ قُلُوبُهُمْ وَ ذَهَلَتْ مِنْهُ عُقُولُهُمْ فَإِذَا اشْتَاقُوا مِنْ ذَلِكَ بَادَرُوا إِلَى اللَّهِ تَعَالَى بِالْأَعْمَالِ الزَّكِيَّةِ- لَا يَرْضَوْنَ لَهُ بِالْقَلِيلِ وَ لَا يَسْتَكْثِرُونَ لَهُ الْجَزِيل‏.
بحارالانوار جلد 78
ကျွနု်ပ်၏ရှီအဟ်ဆိုသည်မှာ မြတ်အလ္လာဟ် မအ်ရေဖသ် ( မြတ်အလ္လာဟ် အား အသေအချာ သိရှိ၊နားလည်၊ သဘောပေါက်ခြင်း) ရှိလေသည်။ မြတ် အလ္လာဟ်အမိန့်ဥပဒေသများကို လက်တွေ့ ကျင့်သုံးသူဖြစ်ပေသည်။ကြီး  ကျယ် မြင့်မြတ်သူများဖြစ်လေသည်။ ၎င်းတို့၏ အင်္ကျီသည် အလယ် အလတ်ဖြစ်လေ သည်။ ပြီးနောက် နေထိုင်မှုကျိုးနွံလေသည်။ အသင် အနေဖြင့် ၎င်းတို့ကို ရောဂါဝေဒနာရှင်နှင့်အရှုးလိုထင်လေသည်။ အမှန် တကယ် ၎င်းတို့သည် ဤကဲ့သို့မဟုတ်ချေ။ တနည်းဆိုရလျှင်မြတ်အလ္လာဟ် ၏ကြီးကျယ်မြင့်မြတ်မှုနှင့် စွမ်းအင်များ၏ အနိသင်သက် ရောက်မှုကြောင့် ၎င်းတို့၏ နှလုံးသားများသည် ရူးသွပ်သူပမာဖြစပြီး ၎င်း၏ အသိဉာဏ် ဦး နှောက် များသည် အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ ရှေ့တော်မှောက်၌ အံ့သြ မှုနှင့် အလုပ်မလုပ်တော့ချေ။ မိမိတို့၏ လိုလားတောင်းတ မြတ်နိုးမှုကြောင့် ၎င်းတို့ သည် မနေထိုင်သည့်အခြေအနေဖြင့် ရှင်မြတ်ဖက်သိုပ လှမ်းလေ ၏။ မြတ်အလ္လာဟ်အတွက် မိမိတို့၏ အနည်းငယ်သော ကောင်းမှု ကုသိုလ် အလုပ် များကို မကျေနပ်နိုပ်ပေ။ ပြီးနောက်မြောက်များစွာသော ကောင်းမှု ကုသိုလ် သုစရိုက်များ ကိုလည်း အများကြီးဟု မထင် လေချေ။
ညွှန်း- ဘေဟာရရွလ်အန်နဝါရ်ကျမ်းအတွဲ၇၈
သင်ခန်းစာများ
(၁)    ရှီအဟ် အစစ်အမှန်ဖြစ်လိုလျှင် မြတ်အလ္လာဟ်၏ မအ်ရေသ်အတွက် ကြိုးပမ်းအား ထုတ်ရပေမည်။
 
(၂)    အလ္လာဟ်ဟိုအရှင်မြတ်၏ အမိန့်တော်များ ကိုယ်ဖိ၊ ရင်ဖိ၊ လက်တွေ့ ကျင့်သုံးလေသည်။
 
(၃) မာရှာအလ္လာဟ် ကျန်အချက်အလက်များမှာ ဟဒီးစ်တော်အတွင်း အ ထင် အရှား တွေ့နေရ လေပေသည်။
(၄) ကျွန်တော်တို့အနေဖြင့်ကောင်းမှုကုသိုလ်အနည်းငယ်လေးမရှိဆင်း ရဲသားများကို ပေးကမ်းခြင်း၊ ကူညီပေးခြင်း၊ မုဆိုးမများကို လှူဒါန်းခြင်း၊ ခေတ်ပညာ ကျောင်းသား/သူများ နှင့်သာသနာ ကျောင်းသား/သူများ ထောက်ပံ့ခြင်း၊ စသည်ဖြင့်ပြု လုပ်ပြီး မကျေနပ် လက်ပိုက်မထိုင် သင့်ချေ။ အများကြီးပြုပြီး လျှင်လည်း မြတ် အလ္လာဟ် သဘောတူလက်ခံဖို့ သာကြိုးပမ်းအားထုတ်ပြီး သောက ထားရပေမည်။  ကုသိုလ်တစိတ်ကို တအိတ်၊တပဲကို တကျပ်သား မထင်မိဖို့အထူးလိုအပ်ပေသည်။

(၅) ရှီအဟ်စစ်ရှီအဟ် မှန် တစ်ယောက်ဖြစ်ဖို့မည်မျှအရည်အသွေးကောင်း များလို အပ်ကြောင်း ခက်ခဲကြောင်းအပီအပြင်သိနိုင်ပေသည်။

________________________________________
 
ဒေါသကို ထိန်းချုပ်နိုင်ခြင်း

အေမာမ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။

قال الصّادق ع : َ يَا شِيعَةَ آلِ‏ مُحَمَّدٍ اعْلَمُوا أَنَّهُ لَيْسَ مِنَّا مَنْ لَمْ يَمْلِكْ نَفْسَهُ عِنْدَ غَضَبِهِ وَ مَنْ لَمْ يُحْسِنْ صُحْبَةَ مَنْ صَحِبَهُ وَ مُخَالَقَةَ مَنْ خَالَقَه‏.
 تحف العقول
အိုအာလေ့မိုဟမ္မဒ်(ဆွ) ၏ ရှီအဟ် အပေါင်းတို့ အကြင်မည် သူမ ဆိုမိမိ ၏ ဒေါသ မောဟကို မထိန်းချုပ် နိုင်မည်မိမိသူငယ်ချင်း မိတ်ဆွေများ အပေါ် ကောင်း မွန်စွာ ဆက်ဆံခြင်းမိမိ၏ လုပ်ဖော်ကိုင်ဖက် များ အပေါ်ကောင်းမွန် စွာ ပြုမှု ဆက်ဆံခြင်းငြိမ်းချမ်း ရေးပြုသူများအတွက် ကောင်းမွန်စွာ ငြိမ်းချမ်း မှုပြု လုပ်ခြင်းနှင့်မိမိ၏ ဆန့်ကျင်ဖက်များကို ကောင်းမြတ်သည့် ဆန့်ကျင် မှုမပြု မခြင်း ကျွနု်ပ်တို့မှ မဟုတ်ချေ။
ညွှန်း - သိုအ်ဖိုလ်အိုကုလ်ကျမ်း
သင်ခန်းစာများ
(၁) ကျွန်တော်တို့ကို ကျွန်တော်တို့ ဆင်ခြင်သင့်ပေသည်။ စိစစ် သင့် ပေသည်။

(၂)    ရှီအဟ်ဆိုတာပြောရတာလွယ်သလောက်၊ လက်တွေ့ ခက်ပါလားဟု ထင်ရှားလာလေသည်။

(၃) ဟဒီးစ်တော်၌ ငြိမ်းချမ်းရေး ဆိုသူများကို ကောင်းမွန်စွာ ငြိမ်းချမ်းရေးဆိုရမည်ဟု ဖော်ပြထား ရာ အလကား နေရင် မနာလိုဝန်တိုမှုကြောင့် သူတစ်ပါးကိုရန်လိုသူ များ၊ သူတစ်ပါး အကျိုး ကိုဖျက်စီးနေ သူများ မိမိကိုယ့်ကိုရှီအာဟုမပြောသင့်ချေ။ အထူး အရှက်ယူသင့်ပေသည်။

(၄)    မိမိ၏ ဆန့်ကျင်ဖက်သူများကို ကောင်းမွန်စွာဆန့်ကျင်ရ မည်ဟု လမ်းညွှန်းချက် ရှိလျက် မိမိဆန့်ကျင်ဖက်များကို မတရားစွပ်စွဲခြင်း၊ မဟုတ် မတရား ပြောခြင်း စသည် တို့ကိုပြုလုပ်သူသည် ရှီအာ စစ် ရှီအာ မှန်ဖြစ်နိုင်မည်လော။

________________________________________

  
တစ်ဦးတည်းနေထိုင်ချိန်မြတ်အလ္လာဟ်ဟိုအ ရှင်မြတ်အား ကြောက်ရွံရိုသေလေးစားခြင်း


အေမာမ်ကာစင်(မ်)(အ.စ)မိန့်ကြားလေသည်။
الأمام الکاظم ع  قال : لَيْسَ‏ مِنْ‏ شِيعَتِنَا مَنْ خَلَا ثُمَّ لَمْ يَرْعَ قَلْبَهُ.
بصائر الدرجات


အကြင်မည်သူမဆို နှလုံးသားသည် တစ်ဦးတည်း တစ်ယောက် တည်းရှိ ချိန်တွင် မြတ်အလ္လာဟ် အား ကြောက်ရွံ့   ရိုသေလေးစားခြင်းမရှိလျှင် ထိုသူ သည် ကျွနု်ပ်၏ ရှီအဟ်များမှ မဟုတ်ချေ။
ညွှန်း-ဗဆွာအေရွဒ်ဒရာဂျာသ်ကျမ်း
သင်ခန်းစာများ
(၁) ရှင်းလင်းဖို့ပင်မလိုတော့ချေ။ ယနေ့မြတ်အလ္လာဟ်အား ကြောက် ရွံ့ ရိုသေ လေးစား မှုမရှိသည့်အတွင် တရားသည် မတရားသည် မှန် သည် မှားသည်စသည်တို့ကို ဂရုမပြုတော့ချေ။ တစ်နေ့မြတ် အလ္လာဟ်ကို အဖြေပေးရမည် ဆိုတာလည်း မေ့နေ ပေသည်။
 
(၂)    မနုဿလူသား၏အများစုသည် တစ်ဦးတစ်ယောက်တည်း ရှိချိန် တွင် မကောင်း သည့်အလုပ်များလုပ်လေ့ရှိပေသည်။ ဘယ်သူမှ မသိ ဘယ်သူမှမမြင်ဟူသည့် အတွေး မှားအမြင်မှားဖြစ် ဂိုနာများကို ပြု တတ်ကြလေသည်။ ဤဟဒီးစ်တော်မှ မည်မျှ သင်ခန်း စာယူ ရန်မီး မောင်းထိုးပြနေကြောင်း တွေ့မြင်နိုင်ပေသည်။

