အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
စနေနေ့

၁ အောက်တိုဘာ ၂၀၂၂

၁၉:၃၄:၅၁
1309581

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားသည့်အမှု အယူခံ ခရိုင်ရုံးက ပယ်ချခဲ့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပေါ် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည့် ပုဒ်မ ၁၃၀(က)အမှုအယူခံမှာ ခရိုင်အဆင့်တွင် ပယ်ချခံခဲ့ရသည့်အတွက် တိုင်းအဆင့်ကို ထပ်တက်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပေါ် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည့် ပုဒ်မ ၁၃၀(က)အမှုအယူခံမှာ ခရိုင်အဆင့်တွင် ပယ်ချခံခဲ့ရသည့်အတွက် တိုင်းအဆင့်ကို ထပ်တက်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။

“နှစ်ခုစလုံးကို ချက်ချင်းပဲ ပယ်လိုက်တယ်၊ ချက်ချင်း ခရိုင်ရုံးကို အယူခံတက်တယ်၊ ပယ်တယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၂ရက်နေ့က ဝန်ကြီး ဦးမင်းသူအတွက် အယူခံတက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အတွက် အယူခံတက်ရာ ပျဉ်းမနားခရိုင်တရားရုံးက ပယ်ချလိုက်သည့်အတွက် လာမည့် နှစ်ပတ်​အတွင်း မန္တလေးတိုင်းတရားလွှတ်တော်သို့ အယူခံ ဆက်တက်ရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စွပ်စွဲခံရသူ သုံးဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာလွှမ်းမိုးသည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က တစ်ဦးလျှင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် စက်တင်ဘာလ ၂ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်​နေ့က နိုင်​ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ငါးဦးကို မြန်မာနိုင်ငံ လျှို့ဝှက်ဥပ​ဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ​ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချမှတ်ခဲ့သည့် အမှုကိုလည်း မန္တ​လေးတိုင်း​ဒေသကြီး တရားလွှတ်​တော်သို့ အယူခံဆက်တက်ရန်ရှိ​ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အမှုတွင်ပါဝင်သည့် မစ္စတာ​ရှောင်တာနယ်လ်နှင့် ဝန်ကြီးသုံးဦး ကို စက်တင်ဘာ ၃၀ရက်​နေ့က ရမည်းသင်းအကျဥ်း​ထောင်သို့​ ပြောင်း​ရွှေ့ခဲ့ပြီး ထိုသို့​ပြောင်း​ရွှေ့ရာ၌ COVID - 19ရှိ၊ မရှိ စစ်​ဆေးခဲ့ရာ မစ္စတာ​ရှောင်တာနယ်လ်နှင့် ဒုတိယဝန်ကြီး ဦးဆက်​အောင်တွင် COVID-19 ​ရောဂါပိုး ​တွေ့ရှိခဲ့​ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အ​နေဖြင့် လက်ရှိတွင်အမှုပေါင်း ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပြီး အဂတိဖြင့် စွပ်စွဲထားသည့်အမှု ခုနစ်မှုကို နေပြည်​တော်အချုပ်​ထောင်အတွင်းမှ​နေ၍ ဆက်လက် တရားရင်ဆိုင်ရဦးမည် ဖြစ်သည်။

****************************************************************
END / 251