အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ဗုဒ္ဓဟူးနေ့

၁၄ စက်တင်ဘာ ၂၀၂၂

၂၁:၂၈:၁၆
1305724

မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်မှုဆိုင်ရာ ဆက်စပ်အချက်အလက်များကို Facebook က ကုလကို လွှဲပြောင်း ပေးအပ်

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် စစ်ရာဇ၀တ်မှုနဲ့လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အထောက်အပံ့ဖြစ်စေမယ့် အချက်အလက်တွေကို Facebook က ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ပေးအပ်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် စစ်ရာဇ၀တ်မှုနဲ့လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အထောက်အပံ့ဖြစ်စေမယ့် အချက်အလက်တွေကို Facebook က ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ပေးအပ်လိုက်ပါတယ်။

ကုလသမဂ္ဂဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို ဖွဲ့စည်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအေပါ် ဖိနှိပ်သတ်ဖြတ်မှုကို စုံစမ်းနေတာပါ။

IIMM အဖွဲ့ အကြီးအကဲ နီကိုလက်စ် ကူမီဂျန်က ရိုဟင်ဂျာတွေရဲ့ အမှတ်သညာနဲ့ပတ်သက်ပြီး ပုံဖျက်ရေးသားမှုအတွက် ဖယ်ရှားခဲ့တဲ့ အကောင့်တွေက သန်းနဲ့ချီတဲ့ အချက်အလက်တွေကို Facebook က သူတို့အဖွဲ့ထံ ပေးအပ်ခဲ့တယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်မှုအတွက် သက်ဆိုင်သူတွေကို အရေးယူနိုင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ပြောကြားထားပါတယ်။

ကူမီဂျန်က နိုင်ငံတကာ တရားရေးဆိုင်ရာ တာ၀န်ရှိသူတွေကို ပေးအပ်ဖို့အတွက် အထောက်အထားအချက်အလက် ၆၇ စုံကို ပြင်ဆင်ထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။


****************************************************************
END / 251