________________________________________

 
သီလသမာဓိတွင်ကြိုးစားခြင်း

အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်ကြားတော်မူလေသည်။
قال الصّادق ع : َ لَيْسَ‏ مِنْ‏ شِيعَتِنَا مَنْ‏ يَكُونُ فِي مِصْرٍ يَكُونُ فِيهِ مِائَةُ أَلْفٍ وَ يَكُونُ فِي الْمِصْرِ أَوْرَعُ مِنْهُ.
بحارانوار جلد 68

အကြင် မည်သူမဆို ထောင်ပေါင်းများစွာသော လူထုရှိသည့်မြို့ တွင် နေထိုင်ပြီး ထို့ မြို့  သူ /သားများအတွင်း သီလ သမာဓိ အရှိဆုံး ပုဂ္ဂိုလ် မဖြစ်ခဲ့မည် ဆိုလျှင် ကျွနု်ပ်တို့ ၏ ရှီအဟ် (များ) မှ မဟုတ်ချေ။
ညွှန်း ဘေဟာရရွလ်အန်နဝါရ်ကျမ်း အတွဲ ၆၈

သင်ခန်းစာများ

(၁)    ကျွနု်ပ်တို့သည် ဟဒီးစ်နှင့်ဆန့်ကျင်ဖက်ဖြစ်နေလေ၏။ သီလသမာဓိ အရှိဆုံးမှာ ရှီအဟ် မဟုတ်ဘဲ ပြဿနာ ဂျကရာအများဆုံးလုပ်သူမှာ ရှီအဟ်ဖြစ်နေလေသည်။ ဝမ်းနည်းလေစွ  ...

(၂) သီလသ မာဓိသက္ကဝါ တရားသည် ကျမ်းစာအုပ်များ တွင်သာရှိ တော့ ပြီး အပြင်တွင် လက်တွေ့ရှားပါးနေသည့်အဖြစ်သို့ရောက်နေလေပြီး။


________________________________________

ဤသူများအပေါ်လာအ်နသ်ကြရောက်ပါစေ
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်ကြားတော်မူလေသည်။


قال الصّادق ع : قَوْمٌ‏ يَزْعُمُونَ‏ أَنِّي إِمَامُهُمْ وَ اللَّهِ مَا أَنَا لَهُمْ بِإِمَامٍ لَعَنَهُمُ اللَّهُ كُلَّمَا سَتَرْتُ سِتْراً هَتَكُوهُ أَقُولُ كَذَا وَ كَذَا فَيَقُولُونَ إِنَّمَا يَعْنِي كَذَا وَ كَذَا إِنَّمَا أَنَا إِمَامُ مَنْ أَطَاعَنِي.
بحارالانوار جلد 2
    
တစ်ချို့ သည် ကျွနု်ပ်ဟာ ၎င်းတို့၏ အေမာမ်(အ.စ) ဟုထင်လေသည်။ အလ္လာဟ် ဟိုအရှင်မြတ်၏ ကစမ်ကျွနု်ပ်သည် ၎င်းတို့၏ အေမာမ်(အ.စ) မဟုတ်ချေ။ မြတ် အလ္လာဟ်ဤသူများအပေါ် လအ်နသ် ချပေး တော်မူပါစေ။ ကျွနု်ပ်သည် အရာတစ်ခုခု ကိုဖုံးကွယ်လျှင်ဤသူများသည် ××ဖြစ်ကြပေ သည်။ ကျွနု်ပ် အချို့  စကားပြောသည်အခါ ဤစကား ၏ အဓိပ္ပာယ် ဆိုလိုချက်ကဒီလိုဟု မိမိအထင်ဖြစ်ပြောဆိုတတ်ကြလေသည်။ ကျွနု်ပ်သည် ကျွနု်ပ်၏ အမိန့် နာခံသူများ အတွက်သာလျှင် အေမာမ်ဖြစ်တော်မူပေ သည်။
ညွှန်း -  ဘေဟာရွလ်အန်ဝါရ်ကျမ်း အတွဲ ၂
သင်ခန်းစာများ
(၁) ကျွန်တော်တို့ ကအေမာမ်(အ.စ)အားမိမိတို့၏ အေမာမ် (အ.စ) ဟုဆိုယုံဖြစ်မလုံ လောက် ချေ။ အေမာမ်(အ.စ) ကိုင်တိုင်က ကျွန်တော်တို့၏ အေမာမ်(အ.စ) ဖြစ်ကြောင်းကိုယ်တိုင် လက်ခံဖို့ အရေးကြီးလိုအပ် ပေသည်။

(၂)    အေမာမ်များ(အ.စ) ၏ အမိန့်များကို နားမထောင်လက် တွေ့ မ ကျင့် သုံး သေးသမျှ ကာလပတ်လုံး ရှီအဟ်စစ် ၊ ရှီအဟ်မှန်၊ မဖြစ်နိုင်ပေ။

(၃)    ဟဒီးစ်တော်များ၏ အဓိပ္ပာယ်ဆိုလိုချက်ကို အသေအချာမသိဘဲ ရမ်းမတုတ်သင့်ပေ။ ဘာသာရေးအသေအချာစိတ်ချရသည့်အစိတ်အပိုင်းအထိမသိရှိသေးဘဲ မရေး သင့်မပြော သင့်မဆိုသင့်ချေ။ အရည် အသွေး မီလာ အောင်ကြိုးပမ်းရ မည်ဖြစ်ပါ သည်။ တစ်ခါ တစ်လေ ကျွန်တော်တို့ ပတ်ဝန်းကျင် သည် (( ဖွတ်၊ မိကျောင်း ဖြစ်၊ မြစ်မချမ်း သာ )) ကိန်း ဆိုက်ခဲ့၊ဆိုက်နေလေသည်။

________________________________________

အေမာမ် (အ.စ) အတွက် သိက္ခာမြင့်ပေသူဖြစ်ပါစေ

အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)မိန့်ကြားတော်မူလေသည်။

قال الصّادق ع : یا مَعَاشِرَ الشِّيعَةِ كُونُوا لَنَا زَيْناً وَ لَا تَكُونُوا عَلَيْنَا شَيْناً قُولُوا لِلنَّاسِ حُسْناً احْفَظُوا أَلْسِنَتَكُمْ وَ كُفُّوهَا عَنِ الْفُضُولِ وَ قَبِيحِ الْقَوْلِ.
امالی شیخ صدوق ره
အို ရှီအဟ် (အေမာမ်မီယာ)အပေါင်းတို့ ကျွနု်ပ်တို့ အတွက် ဂုဏ်သိက္ခာ ကို တိုးစေသူများဖြစ်ပါစေ ဂုဏ်သိက္ခာမဲ့အောင် အမည် ပျက်အောင်ပြုသူများ မဖြစ်ပါစေနှင့် လူထုနှင့်ကောင်းမြတ် သည့်စကားများပြောဆိုပါလေ။ မိမိ၏ နှုတ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလေ။ အကျိုးမဲ့အဓိပ္ပာယ် မရှိသည့် စကား များ မှ ထိန်းသိမ်း ပါလေ။
ညွှန်း -  အမာလီရှိက်ခ်စူဒူက်(ရ.ဟ)ကျမ်း
သင်ခန်းစာများ
၁။ အဟ်လေ့ဘိုက်(သ)(အ.စ) အတွက် ဂုဏ်သိက္ခာကိုတိုးစေ သူဖြစ် ဖို့ နှင့် လျော့ စေသူ မဖြစ်စေဖို့ဆိုထားရာ ရှီအာအချင်းချင်းပြဿနာကို ပြေပြေ လည်လည် မညှိကြဘဲ ဟိုရုံးတိုင်၊ ဒီရုံးတိုင်သူများ သတိပြုသင့်ပေသည်။

၂။ ငါတို့ရပ်ကွက်ထဲက ဟို ရှီအဟ် လေကွ အရက်သမား၊ ဘိန်းစား၊ စိတ်ကြွ ဆေးရောင်းသူ၊ မကောင်းတာလူသူ၊ လူလိမ်လူညာ 420 သမား စသည်ဖြင့် အပြောမခံ ရအောင်နေရ မည်မှာ အထူး အရေးကြီး ပေသည်။
 
၃။ လူထုနှင့်စကားကောင်းကောင်းပြောရမည်ဟု ညွှန်ထားရာ လူမျိုးမရွေး ဘာသာမ ရွေးဆင်းရဲချမ်း သာမရွေးတို့နှင့် ကောင်းမွန်စွာ ဆက်ဆံရပေမည်။
၄။ နှုတ်သည် အထူးအရေးကြီးလေသည်။ နှုတ်ကြောင့် ချမ်းသာသွား သူများ ဒုက္ခရောက်သူများ ထုနှင့်ထည်ပင်တည်း စာရူသူ လူကြီး မင်းကိုယ်တိုင် အ နည်း နှင့် အများတွေ့ကြုံဖူးမည်ဖြစ်ပါသည်။

