အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
စနေနေ့

၂၄ စက်တင်ဘာ ၂၀၂၂

၂၀:၀၁:၁၇
1307899

ကျောက်တော်နှင့် ကျောက်ဖြူမှ စစ်ကောင်စီတပ်သား အယောက် ၄၀ လက်နက်အပြည့်အစုံဖြင့် AA ထံ အလင်းဝင်ရောက်

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နှင့် ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်ကောင်စီတပ်သား စုစုပေါင်း ၄၀ ဦး ရက္ခိုင့်တပ်တော် (AA ) ထံသို့ အလင်းဝင်ရောက်ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နှင့် ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်ကောင်စီတပ်သား စုစုပေါင်း ၄၀ ဦး ရက္ခိုင့်တပ်တော် (AA ) ထံသို့ အလင်းဝင်ရောက်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်နေ့တွင် ကျောက်တော်မြို့ရှိ စစ်ကောင်စီ တပ်ရင်းများမှ စစ်ကောင်စီတပ်သား ၃၈ ဦးခန့်သည် လက်နက်အပြည့်အစုံဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းမှပင် စစ်ကောင်စီ တပ်သား နှစ်ဦးသည် လည်းကောင်း စုစုပေါင်း ၄၀ ဦးတို့သည် AA ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ကြားရတာကတော့ လက်နက်အပြည့်အစုံနဲ့ AA ထံ အလင်းဝင်သွား တယ်လို့သိရတယ်။ စက်တင်ဘာလ ၂၂ရက်နေ့ ညနေဘက်ကပေါ့။ လက်နက် အပြည့်အစုံနဲ့ ဝင်သွားတယ်လို့ သိရတယ်။ ဘယ်တပ်ရင်းကလည်း ဆိုတာကိုတော့ ကျွန်တော်တို့လည်းသေချာမသိဘူး” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် ၊ ကျောက်ပေါက်ကျေးရွာဈေးသို့ ဈေးဝယ်လာသည့် စစ်ကောင်စီတပ်သားများ ဈေးဝယ်လာရာတွင် နှစ်ဦးမှာ AA ထံသို့ အလင်းဝင် ရောက်သွားကြောင်း ကျောက်ပေါက်ကျေးရွာဒေသခံများထံက သိရသည်။

“ သူတို့က ကျွန်တော်တို့ရွာဈေးကို ဈေးဝယ်လာရင်း နှစ်ဦးက ထွက်ပြေးပြီး AA ဆီ အလင်းဝင်သွားတယ်လိုသိရတယ်။ ဘယ်တပ်ရင်းကလည်း ဆိုတာတော့ မသိဘူး” ကျောက်ပေါက်ကျေးရွာသား တစ်ဦးက ပြောသည်။

ယမန့်နေ့ စက်တင်ဘာလ ၂၃ရက်နေ့ နံနက် ၁၀နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် ဂုံးချိန်းဈေးသို့ ဈေးဝယ်လာသည့် ကျောက်ဖြူ ခလရ (၃၄) တပ်ရင်းမှ (၃၁) နှစ်အရွယ် စစ်ကောင်စီတပ်သားတစ်ဦး ဓားဖြင့် အထိုးခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သား အယောက် ၄၀ AA ထံသို့ အလင်းဝင်ရောက်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က AA ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် စစ်ကောင်စီ တပ်သား ရာနှင့်ချီ၍ AA ထံသို့ အလင်းဝင်ရောက်လာမှုများရှိကြောင်း ဦးခိုင်သုခက ပြောကြားခဲ့သည်။


****************************************************************
END / 251