အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၉ စက်တင်ဘာ ၂၀၂၂

၂၂:၀၄:၁၄
1309240

အီရန် နိုင်ငံသည် အစ္စလာမ်မစ်တော်လှန်ရေးကို လုပ်ချင်သလိုလုပ်လို့ရမည့် နိုင်ငံမဟုတ်သလို ၊ ဆန္ဒပြ တောင်းဆိုမှု နှင့် ဆူပူအုံကြွမှု တွင် ခြားနားချက်ရှိပါတယ် / အီရန်နိုင်ငံခြားရေး ဝန်ကြီး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွ လ္လာဟ်ဟီရန်း(န) မှ အီရန် ပြည်သူများ ၏ တောင်းဆိုချက်များ ကို မိမိတို့ အာရုံစိုက်ကြောင်း သို့သော် အဓိကရုဏ်း ကို လိုလားသူများ ဆူပူအုံံကြွ အောင် လုပ်သူများကိုတော့ ကျနော်တို့ တရားဥပဒေ အတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွ လ္လာဟ်ဟီရန်း(န) မှ American National Radio NPR နှင့်တွေ့ဆုံ မေးမြန်းခန်းတွင်  အီရန် နိုင်ငံသည်  အစ္စလာမ်မစ်တော်လှန်ရေးကို လုပ်ချင်သလိုလုပ်လို့ရမည့် နိုင်ငံမဟုတ်သလိုအီရန် ပြည်သူလူထုသည် ဆန္ဒပြ တောင်းဆိုမှု နှင့် ဆူပူအုံကြွမှု တွင် ခြားနားချက် ရှိကြောင်း နားလည် ကြ ကြောင်း ၊ ကျနော်တို့ အနေဖြင့် အီရန် ပြည်သူလူထု ၏ တောင်းခံချက်များကို ဂရုပြုအလေးထားကြောင်း သို့ သော် တစ်ဦး တစ်ယောက် အနေဖြင့် ဆူပူအုံုံံကြွမှုကို ပြုလုပ်မည်၊ နိုင်ငံခြား ၏ အုပ်ထိန်းမှု အောက်တွင် ရှိမည်ဆိုလျင်တော့ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးမှ ဆက်လက်ပြီး အကယ်၍ ကုလသမဂ္ဂ အနေဖြင့် အီရန် ပြည်သူ လူထု အတွက် စိတ်ပူတယ်ဆိုလျင် ထောင်ပေါင်းများစွာ သောအီရန်ကလေးငယ်များ ဆေးဝါး ပိတ်ဆို့ခြင်း ကြောင့် သေဆုံးခဲ့ရကြောင်း အမေရိကန် မှ ကလေးများ အတွက် ဆေး အား အီရန်ကို ပေးရန် ငြင်းဆိုခဲ့ကြောင်း ကိုရိုနာကာလတွင် အီရန်သို့ ကာကွယ် ဆေး တစ်ချောင်း ပို့ပေးဖို့ဆန္ဒမရှိခဲ့ကြောင်း အီရန်အပေါ် ဖိအားပေးပိတ်ဆို့များသာ ပြုခဲ့ကြောင်းများကိုလည်း ထောက်ရှူ ဖို့ ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွ လ္လာဟ်ဟီရန်း(န) မှဆက်လက်ပြီး အမေရိကန် အထက်အရာရှိများ အား ကျနော် အနေဖြင့် အကြံပေး လိုတာကတော့ ကျနော်တို့ လက်ရှိအခြေအနေမှာ နိုင်ငံကြီး ၅ နိုင်ငံ အပါ အမေရိကန် နှင့် စေ့စပ် ညှိ နှိုင်း ဆွေးနွေး မှုတွေပြုနေကြောင်း အီရန် အစ္စလာမ်မစ် အစိုးရ ဘက် မှ (အမှန်တရား အတွက်) ပြောင်းလဲမည် မဟုတ် ကြောင်း ပြီးနောက် အီရန်ပြည်သူ လူထု ၏ခံစားချက် ကို ပိတ်ဆို့ နည်း၊ ပြည်တွင်းအဓိကရုဏ်းဖြစ်အောင် ဖန်တီးပေးနည်းဖြင့် ကစားလို့ရမည် မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။
****************************************************************
END / 251