_______________________________________

 
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှီအဟ်


عن المفضل قال الصادق ع : إِنَّمَا شِيعَةُ جَعْفَرٍ مَنْ عَفَّ بَطْنُهُ وَ فَرْجُهُ وَ اشْتَدَّ جِهَادُهُ وَ عَمِلَ لِخَالِقِهِ وَ رَجَا ثَوَابَهُ وَ خَافَ عِقَابَهُ فَإِذَا رَأَيْتَ أُولَئِكَ فَأُولَئِكَ شِيعَةُ جَعْفَرٍ.
اصول کافی جلد 2 ، خصال جلد 1 باب الخمسه
မိုဖွစေလ်ထံမှရီဝါယသ်တော်လာရှိလေသည်။ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
ဧကန်မုချ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှီအဟ် ဆိုသည်မှာ - ထိုသူသာလျှင်ဖြစ်ချေသည်။ ၎င်း၏ ဝမ်းဗိုက်နှင့် အရှက်အင်္ဂါ သည်သန့်ရှင်း လေသည်။ (ဆိုလိုသည်မှာ ဤအရာနှစ်ခုစလုံး ကို ဟရမ်လုပ်ငန်းများမှ ထိန်းသိမ်းခြင်းဖြစ်ပေ သည်။ အပြင်းအထန် (မိမိစိတ်ရိုင်းစိတ်မိုက်) နှင့် ဂျေဟဒ်ပြု လေ၏။ မိမိ၏အလုပ်များကို မိမိ၏ဖန်ဆင်းရှင်မြတ် အလ္လာဟ် နှစ်မြို့မြတ်နိုးမှု အတွက်သာလျှင် ဆောင်ရွက်လေ၏။ မြတ်အလ္လာဟ်ချီးမြှင့်မည့် စဝါးဗ် ကို မျှော်လင့်ပြီး အရှင်၏ အကဗ်ကို ကြောက်ရွံ့လေ၏။ အသင်အနေဖြင့် ဤကဲ့သို့သော် သူများတွေ့ ရမည်ဆိုလျှင် (မှတ်ပါ)ထို သူများသည် အေမာမ် ဂျအ်ဖရ် ဆွာဒစ်(အ.စ)၏ ရှီအဟ် များပင်ဖြစ်ပေသည်။
ညွှန်း အူစူလေကာဖီကျမ်းအတွဲ(၂) စေဆွာကျမ်း
သင်ခန်းစာများ
(၁) သမာအာဇီဝကျကျဖြင့် မိမိဝမ်းဗိုက်ကို မဖြည့်သူများ၊ မိမိအရှက်၊ ကိုယ်လုံး ကိုယ်ပေါက်ကို ဟိုပေါ်ဒီပေါ် ၊ မော်ဒယ်ပုံစံပြုသူများ အထူးသတိပြု သင့်ပေ သည်။ မိမိကိုယ်ကို ရှီအဟ် ဟုလည်း ဆိုမည် ဤကဲ့သို့ လည်းပြုမည် ဆိုလျှင် ရှီအာစစ်၊ ရှီအာမှန်မဟုတ်ချေ။

(၂) ဂျေဟဒ်ပြုသူဖြစ်လေသည်။ သောင်းကြမ်းသူ၊ ဖျက်စီးသူ၊ လူသတ်သူကို ရှီအဟ်အမြင်၊ စစ်မှန်သည့် အစ္စလာမ့်အမြင်၌ ဂျေဟဒ်မမည်ချေ။ မိမိ၏ စိတ်ရိုင်းစိတ်ပုပ်များ ကိုတိုက်ထုတ်ခြင်း ကိုကြီးမားသည့်ဂျေဟဒ်ဟုဆိုထားလေ၏။ သို့သော်မိမိကို ကျူးကျော်လာ သူများကိုခုခံပိုင်ခွင့် ရှိလေ သည်။ မိမိဖက်မှ မစကြလေချေ။
 
(၃) မြတ်အလ္လာဟ် နှစ်မြို့  ကို ဦးစားပေးရမည်။ တခြားအတွက်မဖြစ်စေရ။

(၄) အောင်မြင်မှုနှင့်ဆုံးရှုံးမှု၊ စဝါးဗ်နှင့်အဇဗ်သည် မြတ်အလ္လာဟ် လက်ထဲ ၌သာရှိသည် ကိုအသေ အချာ မှတ်သား ထားသင့် ပေသည်။

(၅) ဤကဲ့သို့သော် ရှီအဟ် များသည် ရှိတော့ရှိတယ်ရှား၏။ နည်း၏။ ကျွန်တော် တို့အားလုံး သည်လည်း ဤစစ်မှန်သည့် ရှီအာစစ်များ စာရင်းတွင်ဝင်ပါစေဟု မြတ်အလ္လာဟ် ထံဆုချွေ လိုက်ရပါသည်။

 (၆) ဤကဲ့သို့ အရည် အသွေးများ ထွက်ပေါ်လာရန် အမြဲ  ကြိုးစားနေ သင့်ပေ သည်။


________________________________________
 
ရှီအဟ်အတု


အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။


قال الصّادق ع : كَذَبَ‏ مَنْ‏ زَعَمَ‏ أَنَّهُ مِنْ شِيعَتِنَا وَ هُوَ مُتَمَسِّكٌ بِعُرْوَةِ غَيْرِنَا.
بحارالاتوار جلد 2

အကြင် မည်သူမဆို ကျွနု်ပ်တို့  (အဟ်လေ့ဘိုက်(သ)  (အ.စ) မှ အပ အခြား သူများကိုမြဲမြံစွာ ဆုပ်ကိုင်ထားမည်။ ပြီးနောက်လည်း ရှီအဟ် ဟုထင်နေ မည်ဆိုလျှင် အမှန်တကယ်သည် လူလိမ် ၊လူညာ ၊မုသားဆို သူပင်တည်း။
ညွှန်း -  ဘေဟာ(ရ) ရွလ်အန်နဝါရ်ကျမ်း အတွဲ ၂
သင်ခန်းစာများ

(၁) အဟ်လေ့ဘိုက်(သ)(အ.စ) မည်မျှ အရေးကြီးကြောင်း သိနိုင်ပေ သည်။

(၂) အဟ်လေ့ဘိုက်(သ)(အ.စ) မှအပ အခြားသူများကိုမြဲမြံစွာ ဆုပ်ကိုင် ပြီး ရှီအာ ဟုအော်နေသူများရှိနေသည့်အတွက်ကြောင့်ပင်တည်း။ ဟဒီးစ် တော် ဤ သို့လာခြင်းဖြစ်လေသည်။

________________________________________


ရှီအဟ် များနှင့်အချစ်ထားခြင်းနှင့် အမုန်းထားခြင်း


အေဗ်နေအဘီနဂျ်ရာန်မှတဆင့်ရီဝါယသ်တော်လာရှိလေသည်။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူ လေသည်။

عن ابن أبی نجران قال سمعت ابا الحسن ع یقول : مَنْ‏ عَادَى‏ شِيعَتَنَا فَقَدْ عَادَانَا وَ مَنْ وَالاهُمْ فَقَدْ وَالانَا لِأَنَّهُمْ مِنَّا خُلِقُوا مِنْ طِينَتِنَا مَنْ أَحَبَّهُمْ فَهُوَ مِنَّا وَ مَنْ أَبْغَضَهُمْ فَلَيْسَ مِنَّا
بحارالانوار جلد 65
အကြင်မည်သူမဆို ကျွနု်ပ်တို့၏ ရှီအဟ် များနှင့်ရန်ငြိုးထားမည်ဆိုလျှင် ထိုသူသည် ကျွနု်ပ်နှင့်ရန်ငြိုးထားခြင်းမည်လေ၏။ အကြင်မည်သူမဆို ကျွနု်ပ် ၏ ရှီအဟ် များ နှင့် အချစ် မေတ္တာထား မည်ဆိုလျှင် ၎င်းအနေဖြင့်ကျွနု်ပ်တို့နှင့် အချစ်မေတ္တာထားခြင်းမည်လေ၏။ အကြောင်းမှာ ၎င်းတို့သည် ကျွနု်ပ် တို့မှဖြစ်လေ၏။ ကျွနု်ပ်တို့အား  ဖန်ဆင်းထားသည့် မြေသန့်မှ အဖန်ဆင်းခံရ သူများဖြစ်လေသည်။ မည်သူမဆို၎င်းတို့နှင့် အချစ်မေတ္တာထားလျှင်၎င်းသည် ကျွနု်ပ်တို့မှ ဖြစ်ပြီး မည်သူမဆို၎င်းတို့အား မုန်းတီးမည်ဆို လျှင်၎င်းသည် ကျွနု်ပ်တို့မှ မဟုတ်ချေ။
ညွှန်း ဘေဟာ(ရ)ရွလ်အန်နဝါရ်ကျမ်း အတွဲ၆၅

သင်ခန်းစာများ
(၁) ရှီအဟ် တွေဆိုင်မှာ မဝယ်ရဘူး၊ ရှီအာတွေနှင့်မဆက်ဆံရဘူး၊ အလုပ် မခန့်ရဘူး၊ အလုပ်မလုပ်ရဘူး။ စသည်ဖြင့် အသံကောင်းဟစ်နေသည့် မော်လဝီအတုအယောင်များ၊ ဝဟာဘီ၊စလ်ဖီ၊ အမေရိကန်၊ အစ္စရေး၊ အစွန်းရောက် ×××ထုတ်မော်လဝီများနှင့် ၎င်းတို့နောက်လိုက်များ သတိ၊ အထူးအထူးပြုသင့်ပေသည်။ အမှန်တကယ်ရှီအာကို ပြောခြင်း မမည်ပေ၊ ကိုယ်တော်မြတ် ၏အနွယ်တော်မွန်များကို ပြောနေခြင်းမည်လေ၏။
(၂) ရှီအဟ် များကို သတ်ဖြတ်နှိပ်စက်ခြင်းသည်လည်း အမှန်တကယ် အဟ်လေ့ဘိုက်(သ) (အ.စ) ကို သတ်ဖြတ်နှိပ်စက်ခြင်းမည်လေ၏။
(၃) ရှီအာအချင်းချင်းဖြစ်ပြီး ရန်ငြိုးထားနေသူများ၊ အကောက်ကြံနေသူများ၊ မနာလိုစိတ်ထားသူများလည်း ဂရုပြုစရာပင်။
(၄) ရှီအဟ် ၏အဆင့်အတန်းသည် မည်မျှမြင့်မားကြောင်း အထင်အရှားတွေ့ နိုင်ပေသည်။

________________________________________

ကောင်းမှု၏ရလဒ်

အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။


قال الصّادق ع : َ شِيعَتُنَا مَنْ‏ قَدَّمَ‏ مَا اسْتَحْسَنَ وَ أَمْسَكَ مَا اسْتَقْبَحَ وَ أَظْهَرَ الْجَمِيلَ وَ سَارَعَ بِالْأَمْرِ الْجَلِيلِ رَغْبَةً إِلَى رَحْمَةِ الْجَلِيلِ فَذَاكَ مِنَّا وَ إِلَيْنَا وَ مَعَنَا حَيْثُ مَا كُنَّا.
بحارانوار جلد 68

