အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၁ အောက်တိုဘာ ၂၀၂၂

၂၂:၂၄:၁၁
1312813

အရ်ဗအီးန် ဇေယာရသ်ပြုသူများ အတွက် ဆွေးနွေးတိုင်ပင်မှုပေါင်း ၁၂၀၀၀ ကျော် အခမဲ့ ပြုပေးခဲ့

ဤနှစ် အရ်ဗအီးန် ဇေယာရသ် ပြုသူများ အတွက် လိုအပ်သည့် ဆွေးနွေး တိုင်ပင်ပေါင်း ၁၂၀၀၀ ကျော် အား အခမဲ့ ပြုပေးခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့ နှံ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ဇေယာရသ် အရ်ဗအီးန် အား အမြောက်အများ လာရောက်လာကြပါတယ်။ ဆွေးနွေးတိုင်ပင်မှု တဲများ ကို ဟောင်ဇေအေလ်မီယေ ကွမ်း ၏ မောင်လာနာ များ အသစ်တဖန် ကြိုးပမ်းမှုဖြင့် ပြုလုပ် ခဲ့ပါတယ်။


((ဟမ်ကဒမ် သာ အာစမန်)) ဆိုသည့်အမည် ဖြင့်  ဆွေးနွေးတိုင်ပင်မှု ဆိုသည့် ပရောဂျက် အား ကိုရိုနာ ရောဂါမတိုင်မီ ၂ နှစ်အလျင် က ပြုခဲ့ပါတယ်။ ယခုနှစ်တွင် လည်း ((ဟမ်ကဒမ် သာ အာစမန် ၃ )) ဆိုသည့်အမည် ဖြင့်    တတိယ နှစ် အဖြစ် ဆောက်ရွက်နေပါတယ်။


((ဟမ်ကဒမ် သာ အာစမန် ၃ ))  ပရောဂျက်  ၏ ဒါရိုက်တာ H.I  ဒေါက်တာ ရေဇာ မဲဟ်ကာမ်  မှ ဤနှစ်အတွက် ဆွေးနွေးတိုင်ပင်မှုကို ပြုလုပ်ပေးမည့် ညီအစ်ကို  မောင်နှမ ၁၂၅ ယောက် အီရတ် နိုင်ငံ သို့ ခရီးထွက် ခဲ့ကြကြောင်း အခမဲ့ ပြုပေးကြောင်း  ၁၂၅ ဦးမှာ တဲပေါင်း ၁၈ တဲ ၊  အခန်းပေါင်း ၂၅ခန်း ဖြင့် အကျိုး ပြု ပေးခဲ့ ကြောင်း ေ အီရတ်နိုင်ငွ လေးနေရာတွင် ရှိခဲ့ကြောင်း နိုင်ငံတကာ မှ လာရောက်သူ  အရ်ဗအီးန် ဇေယာရသ် ပြုသူများ လာရောက် ဆွေးနွေး တိုင်ပင်ခဲ့ ခဲ့ကြကြောင်း  ပြောကြားခဲ့ပါတယ်။

အီရတ်ရှိ လေးနေရာ  မှာ နဂျဖ်ဖေအရှ်ရဖ် မြို့ ၊ စာမရာ မြို့  နဂျဖ် မြို့ နှင့် ကရ်ဗလာ ခရီးစဉ် တစ်လျောက် ၊ ကရ်ဗလာ မြို့ ဖြစ်ပါတယ်။


H.I  ဒေါက်တာ ရေဇာ မဲဟ်ကာမ်  မှ ဤ ပရောဂျက်တွင် တာဝန် ထမ်းဆောင်နေသူများ သည်  အစ္စလာမ်မ့ စိတ်ပညာ ကျွမ်းကျင်သူများ နှင့် အနည်းဆုံး  တက္ကသိုလ် နှင့် ဟောင်ဇာ များ တွင်  မဟာဘွဲ့ ရထားသူများ ဖြစ်ပြီး  ဟောင်ဇာ မှ ၁၈ ဦးမှာ ပါရဂူ ဘွဲ့ ရထားသူများ ဖြစ်ကြောင်း  တက္ကသိုလ်  မှ ၆ ဦးသည် ပါမောက္ခ များ ဖြစ်ကြကြောင်း  ၂ပတ်အတွင်း ဆွေးနွေးတိုင်ပင်မှုပေါင်း ၁၂၀၀၀ ကျော် အခမဲ့ ပြုပေးခဲ့   ကြောင်း  နိုင်ငံတကာ မှ အရ်ဗအီးန် ဇေယာရသ် လာရောက်သူမှာ  ၂၁သန်းကျော် ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251