အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၄ အောက်တိုဘာ ၂၀၂၂

၁၉:၄၂:၄၂
1310472

မြောက်ကိုရီးယား ၏ ဒုံးကျည် စမ်းသပ်မှု အပေါ် အမေရိကန် စိုးရိမ်

မြောက်ကိုရီးယား ၏ ဒုံးကျည် စမ်းသပ်မှု အပေါ် ကမ္ဘာ့ ပါလေရာ လူကောင်း အယောင်ဆောင် လူဆိုးကြီး အမေရိကန် မှ စိုးရိမ်ပြီး ရှုတ်ချ ကန့်ကွက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စဟဲရ်တီဗီ ၏ သတင်း အထာက်အထားများ အရ ကမ္ဘာ့ ပါလေရာ လူကောင်း အယောင်ဆောင် လူဆိုးကြီး အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေး ဆိုခွင့် ရှိသူ Adrienne Watson ၏  အိမ်ဖြူတော် ဝက်ဘ်ဆိုက်ဒ် တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် မြောက်ကိုရီးယား ၏ မကြာသေး မီ က ပြုလုပ်သည့် ဒုံးကျည် စမ်းသပ်မှု     သည် အလွန် အန္တရာယ် များသည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။

မတည် မငြိမ်မှုကို ဖြစ်စေသည့် လှုပ်ရှား မှု အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ဆုံး ဖြတ်ချက် များ နှင့် နိုင်ငံတကာ လုံခြုံရေး စံနှုန်း များ မြောက်ကိုရီးယား မှ လျစ်လျူရှု ပြီးလုပ်နေကြောင်း Adrienne Watson မှ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ၏ ဒုံးကျည် စမ်းသပ်မှု သည် ဒေသ အတွင်း တပ်စွဲထားသည့် အမေရိကန် တပ်ဖွဲ့ အား ခြိမ်းခြောက်မှု ကို မဖြစ်စေပါဟု အမေရိကန် စစ်ဌာ နချုပ်မှ ထုတ်ပြန် ချက် ထုတ်ပြီးမှ    Adrienne Watson ၏ပြောကြားချက် ထွက်ပေါ် လာခြင်း ဖြစ်ပါတယ်။
   
မြောက်ကိုရီးယား မှ ဂျပန် ပယ်လယ် တဝက် အထိရောက်အောင် ပစ်နိုင်သည့် တာလတ်ပစ်ပဲ့ဒုံးကျည် စမ်းသပ်မှု ကို ပြုခဲ့ခြင်း ဖြစ်ပါ တယ်။    စမ်းသပ်သည် ဒုံးကျည် များသည် ဂျပန် လေပိုင်နက်ကို ဖြတ်ကျော်ပြီး ပစိဖိတ် သမုဒ္ဒရာ အတွင်း ရှိ ဂျပန် စီး ပွားရေး သီးသန့် ဇုန်ကို ဆင်းသက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။    
                                          
မြောက်ကိုရီးယား ဒုံးကျည် သည် အမြင့်ပေ ၁၀၀၀ကီလိုမီတာ တွင်ပျံသန်းခဲ့ပြီး ကီလိုမီတာ ၄၆၀၀ခန့် ခရီး သွားနိုင်ကြောင်း ဂျပန် အရာရှိ တစ်ဦး မှ ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251