ကျွနု်ပ်တို့၏ ရှီအဟ်ဆိုသည်မှာ ကောင်းမှုကုသိုလ်ဟု နားလည် သဘောပေါက်ထား သည် အလုပ် ကိုသာ လုပ်ဆောင်ပြီး မကောင်းမှုဒုစရိုက် အလုပ်များ ဟုနားလည်သဘော ပေါက်ထား သည်။ အလုပ်များကို ရှောင်ကြဉ် လေ၏။ ကောင်းမှုများကို ထုတ်လုပ်နိုင်ပေသည်။ ကြီး ကျယ်မြင့်မြတ်တော် မူသော မြတ်အလ္လာဟ်ဟိုအရှင်မြတ်ရဟ်မသ်တော်ကို လိုလားတောင့်တပြီး ကြီးကျယ် မြင့်မြတ်သည့်အလုပ်များတွင် သူတစ်ပါးထက် ဦးအောင်လုပ်လေ  ၏။ ဤအတွက်ကြောင့်ဤရှီအာသည် ကျွနု်ပ်တို့မှ ဖြစ်လေသည်။ ၎င်း၏ မျက်နှာမူရာ အရပ် ဦးထိပ်ထားမှု၊ ဂရုပြုမှုသည် ကျွနု်ပ်တို့ဖက်ဖြစ်လေသည်။ မည်သည်နေရာတွင်ရှိပါစေ ကျွနု်ပ်တို့နှင့် အတူရှိလေ၏။
ညွှန်း ဘေဟာရရွလ်အန်နဝါရ်ကျမ်း ၆၈
သင်ခန်းစာများ
(၁) ကုသိုလ်တိုင်း၊ ကောင်းမှုတိုင်း၌ လက်မနှေးမှသာလျှင်မကောင်းမှု၊ ဒုစရိုက် များမှန်သမျှမှ ရှောင်ကြဉ်မှသာလျှင် ရှီအာစစ်မည်လေမည်။
 
(၂) ကောင်းသည့်နေရာမှပဲ သူတစ်ပါးထက်အရင်ဦးရမည်မှာ ရှီအာ ၏ သမိုင်း ပေးတာဝန်ပင်တည်း။ ထိုပြင် ရဟ်မသ်သေ ခိုဒါကိုလည်း မေ့ထားရ၍ မရ ချေ။ ဤအတွက်ကြောင့် ကုသိုလ်လုပ်နေသည်ဟုသိရပေမည်။
 
(၃) အဟ်လေ့ဘိုက်(သ) (အ.စ) ကိုသာလျှင် အဓိကထားပြီး ဆင်းရဲရဲ၊ ချမ်းသာသာ အေးအေးပူပူရှီအာဖြစ်နေဖို့လိုပေသည်။ ငွေအသပြာ ကြောင့် မိန်းမကြောင့်၊ ရာထူးဂုဏ်များကြောင့် ရှီအဟ်မလုပ်သူမဖြစ်စေရ။ ဤကဲ့သို့ ပြုခဲ့လျှင် မတော်တဆကံကောင်းခဲ့ လျှင်လည်း ဤဘဝ၌ခရီးတာဖြစ်ပြီး နောက် အာခေရသ်တွင် စပါယ်ရှယ်ခံရမည်ဆိုတာမမေ့သင့်ချေ။

________________________________________

 
ရှီအဟ် များ၏ လမ်းစဉ်သည်ကားမြတ်အလ္လာဟ်၏ အမိန့်နာခံခြင်းပင်တည်း


အေမမ်မိုဟမ္မဒ်ဘာကေရ်(အ.စ) မိန့်တော်မူလေသည်။

قال الباقر ع : لَا تَذْهَبْ بِكُمُ الْمَذَاهِبُ فَوَ اللَّهِ مَا شِيعَتُنَا إِلَّا مَنْ‏ أَطَاعَ‏ اللَّهَ‏ عَزَّ وَ جَلَّ.
الکافی جلد 2
 
အမြင်ပေါင်းစုံ အကီဒါ ယုံကြည်မှု အစုံကြောင့် အသင်ရှီအာ အား လမ်းလွဲ လမ်းမှား သို့ မရောက်စေနှင့်။ အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ် ကြီးကျယ်မြင့်မြတ်တော်မူသော မြတ်အလ္လာဟ်၏ အမိန့်ကိုနာခံကျင့်သုံး သူသာ လျှင် ကျွနု်ပ်တို့၏ ရှီအာဖြစ် လေသည်။
ညွှန်း အလ်ကာဖီးအတွဲ ၂
သင်ခန်းစာများ
(၁) ရှီအဟ် အစစ်ဖြစ်ဖို့ မှတ်ကျောက်အစစ်သည် အလ္လာဟ်ဟိုအသျှင်မြတ်၏ အမိန့်နာခံကျင့် သုံးခြင်းဖြစ်လေ၏။
(၂) မည်သည့် အမြင်ပြင်ဖြစ်ပါစေ၊ အကီဒါယုံကြည်မှုများပင်ဖြစ်ပါစေ အလ္လာဟ် ဟို အရှင်မြတ်၏ အမိန့်နှင့်မဆန့်ကျင်၊ မဖိဆန်ဖို့အထူး အရေးကြီးပေသည်။

(၃) မြတ်အလ္လာဟ်၏ကစမ်ကို ပြစ်မဲ့အေမာမ်အားထားခြင်းကို ကြည့်ခြင်းဖြင့် ရှီအာစစ်ရှီအာမှန်သည် မြတ်အလ္လာဟ်၏ အမိန့်တော်များကို လိုက်နာကျင့် သုံးမှသာ လျှင် ဖြစ် နိုင်ပေ သည်။ အခြားနည်းလမ်းမရှိ။

မှတ်ချက် ။ ။  အထူးဝမ်းနည်းဖွယ် ဖြစ်ရပ်မှန်တစ်ခုမြတ် အလ္လာဟ် ၏ အမိန့်ကို သိရှိနားလည်ရန် အနည်းဆုံး ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်ဖွာသေဟာမှ စူရဟ်နာစ်အထိ အဓိပ္ပာယ်နှင့် ဘာသာပြန်သိဖို့ လိုအပ်ပေသည်။ ပြီးမှ နောက်တဆင့် အကျယ်သဖ်စီးရ်။
သို့သော် မာရှာအလ္လာဟ် အီရန်နိုင်ငံတွင် မိမိတို့၏ အချိန်၊ စွမ်းအား အရပညာသင်ယူခဲ့သူများဆည်းပူးနေကြသူများယနေ့ဆိုလျှင်ကျွန်တော် ဘာသာပြန်ဆို အပါအဝင် အယောက် ၇၀ ကျော်နေပြီးဖြစ်ပေ သည်။ သို့သော် အထူး ဝမ်းနည်းလေစွ ၊ မြန်မာဘာသာပြန် စစ်မှန်သည့်အစ္စလာမ် ရှီအာ အေမာမ်မီယာ အမြင်အရပြန် ထားမှုမရှိချေ။
ယုတ်စွအဆုံး တော်တော်များများ သည် ဆောင်းပါးရေးသား ရာ၌လည်း မြန်မာဘာသာပြန် စွန္နီကုရ်အာန်ကို သာဤ သည်မရွေး၊ ကူးချ ကော်ပီလုပ်ကြလေသည်။ ဝမ်းနည်းဖွယ် ဝမ်းနည်းဖွယ် ...
ဤအတွက် မောင်လာနာတိုင်း ဇကေရဟ်တိုင်း၊ ရှီအဟ် မိုမင်အမျိုး သားအမျိုးသမီးတိုင်း၏ သမိုင်းပေးတာဝန်ဖြစ်ပေသည်။ မြန်မာဘာသာပြန် (ရှီအဟ်အမြင်အရ) ကျမ်းမြတ်ကုရ်အန် ထွက်ရှိလာဖို့ ထောင့်စုံ မှတာဝန်ယူ ဖြေရှင်းရပေမည်။ အနှောင့်အယှက်၊  အဟန့်အတား၊ ပျက်စီးမှုပြုလာသူ အပြုသဘောမဆောင်သည့် အလုပ်များထံ ပေးသူများကို ဖယ်ရှား ကျော်ဖြတ်ရပေမည်။  အင်ရှာအလ္လာဟ်
 . . . . .
အို - မြတ်အလ္လာဟ် မြန်မာရှီအဟ်များ၏  စစ်မှန်သည့် တိုးတက်ရေး၊ အကျိုးပေးရေး ကိစ္စများအတွက်  နီယသ်မကောင်းသူများ၊ ပြဿနာ မီးလည်း တောက် စေပြီး  ရှီအဟ် အသိုင်းအဝိုင်းကို လည်းလောင်းစေသည့် ကောက်ကျစ် သည့်စိတ်ပုတ် စိတ်ယုတ်၊ စိတ်ညံ့၊ မနာလိုစိတ်ရှိသူများကို ယုတ်စွာအဆုံး (ခိုဒါနာခွါစ်သာ ) ကျွနု်ပ်တို့၏ ကျေးဇူးရှင် အဖေနှင့် အမေများ ၊ ဆွေမျိုး များ အကြီးအကဲများ၊ မောင်လာနာများ၊ ဇကေရဟ်များ ... ဖြစ်နေလျှင် ပထမဆင့်အနေဖြင့် ဟေဒါယသ် (တရားလမ်းမှန်) ညွန်ပြတော်  မူပြီး၊ သောင်(ဝ်)ဗာ (ဝန်ချတောင်းပန်) နိုင်စွမ်း ပေးသနား တော်မူပါ။
 
    မပြောကောင်းမဆိုကောင်း ဤကဲ့သို့မှ မဟုတ်၊ မရလျှင်လည်း အကြောင်း အမျိုးမျိုးကို ခံပြီး မြန်မာရှီအာများ နယ်ပယ်မှ ဖယ်ရှားပေးသနားတော်မူပါ။ ၎င်းတို့အား ကာယ၊ ဉာန၊ဒါနဖြင့် ကူညီ ထောက်ပံ့သူများကိုလည်းရှင်မြတ်  အလွတ်မပေးတော်မူပါနှင့်ဟု အသနားခံ ဒိုအာ ပြုလိုက်ပါသည်။ အာမီးန် ...

