အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၁ အောက်တိုဘာ ၂၀၂၂

၁၈:၃၀:၃၃
1309505

စစ်ကောင်စီစွပ်စွဲချက် နာမည်ဖျက်ရန် လုပ်ကြံမှုသက်သက်ဖြစ်ဟု KNPP တုံ့ပြန်

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို စစ်ကောင်စီထုတ်ပြန်ချက်ဟာ သံသယဖြစ်စရာတွေပါနေပြီး နာမည်ဖျက်ဖို့ လုပ်ကြံတာသက်သက်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို စစ်ကောင်စီထုတ်ပြန်ချက်ဟာ သံသယဖြစ်စရာတွေပါနေပြီး နာမည်ဖျက်ဖို့ လုပ်ကြံတာသက်သက်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်က လွိုင်ကော်လေဆိပ်နားမှာ MNA လေယာဉ်တစီးပစ်ခတ်ခံရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ဒါဟာ စစ်ရေးနဲ့ မဆိုင်တဲ့ ပစ်မှတ်တွေကို KNPP နဲ့ PDF တို့က ပစ်ခတ်တာလို့ စွပ်စွဲထားတာပါ။

ဒီဖြစ်စဉ်ကို KNPP က လေ့လာစုံစမ်းခဲ့ပြီး စစ်ကောင်စီထုတ်ပြန်ချက်အရ အမြင့်ပေ ၃၅၀၀ က ပျံသန်းနေတဲ့ လေယာဉ်ကို မြေပြင်ကနေ လက်နက်ငယ်နဲ့ ပစ်ခတ်တယ်ဆိုတာဟာ လက်နက်ငယ်ရဲ့ပစ်အားအရှိန်နဲ့ ကျည်ဆန်ပြေးလမ်းတို့အရ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ပြီးတော့ စစ်ကောင်စီဟာ လွိုင်ကော်မြို့လယ်၊ မြို့အဝင်အထွက်တွေနဲ့ လေဆိပ်တဝိုက်မှာ လုံခြုံရေးထူထူထပ်ထပ်ချထားတာကြောင့် သူတို့ထုတ်ပြန်ထားသလို လေယာဉ်ပြေးလမ်းနဲ့ ၄ မိုင်အကွာကို ဝင်ရောက်လှုပ်ရှားဖို့လည်း မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ထိခိုက်ဒဏ်ရာရသူဟာ စစ်ကောင်စီတပ်က တပ်ကြပ်ကြီးစာရေး သိန်းစိုးညွန့်ဆိုသူဖြစ်နေတာ၊ လေယာဉ်ကိုထိမှန်ထားတဲ့ ပုံတွေအရ ကိုယ်ထည်အပြင်ဘက်ကို သတ္တုစတွေလန်နေတာ၊ ကျည်ရာက အပြင်ကိုဖွာပြီး အဝကျယ်နေတာတွေကြောင့် အပြင်က ပစ်ခတ်တာမဖြစ်နိုင်ဘူးလို့လည်း KNPP က ထောက်ပြထားပါတယ်။

ဒါ့အပြင် KNPP အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး နှစ် ၇၀ ကျော်ကြာ ခုခံတော်လှန်ရေးကို ဆင်နွှဲခဲ့ပြီး အခုအခါ အာဏာရှင်စနစ်ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့် အကြမ်းဖက်လုပ်ရပ်တွေအတွက် မူဝါဒမရှိသလို လမ်းညွှန်ထားတာလည်းမရှိဘူးလို့ဆိုပါတယ်။

ဒါတွေကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ သံသယဖြစ်စရာတွေပါနေပြီး အဖွဲ့အစည်းတွေကို နာမည်ဖျက်ဖို့လုပ်ကြံတာသက်သက်ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။


****************************************************************
END / 251