အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
ကြာသပတေးနေ့

၁၅ စက်တင်ဘာ ၂၀၂၂

၁၇:၀၅:၀၈
1305852

‘အောင်ပွဲ’ ရရှိစေရမည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီး ကတိပေး

ယူကရိန်းစစ်တပ်၏ လျှပ်တပြတ် တန်ပြန်ထိုးစစ်များအတွင်း ရုရှထံမှ မကြာသေးခင်က ပြန်လည်သိမ်းပိုက်လိုက်နိုင်သည့် မဟာဗျူမြောက် အစ်ဇီယမ်မြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် “အောင်ပွဲ” ရရှိစေရမည်ဟု ဗုဒ္ဓဟူးနေ့တွင် ကတိကဝတ်ပြု ပြောကြားသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယူကရိန်းစစ်တပ်၏ လျှပ်တပြတ် တန်ပြန်ထိုးစစ်များအတွင်း ရုရှထံမှ မကြာသေးခင်က ပြန်လည်သိမ်းပိုက်လိုက်နိုင်သည့် မဟာဗျူမြောက် အစ်ဇီယမ်မြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် “အောင်ပွဲ” ရရှိစေရမည်ဟု ဗုဒ္ဓဟူးနေ့တွင် ကတိကဝတ်ပြု ပြောကြားသည်။

အရှေ့ပိုင်းနယ်မြေတခွင်မှ ရုရှတပ်များကို ယူကရိန်းက တိုက်ထုတ်ပြီး ရုရှ၏ ဒွန်ဘတ်စ်ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး ရည်ရွယ်ချက်ကို အကြီးအကျယ် စိန်ခေါ်လိုက်နိုင်သည့် ရုရှကျူးကျော်စစ် ခြောက်လကျော်အတွင်း သိသာသော အလှည့်အပြောင်း ဖြစ်ပေါ်လာချိန်၌ ဇယ်လန်စကီးက ယခု ဒေသသို့ လာရောက်လာခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အပြာနဲ့ အဝါ အလံတော်ဟာ ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်တဲ့ အစ်ဇီယမ်အရပ်မှာ လွှင့်ထူထားပြီ ဖြစ်တယ်၊ ပြီးတော့ ယူကရိန်း မြို့တွေရွာတွေတိုင်းမှာ အလံ လွှင့်ထူသွားမှာ ဖြစ်တယ်”ဟု လူမှုမီဒီယာ ထုတ်ပြန်ချက်၌ ဇယ်လန်စကီးက ပြောသည်။

“ကျွန်တော်တို့ တစ်ခုတည်းသော ဦးတည်ချက်ဆီ သွားနေတယ်၊ အောင်ပွဲဆီ ချီတက်နေတာပဲ”ဟု ၎င်းက ဆိုသည်။

အလံလွှင့်ထူသော အခမ်းအနား၌ အစိမ်းရင့်ရောင် ဝတ်ဆင်ထားပြီး အစောင့်အကြပ် ခြံရံထားသည့် ဇယ်လန်စကီးသည် စစ်သားများနှင့် selfies ဓာတ်ပုံရိုက်ပြီး ကျေးဇူးတင်ဂုဏ်ပြုသည့် ပုံရိပ်များကို ၎င်း၏ ရုံးက ထုတ်ပြန်ခဲ့သည်။

ကိယက်ဗ်ဆီ ပြန်ရောက်ချိန်၌ ကားတစ်စီးက ဇယ်လန်စကီး လိုက်ပါသည့် ယာဉ်ကို ဝင်တိုက်မှု ဖြစ်ခဲ့သော်လည်း သမ္မတက ယင်း ယာဉ်တိုက်မှုအတွင်း တော်ရုံ ထိခိုက်မှု မရှိခဲ့ကြေင်း ၎င်း၏ ပြောခွင့်ရသူက ကြာသပတေးနေ့တွင် ပြောသည်။

“ဒီ မတော်တဆမှုနဲ့ ပတ်သက်ပြီး အစစအရာရာကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု ယင်း ပြောခွင့်ရသူက ဆိုသည်။

ထို မတော်တဆမှု ဖြစ်ပြီး နာရီပိုင်း၌ ဗီဒီယိုပို့စ်တင်သည့် ညပိုင်းမိန့်ခွန်းတွင် “ခါကိဗ်ဒေသတစ်ခုလုံး လွတ်မြောက်ပါပြီ”ဟု ဇယ်လန်စကီးက ပြောသည်။

“ဒါဟာ ကျွန်တော်တို့ စစ်သားတွေရဲ့ မကြုံစဖူး စွမ်းဆောင်မှုပါပဲ၊ ယူကရိန်းဟာ တော်တော်များများက မဖြစ်နိုင်ဘူးလို့ ထင်ထားတာကို ထပ်ပြီး စွမ်းဆောင်ပြလိုက်တာပါပဲ”ဟု ၎င်းက ပြောခဲ့သည်။

****************************************************************
END / 251