________________________________________
 

ညအချိန်တွင် အေဗာဒသ်ပြုသူ၊ နေ့အချိန်တွင် ရဲရင့်ပြတ်သားသူဖြစ်ပေသည်။

အေမာမ်ဘာကေရ် (အ.စ)  အနေဖြင့် ရှီအာဂုဏ်ရည်များကို မိန့်တော်မူ လေ သည်။

قتا الباقر ع :  فی صفة الشیعة : َ إِنَّهُمْ‏ حُصُونٌ‏ حَصِينَةٌ في [وَ] صُدُورٌ أَمِينَةٌ وَ أَحْلَامٌ رَزِينَةٌ لَيْسُوا بِالْمَذَايِيعِ الْبُذُرِ وَ لَا بِالْجُفَاةِ الْمُرَاءِينَ رُهْبَانٌ بِاللَّيْلِ أُسْدٌ بِالنَّهَارِ.
مشکوة الانوار
ဤ (ရှီအဟ်) သည် ခိုင်မာတည်တံ့သည် ခံတပ်ဖြစ် လေသည်။ ၎င်းတို့၏ နှလုံးသားသည် အလွဲသုံးစားမလုပ်သည့် (နှလုံးရှင်များ) ဖြစ် လေ သည်။ (သူတစ်ပါး၏ လျှို့  ဝှက်ချက်များကို ထိန်းသိမ်းသူဖြစ်ပေသည်။ ) ၎င်း ၏ အတွေးအခေါ်သည် မှန်ကန်ပြီးဖြစ် ပေသည်။ သူများ နောက်လိုက်  သူ ၊   ပြဿနာ ရှာသူ၊ သစ္စာဖောက်၊ နှိပ်စက်သူ၊ ပြစားသူမဟုတ် ချေ။ ဤ ရှီအဟ် များသည် ညများကို အေဗာဒသ်တွင် ပျော်မွေ့ ကြပြီး ၎င်း၌ ရဲရင့်ပြတ် သားလေသည်။
ညွန်း - မစ်ရှ်ကသွလ် အန်နဝါ(ရ) ကျမ်း
သင်ခန်းစာများ
(၁) ရှီအဟ် စစ်၊ ရှီအဟ် ဖြစ်ဖို့ အရည်အသွေးလက္ခဏာများကို ဖော်ပြထား ရာ ရှီအာ စစ် ရှီအဟ် မှန်ဖြစ်လိုလျှင် မိမိကိုယ်၌ အထက်ဖော်ပြပါ အရည် အသွေးများ ထွက်လာအောင်သွေးရပေမည်။

(၂)    သူတစ်ပါး ပစ္စည်းဥစ္စာ စသည်၌ အလွဲသုံးစားလုပ်သူများ၊ အဆင် ပြေ ၊ တည် နေလျှင် ၎င်း၏ လျှို့  ဝှက်ချက်များ ကို ဝှက်ထားပြီး အဆင် မပြေ တော့ လျှင် လူအများသိအောင် မောင်းထုသူများ မိမိကိုယ်ကို ရှီအဟ် ဟု ကြေညာ နေသူများ အထူးသိပြုသင့်ပေသည်။ ၎င်းပုဂ္ဂိုလ်များ သည် ရေမရှိသည့်ချောင်းနှာခေါင်း ပေါ် ကာ အရှက်ကြီးကြီး နှင့် သေသင့်ပေသည်။

(၃)    ပြဿနာရှာသူဆို သည်မှာ မြတ်အလ္လာဟ်၊ ရစူလ်(ဆွ)၊  အဟ်လေ့ ဘိုက်(အ.စ)) ၏ အမြင်၌ ဖြစ်ဖို့ အထူးအရေးကြီး လိုပေ သည်။ ကျွန်တော်တို့၏ မြန်မာရှီအဟ် လောကရှိ တစ်ချို့  မနူးမနပ် များ၏ လုပ်ထုံး ၊ ပြောထုံး  အရ တစ်ဦးတစ်ယောက်သို့ အဖွဲ့ အစည်းတစ်ခုခု ၏ အမှား ကိုထောက်ပြမည်၊ လိမ်လည်ပြစားမှုတွေ ဖော်ထုတ်မည်၊သူတို့ ကြောင့် မိမိ တို့ ၏(အကြံအဖန်) ဈေးဆိုင်များ ပိတ်ရ မည်။ လူကြီးသူကြီးတွေ သက်ဆိုင် ရာတွေ စစ်လာ မေးလာ မည် စသည်ဖြင့် မိမိတို့၏ မကောင်းသည့် နည်းများဖြင့် အကျိုးအမြတ်ထုတ်ယူနေမှု ကို ဟန့်တားလာသူများ ဟန့် တားအောင် လုပ်သူများ ကို ပြဿနာကောင်၊ငဖွစသည် ဖြင့်အပြောခံရသူများ ကို မဆိုလိုချေ။
(၄)    မနှိပ်စက် သူဖြစ်ရမည်။ သူတစ်ပါးကို လက်နက်ဖြင့် အနိုင် ကျင့် နှိပ်စက်သူ သာလျှင် မမည်ချေ။ သူတစ်ပါး အကျိုးယုတ်အောင် သူနှင့် အလုပ်တွဲမလုပ်နှင့် သူအိမ်မသွားနှင့်သူကို မကူညီနှင့် စသည်တို့ သည်လည်း နှိပ်စက်မှုတစ်မျိုးထဲတွင်ပါမပါ သက်ဆိုင်ရာ မရ်ဂျာများကို မေးမြန်းပြီး သတိပြုသင့်ပေသည်။

(၅) ညများ၌ အေဗာဒသ်ပြုသူ၊ နေ့၌ရဲရင့်ပြတ်သားသူဟု ဆိုထားရာ ကျွန်တော်တို့ အနေဖြင့် မိမိကိုယ်ကို ရှီအာ အေမာမ် မီယာဟု ခံယူထားသည့် အတွက် ညညဆို နေရာစုံ တွင် ထိုင်ပြီးဟိုအကြောင်း ဒီအကြောင်း ဟိုလူ့အတင်း၊ ဒီလူ့အဖျင်းတုပ်သူများ၊ တရားတော်မှခွင့်မပြုထားသည့် ဗီဒီယို များကြည့် သူများမဖြစ်စေဖို့ သတိပြုသင့် ပေသည်။ နေ့လည်ဆိုလည်း ရဲရင့် ပြတ်သားရ မည်ဆိုသည့်အချက်များမှာ ဟလာလ်အလုပ်၊ သမာအာဇီ၀ အလုပ်အတွက် ထင်ထင်ရှားရှား လုပ်ရဲမှု တစ်ခုသည်လည်း မပါဝင်ဟုမဆိုနိုင် ချေ။

ကျွန်တော်မျိုးတို့အားလုံး ကို ဤ မကောင်းသည့် အချင်းအရည်ပုတ် များ မှ ကင်းအောင်နေနိုင် စွမ်းပေးသနားတော်မူပါ။  မြတ်အလ္လာဟ် ... အာမီးန်

________________________________________

သီးသန့်ရှီအာစစ်ရှီအာမှန်များက နည်းပါးခြင်းနှင့် ရှားပါးခြင်း

အေမာမ်မူစာယေကာဇင်မ် (အ.စ) အနေဖြင့် မူစာဗင်ဘက်ရ်ရေလ်ဝါစ်သွာ အားမိန့်တော်မူ လေသည်။


قال الامام الکاظم ع اموسی بن بکر الواسطی : لَوْ مَيَّزْتُ شِيعَتِي لَمْ أَجِدْهُمْ إِلَّا وَاصِفَةً وَ لَوِ امْتَحَنْتُهُمْ لَمَا وَجَدْتُهُمْ إِلَّا مُرْتَدِّينَ وَ لَوْ مَحَّصْتُهُمْ لَمَا خَلَصَ مِنَ الْأَلْفِ وَاحِدٌ وَ لَوْ غَرْبَلْتُهُمْ غَرْبَلَةً لَمْ يَبْقَ مِنْهُمْ إِلَّا مَا كَانَ لِي إِنَّهُمْ طَالَ مَا اتَّكَئُوا عَلَى الْأَرَائِكِ فَقَالُوا نَحْنُ شِيعَةُ عَلِيٍّ إِنَّمَا شِيعَةُ عَلِيٍّ مَنْ صَدَّقَ‏ قَوْلَهُ‏ فِعْلُه‏
کافی جلد 8


အကယ် ၍ ကျွနု်ပ်အနေဖြင့် မိမိ၏ရှီအဟ် များကို ကြည့်မည်ဆိုလျှင် ကျွနု်ပ်အနေဖြင့် နှုတ်ဖြင့်ပြောဆိုသူများကိုသာလျှင်တွေ့ရပေမည်။ ပြီးနောက် ၎င်း တို့ ကို စမ်းသပ် မည်ဆိုလျှင်လည်း အားလုံး မျက်နှာလွှဲသွားကြ ပေမည်။ ထိုပြင် ၎င်းတို့ကို စိစစ်တိုင်းတာမည်ဆိုလျှင် ထောင်ပေါင်းများစွာမှ တစ်ယောက်မျှ သီးသန့် အစစ်အမှန် ရှီအဟ် ထွက်လာမည်မဟုတ်ချေ။ ၎င်း နောက်၎င်းကို ရှာဖွေစိစစ် စစ်ထုတ်မည်ဆိုလျှင် ကျွနု်ပ်နှင့် ပတ်သက် ဆက်နွယ် နေသူများ မှအပ မည်သူမျှ လွတ်မြောက်မည်မဟုတ်ချေ။ ကာလာတစ်ခုကတည်းက (အချိန်ကြာမြင့်စွာ) နေရာယူအမှီ ××× ကျွနု်ပ်တို့ သည် အလီ(အ.စ)၏ရှီအာဖြစ်သည်ဟုသာလျှင် ဆိုကြလေသည်။
မုချ ဧကန်အလီ(အ.စ)  ၏ရှီအဟ် ဆို သည်မှာ၎င်း၏ စာရိတ္တ ကိုယ်ကျင့် စာရိတ္တ သည် ၎င်းတို့၏ ပြောဆိုမှုကို ထောက်ခံနေသူကို ဆိုလို သည်။
ညွှန်း ကာဖီကျမ်း အတွဲ (၈)
သင်ခန်းစာများ
၁။ အထက်ပါဟဒီးစ်တော်မှ မီးမောင်းထိုးပြနေသည်မှာ ရှီအဟ်စစ်၊ ရှီအဟ် မှန်ဖြစ် ဖို့လွယ်ကူ သည့်ကိစ္စမဟုတ်ကြောင်း အလွယ်လေးမဟုတ်ကြောင်းသိနိုင်ပေ သည်။

