အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၉ စက်တင်ဘာ ၂၀၂၂

၂၁:၂၁:၂၃
1309161

ဖြုတ်ချခံလိုက်ရသည်ဟု သတင်းထွက်နေသည့် ရှီကျင့်ဖျင် ပြန်ပေါ်လာ

လက်အောက်ငယ်သားတွေရဲ့ ဖြုတ်ချဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ နိုင်ငံပိုင် ရုပ်သံမှာ ပြန်ပေါ်လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်အောက်ငယ်သားတွေရဲ့ ဖြုတ်ချဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ နိုင်ငံပိုင် ရုပ်သံမှာ ပြန်ပေါ်လာပါတယ်။

ဘေဂျင်းက ပြပွဲတစ်ခုကို ရှီကျင့်ဖျင်တစ်ယောက် သူ့တပည့် ၀န်ကြီးချုပ် လီကီကျန်နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ထွန်းကားမှုကို ရှီက ဒီပြပွဲမှာ ချီးကျူးခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် ဥဇဘက်ကစ္စတန်က ပြန်လာပြီးနောက်ပိုင်း ရှီကို ပထမဆုံး လူမြင်ကွင်းမှာ မြင်ရတာဖြစ်ပါတယ်။

သမ္မတသက်တမ်း ၂ ကြိမ်သာ လုပ်ရမယ်ဆိုတဲ့ အခြေခံဥပဒေက ကန့်သတ်ချက်ကို ရှီကျင့်ဖျင်က ပယ်ဖျက်ထားပါတယ်။

လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ၅ နှစ်တစ်ကြိမ် ပြုလုပ်နေကျ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကို ကျင်းပမှာဖြစ်ပြီး၊ ရှီကျင့်ဖျင်ဟာ ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ခန့်အပ်ခံရဖို့ ရှိနေပါတယ်။

ဒါဟာ သမ္မတနေရာကို ၃ ကြိမ်ဆက် ဆက်လက်ရယူသွားမယ်ဆိုတဲ့ သဘောပါ။ ရှီဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူခံထားရသူလည်း ဖြစ်ပါတယ်။

အခြေခံဥပဒေကို ပြောင်းလဲပြီး ရာသက်ပန် သမ္မတလုပ်ချင်နေတဲ့ ရှီကျင့်ဖျင်ကို လက်အောက်ငယ်သားတွေက ဖမ်းဆီးဖြုတ်ချလိုက်ပြီဆိုတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကောလဟာလတွေဟာ ရှီကျင့်ဖျင် ပြန်လည်ထွက်ပေါ်လာမှုနဲ့အတူ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။

****************************************************************
END / 251