၂။ လောကဓံ၏ ဒဏ်မခံနိုင်သူများ၊ စမ်းသပ်မှုမခံနိုင်သူများ အစစ် ဆေးမခံနိုင်သူများသည် ရှီအာစစ်ရှီအဟ် မှန်မဖြစ်နိုင်ချေ။ ယေဘူယျအားဖြင့် မြန်မာနိုင်ငံ၌အချို့အစွန်းရောက်များ ဖက်မှဒါရှီအဟ် တွေ သူတို့နှင့်သားပေး သမီး ပေးမ လုပ်နဲ့ဈေးမဝယ်နဲ့ သူတို့ဆိုင်ကဝယ်မဲ့အစား ကာဖေရ်ဆိုင် ကဝယ် ရှီအဟ် ဆို တာကာဖေရ် အစ္စလာမ်ကို ဒုက္ခပေးတာ နာမည်ဖျက်တာ၊ သာဝကတော် များ(ရသွေ့) တွေကို ဆဲတာ၊ စသည်ဖြင့် ပြောဆို ထိုးနှက် နေမှုများကိုလည်း စမ်းသပ်နေမှုတစ်ခု ဟု သတ်မှတ်နိုင်ပေသည်။

၃။ ထောင်ပေ်င်းများ စွာမှ ရှီအဟ် တစ်ဦးတစ်ယောက်ခန့် ရှီအဟ် စစ်ရှီအဟ် မှန် ရှိဖို့မလွယ်ဟု ဟဒီးစ်တော်ကဆိုထားရာ အရည်အတွက် ထက်အရည် အ သွေး အရည် အချင်းက သာနေကြောင်း ဦးစားပေးထားကြောင်း သိနိုင် ပေသည်။ နေရာတကာ အဖွဲ့ အားကိုး၊လူဦးရေအားကိုးနေသည့် မိမိကိုယ်ကို ရှီအဟ် ဟု ဆိုနေသူများအထူးသတိပြုသင့် ပေသည်။

၄။ ရှီအဟ် စစ်ရှီအဟ် မှန်ဖြစ်ရန်အပြောနှင့်အလုပ်လက်တွေ့ ညီမျှရန် လိုအပ် ကြောင်း သိသာထင်ရှား နေလေသည်။ သူတစ်ပါးအား နမာဇ်ဖတ်ဖို့၊ ဟဂျ်သွား ဖို့ ခွမ်းစ်ထုတ်ဖို့၊ စည်းလုံးညီညွတ်ဖို့ အတင်းမတုတ်ဖို့ မာန်မာနမထားဖို့ စသည်ဖြင့် ဆိုဆုံးမနေပြီး  ကိုယ်တိုင်မပြု သူများ အထူးသတိပြုသင့်ပေသည်။

________________________________________
 
မြတ်အလ္လာဟ်၏စစ်မှန်သည့်ကျေးကျွန်

အေမာမ်အလီရေဇာ (အ.စ) မိန့်တော်မူလေ၏။

قال الامام الرضا ع : ُ شِيعَتُنَا- الَّذِينَ يُقِيمُونَ الصَّلاةَ وَ يُؤْتُونَ الزَّكاةَ وَ يَحُجُّونَ الْبَيْتَ الْحَرَامَ وَ يَصُومُونَ شَهْرَ رَمَضَانَ وَ يُوَالُونَ أَهْلَ الْبَيْتِ وَ يَبْرَءُونَ مِنْ أَعْدَائِنَا أُولَئِكَ أَهْلُ الْإِيمَانِ وَ التُّقَى وَ أَهْلُ الْوَرَعِ وَ التَّقْوَى مَنْ رَدَّ عَلَيْهِمْ فَقَدْ رَدَّ عَلَى اللَّهِ وَ مَنْ طَعَنَ عَلَيْهِمْ فَقَدْ طَعَنَ عَلَى اللَّهِ لِأَنَّهُمْ عِبَادُ اللَّهِ حَقّاً وَ أَوْلِيَاؤُهُ‏ صِدْقا
صفات الشیعه


ကျွနု်ပ်၏ရှီအဟ်ဆိုသူများမှာ ထိုပုဂ္ဂိုလ်များပင်ဖြစ်ပေသည်။ ၎င်းတို့ သည် နမာဇ်ဝတ်ပြု ဆောက်တည်ကြသည်။ ဇကားသ်ပေး ဆောင်ကြ လေ၏။ မြတ်အလ္လာဟ်၏ အိမ်တော်သို့ ဟဂျ်ပြုရန်ခရီးထွက်လေ၏။ ရမ်ဇန်လမြတ် တွင် ဥပုဒ် စောင့်ထိန်းလေသည်။ အပ်လေ့ဘိုက်(သ) (အ.စ) အားချစ်ခင်မြတ်နိုးပြီး ၎င်းတို့၏ ရန်သူများကိုမုန်းတီးရွံရှာလေ၏။ ဤပုဂ္ဂိုလ်များသည် အီမာန်ရှင်များ၊ သီလသမာဓိရှိသူများ လောကကို မတပ်မက်သူများနှင့် သူတော်စင်များဖြစ် ပေသည်။
အကြင်မည်သူမဆို ၎င်းတို့အား နိမ့်ချပြောဆိုလုပ်မည်ဆိုလျှင် ထိုသူအနေဖြင့် ထိုပုဂ္ဂိုလ်အနေဖြင့် မြတ်အလ္လာဟ် အားနိမ့်ချပြောဆို လုပ်ခြင်း မည် သွားလေ၏ ။အကြောင်းသည်ကား ဤပုဂ္ဂိုလ်များ သည် မြတ်အလ္လာဟ်၏ စစ်မှန်သော် ကျေးကျွန်များနှင့် စစ်မှန်သည့် ဝလီ(အချစ်တော်များ)ဖြစ် လေသည်။
ညွှန်း စေဟသွရှ်ရှီအာကျမ်း

သင်ခန်းစာများ
၁။ ဟဒီးသ်တော်မှ တင်ပြထားသည်မှာ ရှင်းလင်းတိကျပေသည်။
 
၂။ အဟ်လေ့ဘိက်(သ) (အ.စ) ကိုလည်းချစ်ပါသည်။ ၎င်းတို့၏ ရန်သူများ ကို လည်းဘာပါညာပါဟုလက်ခံသူများသည် ဘာမဆိုတော့ဖြစ်နိုင် ပေသည်။ သို့ သော် ရှီအဟ် စစ်ရှီအဟ် မှန်နှင့် မြတ်အလ္လာဟ်၏ကျေးကျွန် အစစ်တော့ မဖြစ်နိုင် ချေ။

၃။ ရှီအဟ် စစ်၊ ရှီအဟ် မှန်နှင့် မြတ်အလ္လာဟ်ကျေးကျွန်စစ်နှင့် ဝလီ အစစ်ဖြစ်ရန် ဟဒီးစ်တော်ပြ အရည်အသွေးဂုဏ်ပုဒ်များကို ဖော်ထုတ် ကျင့်ကြံံအားထုတ် ရပေမည်။ တစ်နည်းဆိုရလျှင် နှုတ်ဖြင့် ရှီအာပါ အလ္လာဟ်ဗန်ဒါပါဟု သုံးလေး စက္ကန့်လေးပြောလိုက်ရသော်လည်း တစ်ဘဝလုံး လက်တွေ့ သရုပ်ပြပို့လို အပ်ကြောင်း အရေးကြီးကြောင်းဆိုထားသည်ကိုမြင်ရလေသည်။

________________________________________

ဖြူစင်သန့်ရှင်းသည့်ရှီအဟ်နှလုံးသား

အေမာမ်ဆွာဒစ် (အ.စ)မိန့်တော်မူလေသည်။


قال الصّادق ع : َ إِنَّمَا شِيعَتُنَا أَصْحَابُ‏ الْأَرْبَعَةِ الْأَعْيُنِ عَيْنَانِ فِي الرَّأْسِ وَ عَيْنَانِ فِي الْقَلْبِ أَلَا وَ الْخَلَائِقُ كُلُّهُمْ كَذَلِكَ إِلَّا أَنَّ اللَّهَ عَزَّ وَ جَلَّ فَتَحَ أَبْصَارَكُمْ‏ وَ أَعْمى‏ أَبْصارَهُمْ‏.
میزان الحکمه ج 6
ကျွနု်ပ်တို့ရှီအဟ် များ၏ မျက်လုံးလေးလုံးရှိလေ၏။ နှစ်လုံးမှာ မျက်နှာ ပေါ်၌ရှိပြီး ခေါင်းပေါ်၌ရှိပြီး၊ ကျန်နှစ်လုံးမှာ နှလုံးသား၌ဖြစ်ပေသည်။ အသိ ၊သတိရှိပါလေ။ ရှိသမျှ အဖန်ဆင်းခံများသည် ဤအတိုင်းပင်ဖြစ်ပေ သည်။ သို့သော် မြတ်အလ္လာဟ်အနေဖြင့်အသင်တို့(ရှီအဟ်အေမာမ်မီယာများ) ၏ နှလုံး သား မျက်လုံးများ ကို ဖွင့်ပေးထားတော်မူပြီး ၎င်းတို့၏ နှလုံးသားရှိ မျက်လုံး များကို ပိတ်ထားတော်မူလေ၏။
ညွှန်း မီးဇာန်နိုလ်ဟေက်မဟ်ကျမ်းအတွဲ (၆)
သင်ခန်းစာများ
၁။ နှလုံးသားရှိ မျက်လုံး နှစ်လုံးဖွင့် သည်မှာ နှလုံးသားဖြူစင် သန့်ရှင်းပြီး နက် နက် ရှိုင်းရှိုင်း အသေးစိတ်မြင့်မြတ်မှုကိုလည်း ဆိုလိုထားကြောင်း မမေ့ သင့် ချေ။

(၂) မြတ်အလ္လာဟ်အနေဖြင့် နှလုံးသားရှိမျက်လုံးနှစ်လုံးအား ဖွင့်ပေးစေ လိုသည့်ဆန္ဒရှိလျှင် မိမိကိုယ်ကို ရှီအဟ်စစ်ရှီအဟ် မှန်ဖြစ်လာအောင် မြတ် အလ္လာဟ် ရစူလ်(ဆွ) နှင့် အဟ်လေ့ဘိုက်(သ)(အ.စ) တို့၏ အမြင်၌ ရှီအဟ် ဖြစ်လာဖို့ အထူးကြိုးပမ်းအားထုတ်ရပေမည်။


_______________________________________
 
ဤကဲ့သို့သော် ကျေးကျွန်များအပေါ် မြတ်အလ္လာဟ်ထံမှ ရဟ်မသ်တော်ဖြစ်ပေသည်။


အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။

قال الصّادق ع : قَالَ لِي أَبُو عَبْدِ اللَّهِ جَعْفَرُ بْنُ مُحَمَّدٍ ع يَا عَبْدَ الْأَعْلَى ...  فَأَقْرِئْهُمُ السَّلَامَ وَ رَحْمَةَ اللَّهِ  .. يَعْنِي الشِّيعَةَ  .. وَ قُلْ قَالَ لَكُمْ رَحِمَ اللَّهُ عَبْداً اسْتَجَرَّ مَوَدَّةَ النَّاسِ إِلَى نَفْسِهِ وَ إِلَيْنَا بِأَنْ يُظْهِرَ لَهُمْ مَا يَعْرِفُونَ وَ يَكُفَّ عَنْهُمْ‏ مَا يُنْكِرُونَ‏.
بحارالانوار جلد 2
အို အဗ်ဒိုလ်အအ်လာ ကျွနု်ပ်ဘက်မှ ၎င်းတို့ိုဆိုလိုသည်မှာ ရှီအဟ်များ အပေါ် စလာမ်နှင့်မြတ် အလ္လာဟ် ၏ ရဟ်မသ်တော်ပို့သပါလေ။ ပြီးနောက် ပြောကြားပါလေ။ အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မှ အသင်တို့အား မိန့်ကြား လိုက်ပါသည်။ မြတ်အလ္လာဟ်၏ရဟ်မသ်တော် ကျရောက် ပါစေ။ မည်သို့သော် ပုဂ္ဂိုလ်အပေါ်ကျရောက်မည်ဆိုလျှင် ထိုကျေးကျွန်သည် လူထု နားလည်သည့် စကားကို ပြောဆိုပြီး နားမလည်သည့်စကားများမှ ရှောင်ကြဉ်သူ ဖြစ်လေသည်။ လူထုအား မိမိဖက် (ရှီအာစစ်၊ ရှီအာမှန်) ဖြစ်ဖို့နှင့် ကျွနု်ပ်တို့ အဟ်လေ့ဘိုက်(သ) (အ.စ) ဖက်သို့ဖိတ်ခေါ်လေသည်။
ညွှန်း- ဘေဟာရွလ်အန်နဝါရ်ကျမ်းအတွဲ (၂)
သင်ခန်းစာများ
၁။ မြတ်အေမာမ်  (အ.စ) အနေဖြင့် ရဟ်မသ်တော်ရရှိရန်နည်းလမ်းကို ညွှန်ပြ တော်မူ ထားလေ သည်။

၂။ ရှီအဟ်စစ်၊ ရှီအဟ် မှန်ဖြစ်ဖို့သာ တိုက်တွန်းပြီး အဟ်လေ့ဘိုက်(သ)  (အ.စ) ဖက်သာလာဖို့ တိုက်တွန်းဖို့သာ ညွှန်းပြထားရာ မိမိကိုယ်ကို ရှီအာဟု ဆိုပြီး သူလူ ကိုယ်လူ သူဗလီ ငါ့ဗလီ သူအေမာမ်ဘာရာ ငါ့အေမာမ် ဘာရာ လုပ်နေသူများ အထူးအရှက် ရှိ ပြီး နောင်တကြီးစွာဖြင့် သောင်ဗာပြုသင့် ပေသည်။

၃။အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)၏ စလာမ်နှင့်ရဟ်မသ်တော်မြတ်အလ္လာဟ် ဖက်တော်ဖက်မှ ဆွတ်ခူးရယူလိုလျှင် ရှီအဟ် စစ်ရှီအဟ် မှန်ဖြစ်အောင် အားထုတ်ရပေမည်။
________________________________________

ရှီအဟ်များအတွက်သတင်းကောင်း


အေမာမ်အလီရေဇာ (အ.စ) မိန့်တော်မူလေသည်။


قال الامام الرضا ع : شِيعَتُنَا يَنْظُرُونَ‏ بِنُورِ اللَّهِ‏ وَ يَتَقَلَّبُونَ فِي رَحْمَةِ اللَّهِ وَ يَفُوزُونَ بِكَرَامَةِ اللَّهِ مَا مِنْ أَحَدٍ مِنْ شِيعَتِنَا يَمْرَضُ إِلَّا مَرِضْنَا لِمَرَضِهِ وَ لَا اغْتَمَّ إِلَّا اغْتَمَمْنَا لِغَمِّهِ وَ لَا يَفْرَحُ إِلَّا فَرِحْنَا لِفَرَحِهِ وَ لَا يَغِيبُ عَنَّا أَحَدٌ مِنْ شِيعَتِنَا أَيْنَ كَانَ فِي شَرْقِ الْأَرْضِ أَوْ غَرْبِهَا وَ مَنْ تَرَكَ مِنْ شِيعَتِنَا دَيْناً فَهُوَ عَلَيْنَا وَ مَنْ تَرَكَ مِنْهُمْ مَالًا فَهُوَ لِوَرَثَتِه‏
بحارالانوار جلد 65
ကျွနု်ပ်တို့၏ ရှီအဟ်သည် မြတ်အလ္လာဟ်၏ နူးရ်တော်ဖြင့် ကြည့် တော်မူ လေ သည်။ မြတ်အလ္လာဟ်၏ ရဟ်မသ်တော်တွင် နစ်မြှုပ် နေလေသည်။ မြတ်အလ္လာဟ်၏ ကျေးဇူးတော်ဖြင့် အောင်မြင်မှုကို ဆွတ်ခူး လေ သည်။ မည်သည့်ရှီအာမဆို ဖျားနာလျှင် ၎င်း၏ဖျားနာမှုကြောင့် ကျွနု်ပ်တို့ သည်လည်း ဖျားနာလေ၏။ ပြီးနောက် ဝမ်းနည်းပူဆွေးလျှင် ကျွနု်ပ်တို့ သည်လည်း ပူဆွေးဝမ်းနည်းမှုကြောင့် ပူဆွေးဝမ်းနည်းလေ ၏။
မည်သည့်ရှီအာမဆို ဝမ်းမြောက်ဝမ်းသာပီတိဖြစ်လျှင် ၎င်းတို့၏ ဝမ်းမြောက် ဝမ်းသာပီတိကြောင့် ကျွနု်ပ်တို့သည်လည်း ဝမ်းမြောက် ဝမ်းသာ ပီတိဖြစ် လေသည်။
ကျွနု်ပ်တို့ရှီအဟ်သည် မည်သည့်နေရာ၌ပင်နေနေ၊ မြေပထဝီ၏ အရှေ့အရပ်တွင်နေနေ၊ အနောက်အရပ်တွင်နေနေ ၎င်းတို့သည် ကျွနု်ပ်တို့ အတွက် အကွယ်၌မရှိချေ။ အကယ်၍ ကျွနု်ပ်တို့၏ ရှီအဟ် ဤလောက ၌ အကြွေး တင်ပြီး ကွယ်လွန်သွားလျှင် သူ၏အကြွေးသည် ကျွနု်ပ်တို့ အပေါ်ဖြစ် သွားလေ၏။ အကယ်၍ မိမိ၏ ကိုယ်ပိုင်ပစ္စည်းများထားသွားလျှင် ၎င်း၏ အမွေစားအမွေခံများ အတွက် ဖြစ်ပေ သည်။
ညွှန်း ဘေဟာရွလ်အန်နဝါရ်ကျမ်း အတွဲ (၆၅)
သင်ခန်းစာများ
၁။ မာရှာအလ္လာဟ် ၊ သင်ခန်းစာများမြင်လျှင်မြင်တတ်သလိုပြည့်နေပေသည်။

၂။ ရှီအဟ်ကို ကာဖေရ် မိုရှ်ရေက်စသည်ဖြင့် စွပ်စွဲပုတ်ခတ် နေသည့် အစွန်းရောက် များဟိုမရောက် ဒီမရောက်များအထူးသတိပြုသင့် ပေသည်။
 
၃။ ဤလောက၌ ရှီအဟ် လောက်အဆင့်အတန်းမြင့်မားသူမည်သူမျှမရှိချေ။ သို့သော် ရှီအဟ်ဖြစ်ကြောင်း မြတ်အလ္လာဟ်လက်ခံတော်မူပြီး  ရစူလ်(ဆွ) နှင့်အာလေရစူလ်(အ.စ)  ထောက်ခံဖို့သာလို အပ်ပေသည်။
၄။ အဟ်လေ့ဘိုက်(သ) (အ.စ) ၏မေတ္တာ၊ စေတနာ၊ သဒ္ဓါကိုအထင် အရှားသိနိုင်ပေသည်။ နေရာတကာ အဟ်လေ့ဘိုက်(သ)(အ.စ) အစား သာဝက သာဝက ၊ ဆွာဟာဗာ ဆွဟာဗာပြု နေသူများ ဤကဲ့သို့ ဆွာဟာဗာတစ်ပါးပါးမှ ဟောထား မိန့်ထားသည့် ဟဒီးစ်တော်အစစ်အမှန်ကို ပြနိုင်ပါသလား၊ သက်သေထူနိုင်ပါသလား၊ အဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ဟဒီးစ် စစ်ဟဒီးစ်မှန်များ ထုနှင်ထည်ပြနိုင်ပေသည်။ ဤနေရာ ၌ ကျွန်တော်တို့အနေဖြင့် သာဝကတော်များ ဆွာဟဗာတော်များကို မလေးစား၊ မရိုသေ၊ မချစ်၍ မဟုတ်ချေ။ သူနေရာနှင့်သူထားဖို့ ဆိုလိုခြင်း စေတနာမှန်သာဖြစ်ပေသည်။

________________________________________


ကေယာမသ်နေ့၌ ရှီအဟ်များ၏နေရာ

မဟာတမန်တော်မြတ်(ဆွ) မိန့်တော်မူလေ၏ ။

قال رسول الله ص : َ يَا عَلِيُّ  ...  هَذَا حَبِيبِي‏ جَبْرَئِيلُ يُخْبِرُنِي عَنِ اللَّهِ جَلَّ جَلَالُهُ أَنَّهُ قَدْ أَعْطَى مُحِبِّيكَ وَ شِيعَتَكَ سَبْعَ خِصَالٍ الرِّفْقَ عِنْدَ الْمَوْتِ وَ الْأُنْسَ عِنْدَ الْوَحْشَةِ وَ النُّورَ عِنْدَ الظُّلْمَةِ وَ الْأَمْنَ عِنْدَ الْفَزَعِ وَ الْقِسْطَ عِنْدَ الْمِيزَانِ وَ الْجَوَازَ عَلَى الصِّرَاطِ وَ دُخُولَ الْجَنَّةِ قَبْلَ سَائِرِ النَّاسِ مِنَ الْأُمَمِ بِثَمَانِينَ عَاماً.
بحارالانوار جلد 68

အိုအလီ(အ.စ)  .... သူဟာ ကျွနု်ပ်သူငယ်ချင်း မိတ်ဆွေ ဂျီဗရာအီးလ်(အ.စ)  ဖြစ်ပါ သည်။ ၎င်းအနေဖြင့် အလ္လာဟ်ဖက်တော်မှ ဤ သတင်း ကို ယူဆောင် လာချေသည်။ ထိုသတင်းသည်ကား မြတ် အလ္လာဟ် အနေဖြင့် အသင်အား အချစ်မေတ္တာထားသူများနှင့် အသင် ၏ ရှီအဟ် များ ကို ဂုဏ် ဝိသေသန(၇)မျိုးချီးမြှင့်တော်မူလေသည်။  (ဂုဏ်ဝိသေသန(၇)မျိုး မှာ)
    (၁) ကွယ်လွန်ချိန်၌ လွယ်ကူခြင်း
    (၂) ကြောက်မက်ဖွယ်အချိန်တွင် ငြိမ်းအေးမှု
    (၃) အမှိုက်အမှောင်တွင် အလင်းရောင်
    (၄) ကြောက်လန့်ချိန်တွင်လုံခြုံမှု
    (၅) အာမလ်ချိန်ခွင်တွင်မျှတမှု
    (၆) ဗူးလ်ဇာရသွ် တံတားပေါ်မှ ဖြတ်ကူးနိုင်ခြင်း
    (၇) အခြားသူများထက် အနှစ် (၈၀)အရင် ဂျန္နတ်အမတသုခဘုံတွင် စံမြန်း ရခြင်းတို့ဖြစ်ပေသည်။
ညွှန်း -  ဘေဟာ(ရ) ရွလ်အန်နဝါရ်ကျမ်း အတွဲ ၆၈
သင်ခန်းစာများ
၁။ ရှီအာဖြစ်ခြင်းနှင့်အဟ်လေ့ဘိုက်(သ)(အ.စ)ကို အချစ်မေတ္တာထားခြင်း၏ အာနိသင်များကို ကွက်ကွက်ကွင်းကွင်းမြင်နေရပေသည်။

၂။ ရှီအာဖြစ်ကြောင်း ချစ်သူမြတ်နိုးသူဖြစ်ကြောင်း လက်တွေ့ သက်သေပြဖို့ သာလိုအပ်ပေသည်။

၃။ ဂုဏ်ဝိသေသန(၇)ပါးမှ မည်မျှအရေးပါအရာရောက်ကြောင်းအနည်း ငယ် အသဉာဏ်နှင့် ဘာသာရေး အသိရှိသူ ပင် သိနိုင်မြင် နိုင်ပါသည်။

________________________________________

ကောင်ကင်းတမန်များနှင့် လက်ဆွဲနှုတ်ဆက်ခြင်း

အေမာမ်ဆွာဒစ်(အ.စ)မိန့်တော်မူလေသည်။

قال الصّادق ع : ٍ لَوْ أَنَ‏ شِيعَتَنَا اسْتَقَامُوا لَصَافَحَتْهُمُ الْمَلَائِكَةُ وَ لَأَظَلَّهُمُ الْغَمَامُ وَ لَأَشْرَقُوا نَهَاراً وَ لَأَكَلُوا مِنْ فَوْقِهِمْ وَ مِنْ تَحْتِ أَرْجُلِهِمْ‏ وَ لَمَا سَأَلُوا اللَّهَ شَيْئاً إِلَّا أَعْطَاهُم‏.
تحف العقول


အကယ်၍ ကျွနု်ပ်တို့၏ ရှီအဟ် ဇွဲလုံလဖြင့် မားမားမတ်မတ်ရပ်တည်ပြီး အလုပ်လုပ် မည်ဆိုလျှင် ကောင်ကင်းတမန်များ၎င်းတို့အား လက်ဆွဲ နှုတ် ဆက် ပေမည်။ တိမ်တိုက်များသည် ၎င်းတို့၏ ဦးခေါင်းပေါ်မှ အရိပ်ပြု ပေးလေမည်။ထို ရှီအဟ်များသည် နေ့၌ပင် ထွန်းလက်တောက်ပြောင် နေလေ၏။ မိုးကောင် ကင်း နှင့်မြေပထဝီမှ ရိုဇီစားနပ်ရိက္ခာရလေသည်။ မြတ် အလ္လာဟ် ထံတောင်း သမျှ ၎င်းတို့အား ချီးမြှင့်ပေးသနား တော်မူ လေ သည်။
ညွှန်း သိုလ်ဖိုလ်အိုကူလ်ကျမ်း
သင်ခန်းစာများ
၁။ ဇွဲလုံ့လ၊မားမားမတ်မတ်ဖြင့်ရပ်တည်ခြင်းအား ရှီအဟ် အတွက်ညွှန်ကြား ထားရာ လက် တွေ့ကျင့်သုံးရပေမည်။ ဤအတွက်ရှရီအီမည်သည့် အရာ အတွက် မဆို မိမိကိုယ်ကို ရှီအဟ် ဟု ခံယူထားလျှင် ဇွဲလုံ့လနှင့် မားမား မတ်မတ်ရှိဖို့ အရေးကြီးပေသည်။
 
၂။ ရှီအဟ်စစ်ရှီအဟ်မှန်၏အဆင့်အတန်းရာထူးကိုအသေအချာသိနိုင်ပေသည်။

၃။ရှီအဟ် ဖြစ်အောင်သာကြိုးစားလျှင်ဟလာဟ်ရိုဇီမှာမရှားတော့ချေ။ မြတ် အလ္လာဟ် အနေဖြင့်မြေပထဝီနှင့် မိုးကောင်ကင်းမှ စားနပ်ရိက္ခာ ပေးသနား တော်မူဖြစ်ပေသည်။ အခြား အဖန်ဆင်းခံများကိုလည်း ပေးသနားနေ သည် ဖြစ် ရာ  အဘယ်ကြောင့် ရှီအာကိုမပေးရမည်နည်း?

၄။     ရှီအဟ်မှန်လျှင် တောင်းဆု အနည်းနှင့်အမြန် မြတ်အလ္လာဟ် ၏ဆန္ဒအရ ပြည့်ကိုပြည့် ရပေမည်။

________________________________________


ရှီအဟ်၏ရာထူးနေရာ

အေမာမ်အလီ (အ.စ)မိန့်တော်မူလေသည်။

قال الامام علی ع : شَكَوْتُ‏ إِلَى‏ رَسُولِ‏ اللَّهِ‏ ص حَسَدَ النَّاسِ إِيَّايَ فَقَالَ يَا عَلِيُّ إِنَّ أَوَّلَ أَرْبَعَةٍ يَدْخُلُونَ الْجَنَّةَ أَنَا وَ أَنْتَ وَ الْحَسَنُ وَ الْحُسَيْنُ وَ ذُرِّيَّتُنَا خَلْفَ ظُهُورِنَا وَ أَحِبَّاؤُنَا خَلْفَ ذُرِّيَّتِنَا وَ أَشْيَاعُنَا عَنْ أَيْمَانِنَا وَ شَمَائِلِنَا.
الارشاد جلد 1
ကျွန်တော်အနေဖြင့် လူတွေဟာ အလွန်ပင် ကျွန်တော်အားမနာလို ဝန်တိုကြပါသည်ဟု တမန်တော်မြတ်ကြီး ထံတိုင်လေ၏။ မြတ်တမန်တော် မိန့်တော်မူလေ၏။အိုအလီ  (အ.စ) ဂျန္နတ်အမတသုခဘုံ၌အရင် ဆုံးစ့မြန်းရ မည့်ပုဂ္ဂိုလ်လေးဦးဖြစ်ပေသည်။ ထိုလေးဦးမှာ အသင်၊ ကျွနု်ပ် ၊ ဟစန် (အ.စ) နှင့်ဟိုစိုင်းန်(အ.စ)ဖြစ်လေ၏။ ပြီးနောက် ကျွနု်ပ်တို့၏ နောက်ဝယ် ကျွနု်ပ်၏ အနွယ်တော်မွန်များ(အ.စ) ဆွေမျိုးများဖြစ် မည်။ ၎င်းတို့၏ နောက်ဝယ် ကျွနု်ပ်တို့ ကို အချစ်မေတ္တာထားသူများဖြစ်မည်။ ကျွနု်ပ်တို့၏ ရှီအဟ် များသည် ကျွနု်ပ်တို့၏ ဘယ်ညာ၌ရှိပေမည်။
ညွှန်း-  အလ်အေရ်ရှာသ်ကျမ်း အတွဲ (၁)
သင်ခန်းစာများ
၁။ မိမိကောင်းမှုကုသိုလ်လုပ်လျှင် အများအကျိုးဆောင်လျှင် မနာလို ဝန်တိုခြင်းခံရလျှင် ဝမ်းမနည်းလေနှင့် ပြစ်မဲ့အေမာမ်အေမာမ်အလီ တော့ ဤဘေးဆိုးမှ မလွတ်ခဲ့ချေ။
 
၂။ သူတစ်ပါးအပေါ်မနာလို၊ ဝန်တိုစိတ်။ အူပုပ်စိတ်ရှိသူများသည် အေမာမ်အလီ၏ နောက်လိုက် အစစ်များဖြစ်နိုင်ပါသလော။

၃။ ကိုယ်တော်မြတ်(ဆွ)နှင့်အဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အချစ် မေတ္တာထားသည့် မိုဂစ်ဗ်များနှင့်ရှီအဟ် တို့၏ အဆင့်အတန်း၊နေရာကို သိသာ စွာ ထင်ရှားစွာ မြင်နိုင်သိနိုင်ပေသည်။ ထာဝရအနှိုင်းမဲ့အတုမရှိ တစ်ဆူ တည်းသော မြတ်အလ္လာဟ် ဤဘာသာပြန် အား ကျွန်တော့်ရင်ထဲ နှလုံး သားထဲရှိ အရာများ အားလုံး အတွက် နှစ်မြို့  သဘော  တူ လက်ခံတော်မူ ပါ စေ။ မနာလိုသူ၊ မကောင်းကြံနေသူအားလုံး၏ အန္တရာယ် အသွယ်သွယ်မှ ကာကွယ်စောင့် ရှောက်တော်မူပါ။

××××××××××××××××××××××××××××××××××××××
END / 251